နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်တွင် အောက်တိုဘာလ ၂၂ ရက်ကကျင်းပသော ပါတီဝင်အဆိုပြုလွှာ ပေးအပ်ပွဲတွင် ပြည်သူတွေ စိတ်ချမ်းသာပျော်ရွှင်မှ အစိုးရကောင်းတစ်ရပ်တစ်ရပ်ဖြစ်မည်ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှအလုပ်အမှုဆောင် ဦးဝေလွင်ကပြောကြားခဲ့သည်ဟု သိရှိရသည်။
“ တို့တတွေအိမ်မှာနေတာ ဘယ်လောက်ခေါင်းပြားအောင် စိတ်အေးလက်အေးနဲ့ နေနိုင်သလဲ၊ ဘယ်လောက် ပျော်ရွှင်နေလဲ၊ ဘယ်လောက်ပူပင်နေလဲ၊ အနီးစပ်ဆုံးပြောမယ်၊ ဝန်ထမ်းတွေ လကုန်ရက်ဆိုရင် မီတာခ ပြဿနာမရှိဘူးလား၊ အဲဒါပျော်ရွှင်တာမဟုတ်ဘူး၊ အဲဒီလိုပျော်ရွှင်မှုညွှန်းကိန်းတွေဟာ ဘယ်လောက်ပျော်ရွှင်လဲဆိုမှ စိတ်ချမ်းသာရမယ်၊ ငွေကြေးချမ်းသာရမယ်၊ ဒါမှသာအစိုးရကောင်းတစ်ရပ် ဖြစ်မယ်။ အဲဒီလိုအစိုးရကောင်းကိုဒီမတိုင်ခင် ဟိုးလွန်ခဲ့တဲ့ ၂၀၁၀ ကနေ ၂၀၁၅ အရင်ပြည်ခိုင်ဖြိုးအစိုးရတုန်းက မလုပ်နိုင်ခဲ့ဘူးလား။ လုပ်နိုင်ခဲ့တယ်” ဟုဦးဝေလွင်က ပြောကြားခဲ့ကြောင်း သိရှိရသည်။
၎င်းအပြင် “ နိုင်ငံတစ်နိုင်ငံရဲ့အစိုးရတစ်ရပ်ဘယ်လောက်တော်လဲ၊ အစိုးရတစ်ရပ်ရဲ့ စီမံခန့်ခွဲမှု ဘယ်လောက်ကောင်းလဲ ဆိုတာ ဆင်းရဲမွဲတေနုံချာ တရားဥပဒေစိုးမိုးမှုမရှိ၊ အမှုတွေဗရပွနဲ့ဆင်းရဲနေရင်တော့ အဲဒါကတော့ လုံးဝကို စီမံခန့်ခွဲမှုညံ့ဖျင်းတဲ့အစိုးရလို့သတ်မှတ်လို့ရတယ်” ဦးဝေလွင်က ပြောကြားခဲ့ကြောင်း သိရှိရသည်။
<<zawgyi>>
ပြည်သူတွေ စိတ်ချမ်းသာပျော်ရွှင်မှ အစိုးရကောင်းတစ်ရပ်တစ်ရပ်ဖြစ်မည်ဟု ပြည်ခိုင်ဖြိုးပါတီမှ ဦးဝေလွင် ပြော
Thursday , October 24 , 2019
နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်တွင် အောက်တိုဘာလ ၂၂ ရက်ကကျင်းပသော ပါတီဝင်အဆိုပြုလွှာ ပေးအပ်ပွဲတွင် ပြည်သူတွေ စိတ်ချမ်းသာပျော်ရွှင်မှ အစိုးရကောင်းတစ်ရပ်တစ်ရပ်ဖြစ်မည်ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှအလုပ်အမှုဆောင် ဦးဝေလွင်ကပြောကြားခဲ့သည်ဟု သိရှိရသည်။
“ တို့တတွေအိမ်မှာနေတာ ဘယ်လောက်ခေါင်းပြားအောင် စိတ်အေးလက်အေးနဲ့ နေနိုင်သလဲ၊ ဘယ်လောက် ပျော်ရွှင်နေလဲ၊ ဘယ်လောက်ပူပင်နေလဲ၊ အနီးစပ်ဆုံးပြောမယ်၊ ဝန်ထမ်းတွေ လကုန်ရက်ဆိုရင် မီတာခ ပြဿနာမရှိဘူးလား၊ အဲဒါပျော်ရွှင်တာမဟုတ်ဘူး၊ အဲဒီလိုပျော်ရွှင်မှုညွှန်းကိန်းတွေဟာ ဘယ်လောက်ပျော်ရွှင်လဲဆိုမှ စိတ်ချမ်းသာရမယ်၊ ငွေကြေးချမ်းသာရမယ်၊ ဒါမှသာအစိုးရကောင်းတစ်ရပ် ဖြစ်မယ်။ အဲဒီလိုအစိုးရကောင်းကိုဒီမတိုင်ခင် ဟိုးလွန်ခဲ့တဲ့ ၂၀၁၀ ကနေ ၂၀၁၅ အရင်ပြည်ခိုင်ဖြိုးအစိုးရတုန်းက မလုပ်နိုင်ခဲ့ဘူးလား။ လုပ်နိုင်ခဲ့တယ်” ဟုဦးဝေလွင်က ပြောကြားခဲ့ကြောင်း သိရှိရသည်။
၎င်းအပြင် “ နိုင်ငံတစ်နိုင်ငံရဲ့အစိုးရတစ်ရပ်ဘယ်လောက်တော်လဲ၊ အစိုးရတစ်ရပ်ရဲ့ စီမံခန့်ခွဲမှု ဘယ်လောက်ကောင်းလဲ ဆိုတာ ဆင်းရဲမွဲတေနုံချာ တရားဥပဒေစိုးမိုးမှုမရှိ၊ အမှုတွေဗရပွနဲ့ဆင်းရဲနေရင်တော့ အဲဒါကတော့ လုံးဝကို စီမံခန့်ခွဲမှုညံ့ဖျင်းတဲ့အစိုးရလို့သတ်မှတ်လို့ရတယ်” ဦးဝေလွင်က ပြောကြားခဲ့ကြောင်း သိရှိရသည်။
#Myanmar_Online_News #ဆင်းရဲ #အစိုးရ #ညံ့ဖျင်းမှု
0 comments:
Post a Comment