‘ဒဏ်ရာနှလုံးသား’ဟု အမည်ပေးထားသော ဒုတိယတစ် ကိုယ်တော်အခွေကို မတ်လအတွင်းထွက်နိုင်ရန် ကြိုးစားနေကြောင်းလိမ္မော်သီးကပြောသည်။
‘‘အခွေကာဗာရိုက်ဖို့ စီစဉ် နေပြီ။ အဆိုပိုင်းတွေကတော့ ပြီး သွားပြီ။ လောလောဆယ်တော့ Mixing ဆွဲဖို့ စောင့်နေတယ်’’ ဟု ၎င်းက ပြောသည်။ဒုတိယတစ်ကိုယ်တော်အခွေတွင် ရော့ခ်သီချင်းများ ပါဝင်မည်ဖြစ်ပြီး မိန်းကလေးဆန်ဆန် Slow ရော့ခ်သီချင်းများဖြစ်သည်ဟု ၎င်းကဆိုသည်။
‘‘သီချင်း ၁၁ ပုဒ်ပါမယ်။ တေးရေးတွေက ရေးပေးထားတာ ပါသလို သမီးကိုယ်တိုင်ရေးထား တဲ့ သီချင်းတွေလည်းပါမယ်။ မတ်လထဲမှာ နောက်ဆုံးထားပြီး ထွက်နိုင်ဖို့ မှန်းထားတယ်’’ ဟု လိမ္မော်သီးက ပြောသည်။
နယ်ဖျော်ဖြေရေးခရီးအနေ ဖြင့် ရေးမြို့သို့သွားရောက်ရန် အစီအစဉ်ရှိသကဲ့သို့ မန္တလေးနှင့် ရန်ကုန်တွင်လည်း ဖျော်ဖြေပွဲများ ပါဝင်သီဆိုရန် အစီအစဉ်ရှိ ကြောင်း ၎င်းကဆိုသည်။
ချစ်သူများနေ့ အထိမ်းအ မှတ် တေးစီးရီးအဖြစ် ထွက်ရှိ မည့် ‘ချစ်ခြင်းရှိရာ’အခွေတွင် လည်း အဆိုတော် Cobra နှင့်အ တူ ‘တိမ်တိုက်နတ်သမီး’သီချင်း ကို စုံတွဲသီဆိုပေးထားကြောင်း လိမ္မော်သီးက ပြောသည်။
7Day Daily
0 comments:
Post a Comment