Thursday, October 31, 2019

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ သူနာပြုသားဖွားသင်တန်းကျောင်းသား(၇)ဦး မြစ်ထဲရေဆင်းကူးရာမှ ကျောင်းသားတစ်ဦး ရေနစ်သေဆုံးမှုဖြစ်ပွား

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ နေရဉ္ဇရာ(ဖောင်ကူး)မြစ်နှင့် မြစ်သာမြစ်ဆုံတွင် သူနာပြုနှင့် သားဖွားသင်တန်းကျောင်းမှ ကျောင်းသား(၇)ဦး ရေဆင်း ကူးရာမှ ကျောင်းသား(၁)ဦး ရေနစ်မြုပ်မှုဖြစ်ပွားကြောင်း သတင်းရရှိ ၍ ကလေးမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးရေယာဉ် (၂)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်(၆)ဦးတို့မှ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက် ဆောင်ရွက်ခဲ့ရာ (၁.၁၁.၂၀၁၉)ရက်နေ့၊ (၀၉:၀၀) အချိန်တွင် ရုပ်အလောင်းအားဆယ်ယူခဲ့ပြီး...

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်တွင် လုံခြုံရေးယာဉ်တန်းအား AA အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့မှ မိုင်းခွဲတိုက်ခိုက်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင် နှစ်ဦးနှင့် ဒေသခံနှစ်ဦးဒဏ်ရာရရှိ

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ မြောက်ဦး-ပန်းမြောင်ကားလမ်းတစ်လျှောက် လမ်းကြောင်း လုံခြုံရေး ဆောင်ရွက်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအား AA အဖွဲ့မှ အောက်တိုဘာ ၃၀ ရက် နံနက် ၇ နာရီခွဲ ခန့်တွင် ရွာဟောင်းတောကျေးရွာ၏ တောင်ဘက် မီတာ ၅၀ဝ ခန့်အကွာရှိ ကားလမ်းပုခုံး ဝဲယာဘက်မှ အဝေးထိန်းမိုင်း ၂ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်နှစ်ဦးနှင့် ဒေသခံပြည်သူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။...

NLDပါတီမှ နှုတ်ထွက်ခွင့်ပြုလိုက်ပြီး တစ်သီးပုဂ္ဂလ အမတ်ဖြစ်လာတဲ့ ဒေါက်တာ သက်သက်ခိုင်

ဒဂုံအမတ် ဒေါက်တာသက်သက်ခိုင် ၏ ပါတီမှ နှုတ်ထွက်ခွင့် တောင်းခံထားမှုကို မနေ့ကစပြီး ခွင့်ပြုပေးလိုက်ပြီး လက်ရှိတွင် တစ်သီးပုဂ္ဂလ အမတ်ဖြစ်သွားကြောင်း သိရှိရသည်။...

AA လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့ ခေါင်းဆောင် ထွန်းမြတ်နိုင်၏ ညီမနှင့် ယောက်ဖတို့အား အကြမ်းဖက်တိုက်ဖျက်‌‌ရေးဥပ‌‌ဒေနှင့် ချုပ်ရမန်ယူ

AA လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့ ခေါင်းဆောင် ထွန်းမြတ်နိုင်၏ ညီမဖြစ်သူမမိုးနှင်းဖြူ နှင့် ယောက်ဖဖြစ်သူ ကိုကျော်နိုင်တို့ ကို ဖမ်းဆီးစစ်ဆေးနေသည့် ရမန်ကြီး ၂ ပတ်ပြည့်တာကြောင့် ယနေ့ (နိုဝင်ဘာလ ၁ ရက်နေ့)တွင် မရမ်းကုန်းမြို့တရားရုံးတွင် စတင်တရားစွဲဆိုခဲ့ပြီး အင်းစိန်အကျဉ်းထောင်သို့ ပို့ဆောင်ခဲ့ကြောင်း ကိုမရမ်းကုန်းမြို့နယ်တရားရုံးထံမှသိရသည်...

