Tuesday, November 4, 2014

အိုဘားမားလာရောက်ချိန်နှင့်အပြိုင် အရပ်ဘက်အဖွဲ့အစည်းအသီးသီးမှ ဆန္ဒထုတ်ဖော်မည်



မြန်မာနိုင်ငံသို့ အမေရိကန်သမ္မတ အိုဘားမား လာရောက်ချိန်တွင် နိုင်ငံ ပြုပြင်ပြောင်းလဲရေးတွင် နိုင်ငံတကာမှ ပိုမိုပူးပေါင်းပါဝင်လာစေရန် အရပ် ဘက်အဖွဲ့အစည်း အသီးသီးမှ ဆန္ဒထုတ် ဖော်သွားမည်ဖြစ်ကြောင်း ယင်းအဖွဲ့ များမှ သိရသည်။”မြန်မာနိုင်ငံ ဒီမိုကရေစီ ပြောင်း လဲမှုမှာ နိုင်ငံတကာက ပိုမိုပါဝင်လာ ပြီးတော့ လက်ရှိ ပကတိမြန်မာ့နိုင်ငံရေး အကျပ်အတည်းကို သိရှိနိုင်ပြီးတော့ ပိုမိုပူးပေါင်း ပါဝင် လာနိုင်အောင်လို့ပါ” ဟု ပြည်သူ့လှုပ်ရှားမှု မြှင့်တင်ရေးကွန် ရက်မှ ကိုမြတ်ကျော်ကပြောသည်။

အဆိုပါ ဆန္ဒထုတ်ဖော်ပွဲအတွက် ကမာရွတ်ရဲစခန်းတွင် ခွင့်ပြုမိန့်တောင်း ခံထားပြီး အိုဘားမားလာရောက်မည့် နိုဝင်ဘာ ၁၂ရက်နေ့တွင် ဆန္ဒထုတ်ဖော် သွားမည်ဖြစ် ကာ ၄၃၆ ချက်ချင်းပြင်၊ ပုဒ်မ ၅၉(စ) ချက်ချင်းဖျက်၊ ပုဒ်မ ၆(စ) ချက်ချင်းဖျက်၊ လွှတ်တော်တွင် ပြဋ္ဌာန်း မည့် PR စနစ်ချက်ချင်းရပ်၊ ပြည်သူ့ လက်မှတ် ၅သန်း အရေးထားေ ဆာင်ရွက်ပေး စသည့် အချက်များပါဝင်မည် ဖြစ်ကြောင်း ကိုမြတ်ကျော်ကပြောသည်။

”အဖွဲ့အစည်းပေါင်း ၂ဝ ကျော် လောက်ပါမယ်။ မြို့နယ်အသီးသီးက တက်ကြွလှုပ်ရှားသူတွေပါမယ်။ ကမာ ရွတ်ရဲစခန်းမှာ ခွင့်ပြုမိန့်မကျရင် တိုင်း ဒေသကြီးကိုတင်မယ်။ အဲ့ဒါမှမကျရင် လည်း ဆန္ဒထုတ်ဖော်သွားမှာပါ” ဟု ၄င်းကပြောသည်။

ဆန္ဒထုတ်ဖော်ပွဲကို နိုဝင်ဘာ ၁၂ ရက် မွန်းလွဲ ၃နာရီတွင် လှည်းတန်း ခုံးကျော်တံတားအောက်မှ စတင်ကာ တက္ကသိုလ်ရိပ်သာလမ်းအတိုင်း အမေရိ ကန်သံရုံးရှေ့အထိ လမ်းလျှောက်ထုတ် ဖော်သွားမည်ဖြစ်ပြီးကြောင်း သိရသည်။

ယင်းဆန္ဒထုတ်ဖော်ပွဲအပြင် နိုဝင် ဘာ ၈ ရက်တွင် စိန်ပေါလ်မှတ်တိုင် အနီးတွင်လည်း PR ကန့်ကွက်ဆန္ဒထုတ် ဖော်ပွဲ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ အိုဘား မားသည် ၂ဝ၁၂ နိုဝင်ဘာ လအတွင်းက မြန်မာနိုင်ငံ သို့ပထမဆုံးအကြိမ်လာရောက်ခဲ့ဖူးပြီး နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ အမျိုး သားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံ ခဲ့သည်။ ယခုအကြိမ်သည် ဒုတိယ အကြိမ်ဖြစ်ပြီး နေပြည်တော်၌ ပြုလုပ် မည့် အာဆီယံထိပ်သီးအစည်းအဝေး တက်ရန် လာရောက်ခြင်း ဖြစ်သည်။

ရန်နိုင်

Popular Myanmar News Journal

0 comments:

Post a Comment