Monday, November 3, 2014

Myanmar Girls အနေနဲ့ အနုပညာအလုပ်တွေ ဆက်လုပ်မယ့် ထိုက်ထိုက်



ထိုက်ထိုက်၊ ချာချာ၊ ဝေ နှင်း၊ Mai Kimmy တို့ သူငယ် ချင်းလေး ယောက်က ယခင် Me & Ma Girls အဖွဲ့ကနေMyanmar Girls အဖြစ် အသစ်ပြန်လည်ဖွဲ့စည်းလိုက် ပြီး ဂီတ လမ်းကြောင်းပေါ် ဆက်လက် လျှောက်လှမ်းသွားမှာဖြစ်ကြောင်းMyanmar Girlsအဖွဲ့ဝင်ထိုက်ထိုက်ထံမှ သိရှိရပါတယ်။Myanmar Girls အဖြစ် ပြောင်းလဲ အမည်ပေးခြင်းအပေါ် ထိုက်ထိုက်က “ထိုက်တို့ အရင်တုန်းကMe & Ma Girls မှာ ရှိခဲ့တာကတော့ ၅ယောက်ပေါ့။ အခုကတော့ ၄ယောက်ပဲပြန်ဖြစ် သွားတာပေါ့။ Me & Ma Girls ဆိုတဲ့ နာမည်ကလည်း ထိုက် ထိုက်တို့ သုံးလို့မရတော့ဘူး။ အဲဒီတော့ Myanmar Girls ဆိုတဲ့နာမည်ကို ပေးလိုက်တာပါ။ ဒီလူတွေပါပဲ” လို့ ရှင်းပြပါတယ်။‘မင်္ဂလာပါ’ တေးစီးရီထွက်ရှိခဲ့ ပေမယ့် အကြောင်း ကြောင်း ကြောင့် မဖြန့်ချိဖြစ်ခဲ့တဲ့Me & Ma Girls အဖွဲ့က နေMyanmar Girls အဖြစ် ဂီတအလုပ်တွေ ဆက်လုပ် ကိုင်ကြ တော့မယ့် အပေါ် ထိုက်ထိုက်ကို ဘယ်လို ဆက် လက်ချီတက် ကြမလဲလို့ မေးမြန်းကြည့် ခဲ့ ရာ..

“ထိုက် ထိုက်တို့ Myanmar Girls အ နေနဲ့ ဆက် လုပ်ဖို့ရှိပါ တယ်။ အခွေ လည်း မကြာခင် မှာ ပရိသတ်ဆီ အရောက်လာပါ မယ်။ ထိုက်တို့က လေအဖွဲ့အနေနဲ့ စကတည်းက ပြဿ နာပေါင်းစုံပဲ။Me & Ma Girls အနေနဲ့ လည်းအခွေထွက်ပြီး သွားပြီ။အကြောင်း ကြောင်းကြောင့် ဒီအခွေ က ဖြန့်ချိရေးမှာ ပြဿနာ တစ်ခုရှိခဲ့တဲ့အတွက် မဖြန့် ခဲ့ရဘူး။အဲဒီအတွက်ပရိ သတ်က သိသင့်သလောက် မသိခဲ့ရဘူး။အဲဒီ လိုမျိုးဖြစ် ခဲ့တယ်။ အခုလိုMyanmar Girls အနေနဲ့ ပြန်ဖွဲ့တဲ့ အခါမှာ အခက်အခဲတွေဘာမှ
မရှိပါစေနဲ့လို့တော့ ဆုတောင်း ပါတယ်။ထိုက်ထိုက်တို့လည်း လဲကျသမျှတော့ ပြန်ထတာပဲ။ ကိုယ့်အဖွဲ့ကိုလည်း တအားချစ် တယ်။နောက်ပြီးတော့ အရှုံးလည်း မပေးချင် တဲ့အတွက် ကြောင့်မို့လို ထိုက်ထိုက်တို့ မရှိရှိတဲ့ အားနဲ့ ပြန်ထတာ” လို့ ထိုက်ထိုက်က ဖြေကြားခဲ့ပါတယ်။Myanmar Girls အဖွဲ့အနေနဲ့ အောက်တိုဘာ ၂၄ ရက်နေ့ က ကမ္ဘာအေးဘုရား လမ်း၊ ဖူဆန်ဘုရား ကျောင်းမှာကျင်းပတဲ့ Girls Band Play-off ပွဲမှာ အားပါးတရ ဖျော်ဖြေခဲ့ပါ သေးတယ်။

မျိုးမောင်

Popular Journal

0 comments:

Post a Comment