ကျော်သူနဲ့ ရုပ်ချင်းဆင်ရုံနဲ့ ထီပေါက်သလိုခံစားရမယ့်အခွင့်အရေး

ကျရာဇာတ်ရုပ်ကို အကောင်းဆုံး သရုပ်ဆောင်နိုင်တဲ့ မင်းသား ကျော်သူက အကယ်ဒမီဆုကြီးတစ်ဆုကို လက်ဝယ်ပိုင်ဆိုင်ထားနိုင်သူ ဖြစ်ပါတယ်။ အသက်အရွယ်ရလာပြီးတဲ့နောက် ကျော်သူက ရန်ကုန် နာရေးကူညီမှုအသင်းကို တည်ထောင်ထားပြီး လူမှုကူညီရေး ပရဟိတ လုပ်ငန်းတွေကို လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ ပရဟိတမင်းသားကြီး ကျော်သူက လက်ရှိအချိန်ထိလည်း ပရဟိတလုပ်ငန်းတွေ လုပ်ကိုင်ရင်း အနုပညာလုပ်ငန်းတွေကို လုပ်ကိုင်နေလျက်ရှိတာကို တွေ့ရပါတယ်။...

ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အာဇာနည်ကိုးဦး ကျဆုံးရာနေရာ ဝန်ကြီးများရုံးတွင် အနှိပ်ခန်းဖွင့်တဲ့အပေါ်မှာ လွှတ်တော်ကိုယ်စားလှယ်တွေ ဘာပြောလဲ

မြန်မာနိုင်ငံ၏ သမိုင်းတွင် မှတ်ကျောက်တင်ရမည့် သမိုင်းဝင်နေရာများတွင် ရန်ကုန်မြို့တွင် တည်ရှိသော ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အာဇာနည်ကိုးဦး ကျဆုံးရာ နေရာတစ်ခုဖြစ်သည့် ဝန်ကြီးများရုံးကို အကြီး စားပြင်ဆင်မှုများ ပြုလုပ်လျက်ရှိသည်။...

TNLA လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့ ဖမ်းဆီးခေါ်ဆောင်ညှင်းပန်းနှိပ်စက်မှုကြောင့် သေဆုံးသွားသူ၏ အလောင်းအား မိသားစုများမှ ငွေကျပ် ၇ သိန်းဖြင့် ပြန်လည်ရွေးယူရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ နမ့်ခမ်းဒေသခံတစ်ဦးအား TNLA လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားပြီး ညှင်းပန်းနှိပ်စက်မှုများကြောင့် သေဆုံးခဲ့သည့် အလောင်းကို ငွေကျပ် ၇ သိန်းဖြင့် မိသားစုမှ သွားရောက်ရွေးယူခဲ့ရကြောင်း သတင်းရရှိသည်။...

တွစ်တာပေါ်မှာ ကမ္ဘာတစ်ဝန်းက နိုင်ငံရေးနဲ့ပတ်သတ်တဲ့ ကြေငြာတွေအတွက် နေရာမပေးနိုင်

ကမ္ဘာလုံးဆိုင်ရာ နိုင်ငံရေးကြေငြာတွေကို တွစ်တာ (Twitter) က ပိတ်ပင်တားမြစ်သွားမယ်လို့ ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ် ဂျက် ဒေါ်ဆေ က မနေ့က ပြောကြားပါတယ်။ လူမှုမီဒီယာတွေကို အသုံးချပြီး နိုင်ငံရေးသမားတွေက သတင်းမှားတွေကို ထုတ်ပြန်တဲ့အပေါ် ဝေဖန်မှုတွေ ကြီးထားလာစဉ်မှာ အမှုဆောင်အရာရှိချုပ် ဂျက် က အခုလို တွစ်တာကနေ တဆင့် ပြောကြားတာဖြစ်ပါတယ်။...

တောင်ကိုရီးယား မီးသတ်ဌာနမှ ကယ်ဆယ်ရေး ရဟတ်ယာဉ်တစ်စီး ပင်လယ်တွင်းသို့ ပျက်ကျရာ ၇ ဦးပျောက်ဆုံးနေ

တောင်ကိုရီးယား မီးသတ်ဌာနမှ ကယ်ဆယ်ရေး ရဟတ်ယာဉ်တစ်စီး ပင်လယ်တွင်းသို့ပျက်ကျသွားသဖြင့် ရဟတ်ယာဉ်ပေါ်တွင် ပါသွားသူ ၇ ဦးပျောက်ဆုံးနေသဖြင့် ကယ်ဆယ်ရေးအဖွဲ့များက ရှာဖွေနေလျှက်ရှိသည်။ ရဟတ်ယာဉ်ပေါ်တွင် ပါသွားသူ ၇ ဦးမှာ ကယ်ဆယ်ရေးဝန်ထမ်း ၅ ဦး၊ ဒဏ်ရာရ ငါးဖမ်းသမားတစ်ဦးနှင့် အရပ်သား တစ်ဦးတို့ဖြစ်ကြသည်။...

