Thursday, October 24, 2019

သိန္နီမြို့နယ်နှင့် ကွမ်းလုံမြို့နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

Image may contain: 1 person, standingImage may contain: one or more people

အောက်တိုဘာလ ၂၃ ရက်နေ့ မနက် ၁၁ နာရီ ၃၀ မိနစ်တွင် အချိန်တွင် သိန္နီမြို့နယ်၊ နမ့်စလပ်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် မူးယစ်ဆေးဝါးသတင်းအရ သက်သေများနှင့်အတူ သိန္နီမြို့နယ်၊ စယ်အူကျေးရွာအုပ်စု၊ နမ့်ဆီးလီးကျေးရွာနေ ဘုန်းမြင့်နိုင်(ခ)အားဝမ် ၂၇ နှစ်၏နေအိမ်အား ဝင်ရောက်ရှာဖွေရာ ၎င်းအားနေအိမ်တွင်တွေ့ရှိပြီး နေအိမ်အိပ်ခန်း အတွင်းရှိ ဝါးပိုးဝါးအတွင်းမှ ပလတ်စတစ်ကပ်ခွာအိတ်များဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀ ပြား (ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် ၂၀ သိန်း)နှင့် မူးယစ်ဆေးဝါးသုံးစွဲရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်း များအား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း မူးယစ်တပ်ဖွဲ့မှ သိရှိရသည်။

အလားတူ ၎င်းနေ့ နေ့လည် ၁ နာရီ ၃၀ မိနစ်တွင် ကွမ်းလုံမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် မူးယစ်ဆေးဝါးသတင်းအရ သက်သေများနှင့်အတူ ကွမ်းလုံမြို့နယ်၊ စံပြကျေးရွာအုပ်စု၊ စံပြကျေးရွာနေ မရှောက်စန်း ၅၇ နှစ်နှင့် ၎င်း၏သားဖြစ်သူ အိုက်ချန် ၂၈ နှစ်တို့၏နေအိမ်အား ဝင်ရောက်ရှာဖွေရာ ၎င်းတို့အား နေအိမ်တွင်တွေ့ရှိပြီး နေအိမ် မှ ပလတ်စတစ်ကပ်ခွာအိတ်များဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၈၂၁၂ ပြား(ဒေသကာလပေါက်စျေး တန်ဖိုးငွေကျပ် ၁၆၄.၂၄ သိန်း)အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။
အဆိုပါဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးဝါးများနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာရဲစခန်းအသီးသီးတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုများရေးဖွင့်ပြီး ကွင်းဆက်များဖော်ထုတ် စစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။
<<zawgyi>>
သိန္နီမြို့နယ်နှင့် ကွမ်းလုံမြို့နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ
Thursday , October 24 , 2019

0 comments:

Post a Comment