Thursday, October 24, 2019

မောင်တောမြို့နယ်တွင် ခန္ဓာကိုယ်တွင် သိုဝှက် သယ်ဆောင်လာသော စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

Image may contain: 1 person

အောက်တိုဘာလ ၂၃ ရက်နေ့ မနက် ၈ နာရီ ၃၀ မိနစ်တွင် ပြင်ဖြူနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ မောင်တော-ကျောက်လှေကား သွားလမ်း၊ လှဖိုးခေါင်လမ်းဆုံတွင် မော်တော်ယာဉ်များအား ရှာဖွေစစ်ဆေးနေစဉ် မောင်တောဘက်မှ ကျောက်လှေကားဘက်သို့ မောင်းနှင်လာသော သုံးဘီးဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင်လိုက်ပါလာသော မောင်တောမြို့နယ်၊ ရွှေဇားကျေးရွာအုပ်စု၊ ကန်ဘဲ့ကျေးရွာ နေသူများဖြစ်သည့် ခရီးသည် မဖာတေမာခါတူ ၄၃ နှစ်နှင့် မဖာတေမာခါတူ ၃၄ နှစ်တို့၏ ခန္ဓာကိုယ်တွင် သိုဝှက် သယ်ဆောင်လာသော ပလတ်စတစ်ကပ်ခွာအိတ်များဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၃၈၀၀၀ ပြား(ဒေ သကာလပေါက်စျေးတန်ဖိုးငွေကျပ် ၇၆၀ သိန်း)အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း မူးယစ်တပ်ဖွဲမှ သိရှိရသည်။

၎င်းအမှုနှင့်ပတ်သက်ပြီး ပြင်ဖြူနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။
<<zawgyi>>
မောင်တောမြို့နယ်တွင် ခန္ဓာကိုယ်တွင် သိုဝှက် သယ်ဆောင်လာသော စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ
Thursday , October 24 , 2019

အောက်တိုဘာလ ၂၃ ရက်နေ့ မနက် ၈ နာရီ ၃၀ မိနစ်တွင် ပြင်ဖြူနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ မောင်တော-ကျောက်လှေကား သွားလမ်း၊ လှဖိုးခေါင်လမ်းဆုံတွင် မော်တော်ယာဉ်များအား ရှာဖွေစစ်ဆေးနေစဉ် မောင်တောဘက်မှ ကျောက်လှေကားဘက်သို့ မောင်းနှင်လာသော သုံးဘီးဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင်လိုက်ပါလာသော မောင်တောမြို့နယ်၊ ရွှေဇားကျေးရွာအုပ်စု၊ ကန်ဘဲ့ကျေးရွာ နေသူများဖြစ်သည့် ခရီးသည် မဖာတေမာခါတူ ၄၃ နှစ်နှင့် မဖာတေမာခါတူ ၃၄ နှစ်တို့၏ ခန္ဓာကိုယ်တွင် သိုဝှက် သယ်ဆောင်လာသော ပလတ်စတစ်ကပ်ခွာအိတ်များဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၃၈၀၀၀ ပြား(ဒေ သကာလပေါက်စျေးတန်ဖိုးငွေကျပ် ၇၆၀ သိန်း)အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း မူးယစ်တပ်ဖွဲမှ သိရှိရသည်။
၎င်းအမှုနှင့်ပတ်သက်ပြီး ပြင်ဖြူနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။

0 comments:

Post a Comment