ဆွီဒင်ရေတပ်မှာအသုံးပြုသွားမဲ့ CB90 အမြန်သွားတိုက်ခိုက်ရေးရေယာဉ်ငယ်

၁။​ဆွီဒင်ရေတပ်အနေနဲ့ Defense Contractor Saab နဲ့ပူးပေါင်းပြီး CB90 HSM အမြန်သွားတိုက်ခိုက်ရေး ရေယာဉ်ငယ် စုစုပေါင်း ၁၈ စီးကို အဆင့်မြှင့်တင်ရေးလုပ်ငန်းတွေ ဆောင်ရွက်သွားမှာြဖစ်ပါတယ်။ အဲ့ဒီရေယာဉ်တွေ ဝယ်ယူရေးကို ၂၀၁၇ ခုနှစ်၊ ဇူလိုင်လတုန်းက ဆောင်ရွက်ခဲ့တာဖြစ်ပြီး ကုန်ကျတန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၄၇.၃ မီလီယံ ဖြစ်ပါတယ်။...

အောင်ဘာလေ(၉) ကြိမ်မြောက် ထီပေါက်စဉ်(အစအဆုံး)

သိန်း(15000)ဆု ယ ၈၁၇၄၀၂ သိန်းတစ်သောင်း ဓ ၄၅၅၆၁...

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးဦးဆောင် သည့် ကိုယ်စားလှယ်အဖွဲ့ ဂျပန်နိုင်ငံသို့ သွားရောက်ခဲ့သောချစ်ကြည်ရေးခရီးစဉ်မှ ပြန်လည်ရောက်ရှိ အမျိုးသားအကျိုးစီးပွားအတွက် ရည်ရွယ်သောရင်းနှီးမြှုပ်နှံမှုများ လာရောက်ပြုလုပ်ရန် ဂျပန်ကုမ္ပဏီများနှင့်လုပ်ငန်းရှင်များ ဖိတ်ခေါ်ခဲ့

အောက်တိုဘာလ ၃၁ ရက် ညနေပိုင်းတွင်ဂျပန်နိုင်ငံသို့ ချစ်ကြည်ရေး ခရီးသွားရောက်ခဲ့သည့်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး ဦးဆောင်သောကိုယ် စားလှယ်အဖွဲ့သည် ရန်ကုန်မြို့သို့ပြန်လည်ရောက် ရှိခဲ့ကြောင်း သိရသည်။...

ကလေးမွေးပြီးနောက်ပိုင်း သန္ဓေတားဆေးကို ဘယ်အချိန်မှာ ပြန်သောက်ရမှာလဲ?????

မီးဖွားပြီးပြီဆိုတာနဲ့ မေမေတို့ ခေါင်းထဲ အရင်ဆုံးရောက်လာတာ နောက်ကိုယ်ဝန်ကို ဘယ်အချိန်ကျမှ ယူမယ်ဆိုတဲ့ အတွေးတွေပဲဖြစ်ပါတယ်။ ရင်သွေး တစ်ယောက်နဲ့တစ်ယောက်ကြားထဲမှာ ၂ နှစ်ခြားတာက အကောင်းဆုံးလေ။ ဒီကြားထဲ မရည်ရွယ်ဘဲ သားဦးလေး ၂ နှစ်မပြည့်ခင်မှာ နောက်ကိုယ်ဝန်ရသွားတဲ့ အဖြစ်အပျက်တွေကလည်း ရှိတော့ မီးဖွားပြီးတာနဲ့ သားဆက်ခြားဖို့၊ သန္ဓေတားနည်း တွေလုပ်ဖို့ စပြီးစဉ်းစားရတာပေါ့။ ဒါ့ကြောင့် ဒီဆောင်းပါးထဲမှာ လူသုံး အများဆုံးနဲ့ သုံးရ အလွယ်ကူဆုံးဖြစ်တဲ့ သန္ဓေတားသောက်ဆေးကို...

၂၀၁၉ ခုနှစ်၊ ဒီပါဝလီပွဲတော် အကြိုကာလများတွင် အိန္ဒိယပြည်သူများ၏ ရွှေဝယ်ယူမှုမှာ ယခင်နှစ်များနှင့်နှိုင်းယှဉ်ပါက ၂၅% ခန့်ကျဆင်းသွားခဲ့

၂၀၁၉ ခုနှစ်၊ ဒီပါဝလီပွဲတော်အကြိုကာလများတွင် အိန္ဒိယပြည်သူများ၏ ရွှေဝယ်ယူမှုမှာ ယခင်နှစ်များနှင့်နှိုင်းယှဉ်ပါက ၂၅% ခန့်ကျဆင်းသွားခဲ့သည်ဟု အိန္ဒိယနိုင်ငံရွှေထည်နှင့် ကျောက်မျက်ရတနာအသင်း၏ အတွင်းရေးမှူး ဆူရန်ဒရာမက်တာက ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၂၉) ရက် (အင်္ဂါနေ့) တွင် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။...

