Thursday, February 5, 2015

တပ်နှင့် TNLA တိုက်ပွဲပြင်းထန်၊ စစ်ပြေးဒုက္ခသည်များ မိုးကုတ်မြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်


တအောင်း(ပလောင်)တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ - PSLF/ TNLA)

မိုးမိတ်မြို့နယ် မိုးမိတ်- မိုးကုတ်ကားလမ်းဘေးရှိ ကျေး ရွာများအနီးတွင် တပ်မတော်နှင့် တအောင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) တို့ကြား ဖေဖော် ၀ါရီ ၂ ရက်မှစ၍ တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားနေပြီး ရာနှင့် ချီသော ဒေသခံများ မိုးကုတ်မြို့သို့ ထွက်ပြေးတိမ်းရှောင်နေရ ကြောင်း သတင်းရရှိသည်။တိုက်ပွဲဖြစ်ပွားရာနေရာများ ဖြစ်သည့် မိုးမိတ်-မိုးကုတ်ကား လမ်းဘေးရှိ ရွှေညောင်ပင်၊ ချိုင်း လိမ်၊ ပန်ထီလာ၊ လွယ်ကျောက်၊ တရုတ်ရွာ၊ လီရှောရွာစသည့် ကျေးရွာများမှ ဒေသခံများ ဖေ ဖော်ဝါရီ ၃ ရက်မှစတင်ကာ မိုး ကုတ်မြို့သို့ ထွက်ပြေးတိမ်းရှောင် လာကြခြင်းဖြစ်ပြီး မိုးကုတ်မြို့ ပေါ်ရှိ ဘုန်းတော်ကြီးကျောင်း များ၌ စစ်ဘေးရှောင်ဒုက္ခသည်များအဖြစ် ခိုလှုံနေရသည်ဟု ထွက်ပြေးလာသူများအား ကူညီ ပေးနေသော မိုးကုတ်မြို့ခံများက ပြောသည်။ မိုးကုတ်မြို့သို့ တိမ်း ရှောင်ထွက်ပြေးလာသူ အနည်း ဆုံး ၅၀၀ ကျော်ရှိပြီး မိုးကုတ်မြို့ အရှေ့ပိုင်းရှိ ရတနာသီရိကျောင်း၊ရှမ်းကျောင်း၊ ပေါ်တော်မူကျောင်း စသည့် ဘုန်းကြီးကျောင်းများတွင် လာရောက်ခိုလှုံနေကြသည်ဟု ဆိုသည်။

‘‘ဘုန်းကြီးကျောင်းတွေမှာ လာရောက်နေထိုင်နေတာ စုစု ပေါင်း ၅၅၀ ကျော်လောက်ရှိ တယ်။ ထွက်ပြေးလာတဲ့ တချို့ လည်း ဆွေမျိုးနီးစပ်အိမ်တွေမှာ နေကြတာရှိတယ်။ အခုတော့ မြို့ခံလူမှုရေးအသင်းအဖွဲ့တွေက ဆန်တို့၊ ငွေကြေးတို့ သူတို့အတွက်စားဝတ်နေရေးအဆင်ပြေအောင် ကူညီပေးထားကြတယ်’’ဟု တိုက် ပွဲများကြောင့် ထွက်ပြေးလာသူ များအား သွားရောက်ကူညီပေးခဲ့ သူ စိမ်းလန်း(မိုးကုတ်)အဖွဲ့မှ မပွင့်ဖြူကပြောသည်။

အစိုးရ တပ်မတော်နှင့် ပလောင်တပ်မတော်(PSLF/ TNLA) တို့ကြား ဖြစ်ပွားနေသော တိုက်ပွဲမှာ ပြင်းထန်ပြီး တစ်ဖက် လျှင် အင်အားရာဂဏန်းဖြင့် ပစ် ခတ် တိုက်ခိုက်နေကြသည်ဟု ထွက်ပြေးလာသူများက ပြော သည်။ တိုက်ပွဲများအတွင်း နှစ် ဖက်အကျအဆုံး များပြားသလို ဗုံးဆန်မှန်၍ ဒေသခံ အနည်းဆုံး ငါးဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ သည်ဟု မိုးကုတ်ဒေသခံများကဆိုသည်။

