အောက်တိုဘာ ၂၃ ရက် ည ၆ နာရီခွဲချိန်ခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ဉ္ဓနမဟီရပ်ကွက် ၇၈လမ်းနဲ့ ၃၄ လမ်းထောင့် Sky Wall shopping mall ၃ လွှာအထပ်က LCCI စာရင်းကိုင်သင်တန်းတွင် သင်တန်းတက်ရောက်နေသော သင်တန်းသူတဦးကို ရည်းစားဖြစ်သူက ဓားဖြင့်ထိုးခဲ့သဖြင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်တွင် သေဆုံးသွားခဲ့သော သင်တန်းသူ မအေးမွန်သန့်ကိုသူမ၏ ရည်းစားဖြစ်သူ မောင်လတ်အောင် (ခ) အောင်အောင်မှ အရိုးအသွား ၁၀ လက်မခန့်ရှိသော စတီးဓားဖြင့် ထိုးလိုက် တာကြောင့် မအေးမွန်သန့်ရဲ့ ဝဲဘက်ရင်အုံထိုးသွင်းဒဏ်ရာ ၁ ချက် ဝဲရင်ညွန့်ထိုးသွင်းဒဏ်ရာ ၁ ချက် ယာဝမ်းဗိုက်ထိုးသွင်းဒဏ်ရာ ၁ ချက် ဒဏ်ရာတွေ ရရှိခဲ့တာဖြစ်ပြီး မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီးကို ပို့ဆောင်စဉ်တွင် သေဆုံးသွားခဲ့သည်။
အဆိုပါကျုးလွန်သူ မောင်လတ်အောင်(ခ)အောင်အောင်ကို ချက်ချင်း ဖမ်းဆီးရမိခဲ့ပြီး အမှတ် ၈ မြိုမရဲစခန်းတွင် (ပ)၆၉၅/၂၀၁၉ ရာဇသတ်ကြီးဥပဒေပုဒ်မ-၃၀၂ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရှိရပါသည်။
<<Zawgyi>>
မန္တလေးတွင် LCCI စာရင်းကိုင်သင်တန်းသူတစ်ဦးကို ရည်းစားဖြစ်သူက ဓားဖြင့်ထိုးသတ်
Thursday , October 24 , 2019
အောက်တိုဘာ ၂၃ ရက် ည ၆ နာရီခွဲချိန်ခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ဉ္ဓနမဟီရပ်ကွက် ၇၈လမ်းနဲ့ ၃၄ လမ်းထောင့် Sky Wall shopping mall ၃ လွှာအထပ်က LCCI စာရင်းကိုင်သင်တန်းတွင် သင်တန်းတက်ရောက်နေသော သင်တန်းသူတဦးကို ရည်းစားဖြစ်သူက ဓားဖြင့်ထိုးခဲ့သဖြင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်တွင် သေဆုံးသွားခဲ့သော သင်တန်းသူ မအေးမွန်သန့်ကိုသူမ၏ ရည်းစားဖြစ်သူ မောင်လတ်အောင် (ခ) အောင်အောင်မှ အရိုးအသွား ၁၀ လက်မခန့်ရှိသော စတီးဓားဖြင့် ထိုးလိုက် တာကြောင့် မအေးမွန်သန့်ရဲ့ ဝဲဘက်ရင်အုံထိုးသွင်းဒဏ်ရာ ၁ ချက် ဝဲရင်ညွန့်ထိုးသွင်းဒဏ်ရာ ၁ ချက် ယာဝမ်းဗိုက်ထိုးသွင်းဒဏ်ရာ ၁ ချက် ဒဏ်ရာတွေ ရရှိခဲ့တာဖြစ်ပြီး မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီးကို ပို့ဆောင်စဉ်တွင် သေဆုံးသွားခဲ့သည်။
အဆိုပါကျုးလွန်သူ မောင်လတ်အောင်(ခ)အောင်အောင်ကို ချက်ချင်း ဖမ်းဆီးရမိခဲ့ပြီး အမှတ် ၈ မြိုမရဲစခန်းတွင် (ပ)၆၉၅/၂၀၁၉ ရာဇသတ်ကြီးဥပဒေပုဒ်မ-၃၀၂ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရှိရပါသည်။
#Myanmar_Online_News #မန္တလေး #LCCI #သင်တန်းသူ
0 comments:
Post a Comment