တပ်မတော်မှ ရှေ့နေ ဦးကြီးမြင့်၊ ကဗျာဆရာစောဝေ၊ ဦးနေမျိုးဇင်တို့ကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) ဖြင့် ကော့သောင်းမြို့နယ် တရားရုံးတွင် တရားစွဲဆို

ကော့သောင်းမြို့နယ်တွင် မေလအတွင်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပေဒပြင်ဆင်ရေး ထောက်ခံပွဲကျင်းပစဉ် တပ်မတော်၏ ဂုဏ်သိက္ခာကို ထိခိုက်စေသော အကြောင်းအရာများ ထည့်သွင်းဟောပြောခဲ့သည့် ရှေ့နေဦးကြီးမြင့်၊ ကဗျာဆရာစောဝေ၊ ဦးနေမျိုးဇင်တို့ကို တပ်မတော်မှ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) ဖြင့် ကော့သောင်းမြို့နယ်၊တရားရုံးတွင် ဦးတိုက်လျှောက်ထား တရားစွဲလိုက်ပြီး ကော့သောင်းမြို့နယ် တရားရုံးကလည်း အမှုကို လက်ခံလိုက်ကြောင်း သိရှိရသည်။...

“နျူကလီးယားစွမ်းအင်စိတ်ဝင်စားလာတဲ့ ဖိလစ်ပိုင်”

၁။ ဖိလစ်ပိုင်တို့အနေနဲ့ အပြည်ပြည်ဆိုင်ရာ အက်တမ်စွမ်းအင် အေဂျင်စီ (International Atomic Energy Agency - IAEA) နဲ့ နျူစွမ်းအင်ဆိုင်ရာ အကြောင်းအရာတွေကို တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဖိလစ်ပိုင် သမ္မတ ဒူတာတေး အနေနဲ့လည်း နိုင်ငံတွင်း စွမ်းအင်အသုံးပြုမှုမှာ နျူကလီးယားစွမ်းအင်ကို နောင်အနာဂတ်ကာလတွေအတွက် အသုံးပြုဖို့ စိတ်ဝင်စားနေပြီး လုံခြုံမှုရှိရှိနဲ့ ငြိမ်းငြိမ်းချမ်းချမ်းအသုံးပြုသွားမှာဖြစ်ပါတယ်။...

စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးတွင် စိုးမျိုးညီ ရတနာရွှေဆိုင်အားဖောက်ထွင်းခံရပြီး ရတနာအထည် မျိုးစုံ ၅ ပိသာခန့်ပျောက်ဆုံး

စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် မော်လူးတွင်အောက်တို ဘာ ၃၁ရက်နေ့ကစိုးမျိုးညီရတနာ ရွှေဆိုင်တစ်ဆိုင်အား ဖောက်ထွင်းမှုဖြစ်ပွားခဲ့ရာ လက်ဝတ်ရတနာမျိုးစုံ အချိန် ၅ ပိသာခန့်ပျောက်ဆုံးခဲ့ကြောင်း မော်လူးနယ်မြေရဲစခန်းကသိရပါတယ် ။...

စစ်ကိုင်းတိုင်းဝန်ကြီးချုပ်၏ ညွှန်ကြားချက်ဖြင့် နာမည်ကြီး လောင်းကစားကြက်ဝိုင်းကို ဖမ်းဆီးရာ လောင်ကစားဒိုင်အပါအဝင် ၁၀ ဦးသာ ဖမ်းဆီးရမိ

စစ်ကိုင်းမြို့နယ်ညောင်ပင်ဝန်းမြောက်ရွာထဲမှာ လူ၁၀၀ နီးပါးစုပေါင်းလောင်းကစားပြုလုပ်နေသည့် ကြက်ဝိုင်းကို မနေ့နေ့လယ်က ခရိုင်ရဲရုံးက ဝင်ဖမ်းခဲ့ခြင်းမှာ စစ်ကိုင်း ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင် ၏ ညွှန်ကြားချက်ဖြင့် ဖမ်းခြင်းဖြစ်ဟုသိရသည်။...