လက်ရှိအချိန်တွင် တပ်မ တော်ဘက်မှ ရဟတ်ယာဉ်၊ ဂျက် လေယာဉ်များအပါအ၀င် အထူး ကွန်မန်ဒိုများဖြင့် မြေပြင်၊ ဝေ ဟင်ထိုးစစ်များဆက်တိုက်ပြုလုပ်လာနေသည်ဟု တအောင်း (ပလောင်) အမျိုးသားလွတ် မြောက်ရေး တပ်မတော် (PSLF/ TNLA) မှ ပြန်ကြားရေးတာဝန်ခံ ကပြောသည်။ ဖေဖော်ဝါရီ ၃ ရက်မှစ၍ တပ်မတော်ဘက်မှ ရဟတ်ယာဉ်နှစ်စီး၊ ဂျက်တိုက်လေယာဉ်တစ်စီးဖြင့် ထိုးစစ်ဆင်လာခြင်းဖြစ်ပြီး လက်ရှိအချိန် အထိ ထိုးစစ်ဆင်မှုများဆက် တိုက်ပြုလုပ်နေသည်ဟု ၎င်းက ပြောသည်။ တိုက်ပွဲများ ပြင်းထန် နေမှုကြောင့် အကျအဆုံးစာရင်း ကို မစိစစ်နိုင်သေးဘဲ နှစ်ဖက်ကျ ဆုံးမှုများရှိသကဲ့သို့ ဒေသခံအချို့ ထိခိုက်ဒဏ်ရာရမှုများလည်းရှိ ကြောင်း ၎င်းကဆိုသည်။

‘‘မနေ့က ညနေ (ဖေဖော် ၀ါရီ ၄ ရက်) ကတည်းက ကျွန် တော်တို့ဘက်က ပြန်လည်ပစ် ခတ်တာမရှိတော့ဘူး။ တိုက်ပွဲ တွေဖြစ်နေလို့ အကျအဆုံးစာ ရင်းကို မစိစစ်နိုင်သေးဘူး။ နောက်ပိုင်းမှာ ဆက်သွယ်ရေး တွေ ဖြတ်တောက်ထားရတယ်။ အခုထိုးစစ်တွေများနေချိန်မှာ လူ ခွဲပြီး နေနေရတယ်’’ဟု TNLA ပြန်ကြားရေးတာဝန်ခံကပြောသည်။

TNLA မှ ဒေသတွင်း ဘိန်း တိုက်ဖျက်ရေးလုပ်ဆောင်နေပြီး မလိုက်နာသည့် ဒေသခံများကို လိုက်လံအရေးယူရာမှ စတင်ကာ တပ်မတော်နှင့် ထိပ်တိုက်ရင်ဆိုင် တိုးပြီး တိုက်ပွဲများစတင်ဖြစ်ပွား ခြင်းဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။

မိုးကုတ်-မိုးမိတ်ကားလမ်း အရှေ့ခြမ်းရှိ ကျေးရွာများတွင် TNLA မှ ဒေသခံများကို ဖမ်းဆီးခေါ်ဆောင်ခြင်း၊ ရိက္ခာစုဆောင်းခြင်းနှင့် ဆက်ကြေး ကောက်ခံခြင်းများ ပြုလုပ်နေကြောင်းဒေသခံများ၏ သတင်းပေးမှုအရ တပ်မတော်စစ်ကြောင်းများ နယ်မြေရှင်းလင်းရေး ဆောင်ရွက်ရာမှ တိုက်ပွဲများ စတင်ဖြစ်ပွားခြင်းဖြစ်ကြောင်း တပ်မတော်က သတင်းထုတ်ပြန်သည်။

တိုက်ပွဲများကြောင့် တပ် မတော်မှ စစ်သည် ငါးဦးကျဆုံးခဲ့ ပြီး သုံးဦးဒဏ်ရာရရှိခဲ့ကာ TNLA အဖွဲ့မှ အလောင်းဆယ်လောင်း၊ လက်နက်မျိုးစုံ ငါးလက်၊ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီး ရမိခဲ့သည်ဟု တပ်မတော်က ဖေဖော်ဝါရီ ၄ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

7Day Daily

0 comments:

Post a Comment