Sunday, February 8, 2015

ကျန်းမာရေးကောင်းလာလို့ အနုပညာလှုပ်ရှားမှုတွေ ပြန်လုပ်နေတဲ့ ဆိုတေး


ကားမတော်တဆမှု ကြောင့် အချိန်အတန်ကြာ ဆေး ကုသမှုခံယူခဲ့ရပြီးနောက် ကျန်း မာရေးအခြေအနေကောင်းမွန် လာသဖြင့် အနုပညာလှုပ်ရှားမှု များ ပြန်လည်ပြုလုပ်နေပြီဟု ဆိုတေးက ပြောသည်။‘‘နယ်မှာ သီချင်းတွေဆိုဖြစ် တယ်။ နောက်ပြီး ‘မင်္ဂလာပါ ဆိုတေး’ တေးစီးရီးအတွက် ဗီစီဒီ ရိုက်ဖြစ်ပါတယ်။ ကျန်းမာရေးက တော့ တော်တော်ကောင်းနေပါ ပြီ။ ဒါပေမဲ့ ဒူးခေါင်းက ဒဏ်ရာ က နည်းနည်းလိုသေးတယ်။ ထိုင် ရာကထရင် ချက်ချင်းမထနိုင်ဘူး’’ ဟု ဆိုတေးက ပြောသည်။

ဒူးဒဏ်ရာပျောက်ကင်းရန် အချိန် ထပ်ယူရဦးမည်ဖြစ်ပြီး မင်္ဂလာပါဆိုတေး အခွေတွင်မူ ကိုယ်တိုင်ပါဝင်သရုပ်ဆောင်ရန် အစီအစဉ်ရှိသည်ဟု ဆိုသည်။

နယ်ဖျော်ဖြေရေးအများစု ကို ဖိုးချစ်ဇာတ်အဖွဲ့နှင့်သွားဖြစ် ပြီး လတ်တလောအနုပညာလှုပ် ရှားမှုအနေဖြင့် မန္တလေးဘက်သို့ ဖျော်ဖြေရေးခရီးသွားရောက်ရန် အစီအစဉ်ရှိသကဲ့သို့ ဖေဖော်ဝါရီ ၁၂ ရက်တွင်ထွက်ရှိမည့် ဝိုင်းစု ခိုင်သိန်း၏ ခါချနေရတယ် တေး စီးရီး၌ စုံတွဲသီချင်းတစ်ပုဒ်ပါဝင် သီဆိုထားကြောင်း ဆိုတေးက ပြောသည်။

‘‘တတိယအခွေအတွက် သီချင်းတွေစရေးနေပါပြီ။ အခုအချိန်မှာရေးဖြစ်တဲ့ သီချင်းအများစုက အလွမ်းအဆွေးတွေ များတယ်။ သီချင်းရေးပြီးတိုင်း မမှတ်မိလို့ အသံသွင်းထားရတယ်’’ဟု ဆို တေးက ပြောသည်

7Day Daily

0 comments:

Post a Comment