မြဝတီဆိုင်းဘုတ်အနီးတွင် အောင်ကျော်မိုး မှန်လုံယာဉ် မီးလောင်မှုဖြစ်ပွား

အာရှလမ်း မြဝတီဆိုင်းဘုတ်အနီး၌ နိုဝင်ဘာလ (၁) ရက်နေ့ နံနက်ပိုင်း (၇) နာရီခန့်တွင် အောင်ကျော်မိုး မှန်လုံယာဉ်မီးလောင်မှုဖြင်ပွားခဲ့ကြောင်း သတင်းရရှိသည်။...

မိုင်ပေါင်း ၅၀၀၀ မိုင်ထိ ပျံသန်းတိုက်ခိုက်နိုင်တဲ့ Bulava ဒုံးပျံကို ရုရှားရေငုပ်သင်္ဘောမှ စမ်းသပ်ပစ်ခတ်

ရုရှားရေတပ် ရေငုပ်သင်္ဘောတစ်စီးဖြစ်တဲ့ Knyaz Validimir Borey-A-Class SSBN ဟာ Bulava Missile ကို White Sea ထဲမှာ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်နေ့ကနေ ၃၁ ရက်နေ့အတွင်း စမ်းသပ်ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။...

ဩစတြေးလျမှာ တောမီးလောင်ကျွမ်းမှုကြောင့် ကိုအာလာဝက်ဝံရာနဲ့ချီသေဆုံး

ဩစတြေးလျနိုင်ငံ၊ နယူးဆော့သ်ဝေးပြည်နယ် မြောက်ဘက်ကမ်းရိုးတန်းမှာ အောက်တို ဘာလ (၃၁) ရက်နေ့ တောမီးလောင် ကျွမ်းမှုအတွင်း ကိုအာလာဝက်ဝံရာနဲ့ချီသေဆုံးခဲ့ပါတယ်။ အဲဒီနေရာဟာ ဩစတြေးလျက ကိုအာလာဝက်ဝံတွေအတွက် အဓိကသားဖောက်ရာနေရာလို့ သိရပါတယ်...

ဘားအံမြို့ ကျေးရွာများအနီး အမည်းရောင် ပြောင်းလဲခဲ့သည့်ရေများတွင် ကလိုရင်းပါဝင်မှု မြင့်တက်နေ၍ သောက်သုံးမည် ဆိုပါက သန့်စင်ပြီးမှသာ သောက်သုံးသင့်ကြောင်း ALARM Myanmar ထုတ်ပြန်

အောက်တိုဘာ ၃၀ ရက်နေ့၌ ဘားအံမြို့ ကျေးရွာများအနီး အမည်းရောင် ပြောင်းလဲခဲ့သည့်ရေများတွင် ကလိုရင်းပါဝင်မှု မြင့်တက် နေ၍ အရေပြားရောင်ရမ်းခြင်း၊ နီစပ်စပ်ဖြစ်ခြင်း၊ အရည်ကြည်ဖုထခြင်း၊ ယားယံခြင်းနှင့် ငါးများသေဆုံးခြင်းတို့ ဖြစ်စေနိုင်ပြီး သောက်သုံးမည် ဆိုပါက သန့်စင်ပြီး သောက်သုံးနိုင်ကြောင်း ALARM Myanmar (စိမ်းလန်းအမိမြေ ဖွံ့ဖြိုးတိုးတက်ရေးအသင်း) က ထုတ်ပြန်ထားသည်။...

သပြေကုန်းအဝိုင်းတွင်ထားရှိမည် အကြီးဆုံး ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ် တည်ဆောက်ရေးလုပ်ငန်းများ စတင်

မြန်မာနိုင်ငံတွင် အကြီးဆုံး ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ် တည်ဆောက်ရေး လုပ်ငန်းများကို နေပြည်တော်ရှိ သပြေကုန်းအဝိုင်းတွင် စတင်ဆောင်ရွက်နေပြီး ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၁၃ ရက် ဗိုလ်ချုပ်မွေးနေ့တွင် ဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။...

