Wednesday, October 23, 2019

ချင်းပြည်နယ် ၊ တီတိန်မြို့နယ်၊ တုန်းဇံရွာရှိ အထက(ခွ )ကျောင်းမီးလောင် မှုကြောင့် စာဆက်သင်နိုင်ရန် စာသင်ခုံများအဓိကလိုအပ်နေ

Image may contain: 3 people, people sitting

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ တုန်းဇံရွာရှိ အထက(ခွဲ) ကျောင်း မီးလောင်မှုကြောင့် လက်ရှိ အခြေအနေထိ ကျောင်းသား/ သူများ ပညာသင်ကြားရာတွင် စာသင်ခုံများအဓိကလိုအပ်နေကြောင်း သိရသည်။

တုန်းဇံ လူငယ် ကို Sumpi က “ကျွန်တော်တို့ လက်ရှိမှာတော့ကျောင်း ဆောင် မရှိတဲ့အတွက် အပြင်မှာ စာသင်ရတာပေါ့၊ ပြီးတော့ ဘုရားကျောင်းတွေမှာ အလှူခံတာတွေရှိတယ်၊ ကိုယ်စီ တတ်နိူင်တဲ့ဘက်ကနေ ကူညီပေးကြတယ်၊ အဓိကတော့ ကျွန်တော်တို့မှာ ကလေးတွေ စာသင်နိူင်ဖို့ အဓိက ခုံတွေ လိုအပ်နေတယ်” ဟု ပြောသည်။
တုန်းဇန် အ.ထ.က(ခွဲ) ကျောင်းတွင်း မီးလောင်မှုသည် သီတင်းကျွတ်ကျောင်းပိတ်ရက်ပြန်သွားသည့် ကျောင်းဆရာမ တစ်ဦး၏ နေအိမ်မှ မီးလောင်မှု စတင်ဖြစ်ပွားခဲ့ပြီး တရားခံသိရှိနိုင်ရေး စုံစမ်းစစ်ဆေးလျက်ရှိကြောင်းသိရသည်။
လူမှုရေးဝန်ကြီး ဦးပေါင်လွင်မင်းထန်က “အခုလောင်သွားတာကကျောင်း တစ်ကျောင်းလုံးရဲ့ တစ်ဝတ်ကျော်လောက် လောင်သွားတာဖြစ်တယ်။ ပျက်စီးဆုံးရှုံးတဲ့ တန်ဖိုးက အားလုံး သန်း(၁၅၀)ကျော်လောက် ဆုံးရှုံးပျက်စီးသွားတာဖြစ်တယ် ဆိုတော့ ဒီဟာကို ပြန်ရဖို့က ပြည်ထောင် စုမှာလည်း မီးဘေးဒဏ်အနေနဲ့ တောင်းခံဖို့ စီစဉ်ထားတယ်။ လောလောဆယ် ကျောင်းသူကျောင်းသားတွေ စာသင်တာ မပျက်သွားအောင် ဘုရားကျောင်း မှာတွေ သင်ပေးဖို့ ပြင်ဆင်ပေးနေတယ်”ဟုပြောသည်။
တီးတိန်မြို့နယ် (TYF) မှ ကို မုန်နိူးက “အခုလောလောဆယ် ရွာရှိ ဘုရားကျောင်းတွေမှာ စာတွေသင်ပေးနေတယ်၊ စားပွဲ၊ထိုင်ခုံတွေတော့လုံ လောက်မှုမရှိသေးဘူး၊ TYF အဖွဲ့အနေနဲ့ ကျောင်းသား၊သူတွေအတွက် စားပွဲထိုင်ခုံ ၃၃စုံလှူဒါန်းဖို့ရှိတယ်၊ အခြားအဖွဲ့အစည်းများကလည်းဆက်သွယ်လှူဒါန်းချင်တာတွေရှိတယ်၊ ကျောင်းသူ/သားတွေအတွက် အရေးပေါ်လိုအပ်တာက ရေသန့်ထားဗူးများ၊ စာသင်ခုံ/စားပွဲတွေ လိုအပ်လျှက်ရှိနေသေးတယ်” ဟု ပြောသည်။
ကျောင်းသူ/ကျောင်းသားလေးများ ပညာရေးကို အေးချမ်းစွာ ဆက် လက်သင်ကြားစေရန် အလှူရှင်များလိုအပ်နေပြီး တက်နိုင်သလောက် သွားရောက်လှူဒါန်းမှုများ ပြုလုပ်ပေးဖို့ မေတ္တာရပ်ခံပါတယ်။
<zawgyi>
ချင်းပြည်နယ် ၊ တီတိန်မြို့နယ်၊ တုန်းဇံရွာရှိ အထက(ခွ )ကျောင်းမီးလောင် မှုကြောင့် စာဆက်သင်နိုင်ရန် စာသင်ခုံများအဓိကလိုအပ်နေ
Thursday , October 24 , 2019

0 comments:

Post a Comment