ဧရာဝတီတိုင်းဒေသကြီး ၊ ပုသိမ်မြို့ သင်္ဘောဆိပ်က လူသတ်မှုအား အချိန်တိုအတွင်းဖမ်းဆီးရမိ

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ အမှတ်(၄) ရပ်ကွက် ကမ်းနားလမ်း ဉမ္မာဒန္တီဘေတံတား သင်္ဘောဆိပ် ငွေလှိုင်တိုး ရေယာဉ် ပေါ် ခရီးသွား အမျိုးသ္မီး တစ်ဦးအား ရိသဲ့သဲ့ ပြောဆို နေသည်ကို ပုသိမ် ရန်ကုန် ကားလက်မှတ် ရောင်းကြတဲ့ သူငယ်ချင်း (၃)ဉီးက ဝင်ရောက် တောင်းပန် တားမြစ်ကြရာ ရိသဲ့သဲ့ ပြောသူ အမျိုးသားက ဘေးလွယ်အိပ်အတွင်း အသင့်ပါလာသော ဓား ဖြင့် လိုက်ထိုးသဖြင့် ထွက်ပြေးကြရာ ထိုးသွင်းဒါဏ်ရာများရကြပြီး (၁)ဦးမှာ ဒါဏ်ရာဖြင့် သင်္ဘော(၂)စီးအကြား ငဝန်မစ်အတွင်းချေချော်ကျ...

ဒေါ်လာ ၃၄ ဘီလီယံတန်ဖိုးရှိ အက်ဖ်-၃၅ တိုက်လေယာဉ်များ ဝယ်ယူရေးစီမံချက် ပင်တဂွန်ကြေညာ

စုစုပေါင်းအမေရိကန်ဒေါ်လာ ၃၄ ဘီလီယံတန်ဖိုးရှိ F-35 Lighting II လေယာဉ် ၄၇၈ စင်းဝယ်ယူရန် ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးလုပ်ငန်း လော့ဟိမာတင်ကုမ္ပဏီနှင့် သဘောတူညီချက်တစ်ရပ်ကို အမေရိကန်ကာကွယ်ရေး ဝန်ကြီးဌာနက အပြီးသတ်လိုက်ပြီဖြစ်ကြောင်း အမေရိကန် တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။...

၇၅ နှစ်မြောက်တပ်မတော်နေ့ ဂုဏ်ပြု တစစ်တမက် ကိုယ်နှင့်သက်ကို ဇာတ်လမ်းတွဲ စာနယ်ဇင်းမိတ်ဆက်ပွဲပြုလုပ်

ယနေ့ အောက်တိုဘာ ၃၁ ရက်တွင် ၇၅ နှစ်မြောက်တပ်မတော်နေ့ကို ဂုဏ်ပြု ရိုက်ကူးမည့် တစစ် တမက် ကိုယ်နှင့်သက်ကို ဇာတ်လမ်းတွဲအကြောင်း စာနယ်ဇင်းမိတ်ဆက်ပွဲကို Pan Pacific ဟိုတယ်၌ ပြုလုပ်ခဲ့သည်။...

ကလေးမြို့တွင် ကျောက်မီးသွေးမိုင်းအတွင်း ပေါက်ကွဲမှုကြောင့် လူ ၁ ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိ

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် အောက်တိုဘာ ၃၀ ရက် ည ၁၁ နာရီခွဲအချိန်က ကျောက်မီးသွေးမိုင်းအတွင်း ပေါက်ကွဲမှုဖြစ်ပွားပြီး လူ ၁ ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံမှ သိရှိရသည်။...

အောက်တိုဘာလအတွင်း အမြန်လမ်းမကြီး တစ်လျှောက် ယာဉ်မတော်တဆမှုကြောင့်သေဆုံးသူ ၁၅ ဦးထိရှိလာ

အမြန်လမ်းမကြီး တစ်လျောက် ယခု အောက်တိုဘာ ၂၇ ရက်အထိ ဖြစ်ပွားခဲ့သော ယာဉ်မတော်တဆမှု ဖြစ်စဉ်များကြောင့် သေဆုံးသူ ၁၅ ဦး ရှိကြောင်း အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံး၏ ထုတ်ပြန်သော အချက်အလက် အရ သိရသည်။အမြန်လမ်းမကြီးတွင် အောက်တိုဘာ ၂၇ ရက်အထိ ယာဉ်မတော်တဆမှု ၆၃ မှု ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၁၅ ဦး ၊ ထိခိုက် ဒဏ်ရာ ရရှိသူ ၁၃၀ ဦး ရှိကြောင်း သိရသည်။...

ရေထဲမျောလာသည့် ICE မူးယစ်ဆေး ၁၉ ကီလိုအား ဟိုင်းကြီးကျွန်းအနောက်တောင်ဖက် ပင်လယ်ပြင်တွင်တွေ့ရှိ

အောက်တိုဘာ ၂၉ ရက်နေ့တွင် ဟိုင်းကြီးကျွန်းမှ အနောက်တောင်ဘက် ရေမိုင် ၁၆မိုင်ခွဲအကွာ ပင်လယ်ပြင်၌ မျောပါနေသော ICE မူးယစ်ဆေး ၁၉ ကီလိုကို တွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။...

Wednesday, October 30, 2019

အခြေခံပညာကျောင်းပေါင်းစုံ ခရစ်ကက်ပြိုင်ပွဲ ရန်ကုန်တိုင်းတွင်ကျင်းပ

အောက်တိုဘာလ ၃၀ ရက်နေ့မှ စတင်ကာ ရန်ကုန်တိုင်းဒေသကြီး၊ အခြေခံပညာကျောင်းပေါင်းစုံ ခရစ်ကက် အားကစားပြိုင်ပွဲအား လမ်းမတော်မြို့နယ် အ.ထ.က (၁) ကျောင်းမှာ စတင်ကျင်းပနေကြောင်း သိရသည်။...

ဒေါ်လာ ၃၄ ဘီလီယံတန်ဖိုးရှိ အက်ဖ်-၃၅ တိုက်လေယာဉ်များ ဝယ်ယူရေးစီမံချက် ပင်တဂွန်ကြေညာ

စုစုပေါင်းအမေရိကန်ဒေါ်လာ ၃၄ ဘီလီယံတန်ဖိုးရှိ F-35 Lighting II လေယာဉ် ၄၇၈ စင်းဝယ်ယူရန် ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးလုပ်ငန်း လော့ဟိမာတင်ကုမ္ပဏီနှင့် သဘောတူညီချက်တစ်ရပ်ကို အမေရိကန်ကာကွယ်ရေး ဝန်ကြီးဌာနက အပြီးသတ်လိုက်ပြီဖြစ်ကြောင်း အမေရိကန် တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။...

ရှုံးကြွေးပြန်ဆပ်နိုင်မလား စောင့်ကြည့်ရမဲ့ လက်ဝှေ့ကျော် စိုးလင်းဦး

ပွဲစလွှတ်ထဲကမနားတမ်း Nanstop လိုက်ထိုးတော့မည့်စိုးလင်းဦး ~~~ လက်ဝှေ့သမားသက်တမ်းမှာ ပထမဆုံးအလဲထိုးရှုံးကြွေးခံရဖူးတဲ့သူ့အတွက်တော့လာမည့် နိူဝင်ဘာ ၃ ရက်နေ့ပွဲဟာနှစ်ခါမရသော အခွင့်ရေးမို့~~~ ပြိုင်ဘက်ဖြစ်သူရွှေရာမာန်ကို အကဲစမ်းခြင်း လက်ရည်စမ်းခြင်းမပေးတော့ပဲပွဲစလွှတ်ထဲက မနားတမ်းတိုက်စစ်လိုက်မှအလဲထိုးအနိုင်ပြန်ယူနိုင်မည်ဖြစ်သလို့၅ ချီသရေပွဲ လုံးဝ အဖြစ်ခံမှာမဟုတ်ဟုသိရပါပြီ...

မူဆယ်တွင် (၅၈)ကြိမ်မြောက် မြို့နယ်လုံးကျွတ် စုပေါင်းမဟာဘုံကထိန် စည်းကားစွာ ကျင်းပ ပြုလုပ်မည်

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့တွင် (၅၈)ကြိမ်မြောက်မြို့နယ်လုံးကျွတ် စုပေါင်း မဟာဘုံကထိန်ပွဲကို နိုဝင်ဘာ(၁၀)ရက်နှင့် (၁၁)ရက်တို့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။...

ဆီးရီးယားတပ်ဖွဲ့နှင့် တူရကီတပ်ဖွဲ့တို့ တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွား

ဆီးရီးယားနယ်စပ်မှ ကာ့ဒ်ပြည်သူ့ စစ်အဖွဲ့များ ဆုတ်ခွာသွားပြီဖြစ်ကြောင်း ရုရှားက ကြေညာလိုက်ပြီးနောက် ဆီးရီးယား တပ်ဖွဲ့နှင့် တူရကီတပ်ဖွဲ့တို့ အောက်တိုဘာ ၂၉ ရက်တွင် နှစ်ဖက်တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း သိရသည်။...

မြန်မာနိုင်ငံ(မြဝတီ)နှင့်ထိုင်းနိုင်ငံ(မဲဆောက်)တို့ကို ဆက်သွယ်သည့် ချစ်ကြည်ရေးတံတားအမှတ်(၂)(သောင်းရင်းမြစ်) ဖွင့်ပွဲကျင်းပ

အောက်တိုဘာ ၃၀ ရက် နံနက် ၈ နာရီခွဲအချိန်တွင် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနှင့် လမ်းပန်းဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုး တိုးတက်စေရန်အတွက် မြန်မာနိုင်ငံ (မြဝတီ)နှင့် ထိုင်းနိုင်ငံ(မဲဆောက်)တို့ကို ဆက်သွယ်သည့် သောင်းရင်းမြစ်ပေါ်၌ တည်ဆောက်ထားသော မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား အမှတ် (၂) (သောင်းရင်းမြစ်) တံတားဖွင့်ပွဲနှင့် Border Control Facilities (BCF) အဆောက်အအုံနှင့် ပစ္စည်းကိရိယာများ လွှဲပြောင်းလက်ခံခြင်း အခမ်းအနားကို အဆိုပါတံတားပေါ်ရှိ ယာယီမင်္ဂလာ မဏ္ဍပ်၌...

ထိုင်းနိုင်ငံ၊ အူဒွန်ဌာနီပြည်နယ်ရှိ ပြည်သူ့ဆေးရုံကြီးရှေ့တွင်ရပ်တန့်ထားသောဆိုင်ကယ် ၃၄ စီး ရုတ်တရက် ထူးဆန်းစွာ မီးလောင်မှုဖြစ်ပွား

ထိုင်းနိုင်ငံ အူဒွန်ဌာနီပြည်နယ်မြို့တော် မတ်ခဲန့်ရပ်ကွက် ၊ ဖော့နိယုမ်းလမ်းမကြီးဘေးရှိ ပြည်သူ့ဆေးရုံကြီးပရဝုဏ်အတွင်းအောက်တိုဘာ ၃၀ ရက်နေ့က ရပ်တန့်ထားသောဆိုင်ကယ် ၃၄ စီးထဲမှ ရုတ်တရက်ပေါက်ကွဲသံမတိုးမကျယ်ထွက်ပေါ်လာပြီး မိနစ် ၂၀ အကြာမီးလောင်မှုဖြစ်ပွားခဲ့ခြင်းကြောင့် ဆိုင်ကယ် ၃၄ စီးစလုံးပျက်ဆီးဆုံးရှုံးသွားကြောင်းသတင်းရရှိပါသည် ။...

ဂျပန်နိုင်ငံရှိ သက်တမ်း ၆၀၀ ကျော် ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ရှူရီရဲတိုက်ကြီးမီးလောင်မှုဖြစ်ပွား

ဂျပန်နိုင်ငံ အိုကီနာဝါစီရင်စု နာဟာမြို့မှာရှိတဲ့ သက်တမ်း ၆၀၀ ကျော်ကမ္ဘာ့အမွေ အနှစ် စာရင်းဝင် ရှူရီရဲတိုက်ကြီးဟာ အောက်တိုဘာလ ၃၁ရက်နေ့ နံနက် ၃ နာရီအချိန်ခန့်တွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းသိရှိရပါသည်။...

ရခိုင်ပြည်နယ်တွင် AA အကြမ်းဖက်သောင်းကျန်းသူများ အပြစ်မဲ့ ပြည်သူနှစ်ဦးအားအ ကြောင်းမဲ့ အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်

ရခိုင်ပြည်နယ်တွင် AA အကြမ်းဖက်သောင်းကျန်းသူများ အပြစ်မဲ့ ပြည်သူနှစ်ဦးအားအ ကြောင်းမဲ့ အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သတင်းရရှိသည်။...

အဘူဘေကာအယ်လ်ဘက္ကတာဒီသေဆုံးပြီး ၎င်းအား ပင်လယ်ပြင်၌ သင်္ဂြိုလ်ခဲ့သည်ဟု ဆိုခြင်းမှာ အပြောသာတွေ့ရ၍ အတည်ပြုနိုင်ခြင်းမရှိဟု ကုလသမဂ္ဂပြောဆို

အဘူဘေကာအယ်လ်ဘက္ကတာဒီသေဆုံးပြီဆိုခြင်းဟု အမေရိကန်သမ္မတ၏ ပြောဆိုချက်မှာ ယုံကြည်ဖွယ်ရှိသော်လည်း သက်သေပြရန် ပျက်ကွက်လျှက်ရှိခြင်းကြောင့် ကုလသမဂ္ဂအနေဖြင့် အတည်ပြုရန် ခက်ခဲကြောင်း ကုလအကြီးတန်းအရာရှိတစ်ဦးက ပြောဆိုသည်ဟု Russia Today က ယမန်နေ့ကရေးသားခဲ့ကြောင်း သိရှိရသည်။...