Thursday, October 24, 2019

ကျောက်ကြီးမြို့နယ် စပ်လဲရေတံခွန်၌ ပျော်ပွဲစားထွက်ရင်း ရေဆော့ကစားရာမှ တစ်ဦး ရေနစ်သေဆုံး

Image may contain: outdoor, nature and water

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် ကျောက်ပုံတောင်အုပ်စုရှိ စပ်လဲ ရေတံခွန်သို့ အောက်တိုဘာလ ၂၃ ရက် မွန်းလွဲ ၂ နာရီခွဲအချိန်က ပျော်ပွဲစားထွက်ကာ ရေဆော့ကစားရာမှ တစ်ဦး ရေနစ်သေဆုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ သေဆုံးသူသည် ကျောက်ကြီးမြို့နယ် ထိန်တောကျေးရွာအုပ်စု ညောင်ဝိုင်း အလယ်စု ကျေးရွာနေသူ ပိုင်ဇင်မင်း (၁၃)နှစ်ဖြစ်ပြီး သူငယ်ချင်းများမိတ်ဆွေများနှင့်အတူ ပျော်ပွဲစားထွက်၍ စပ်လဲရေတံခွန်တွင် ရေကစားရာမှ ရေတံခွန်မှ ပြုတ်ကျကာ ရေနစ်ခဲ့ကြောင်းသိရသည်။
ရေနစ်သူအား အဆိုပါအချိန်မှစ၍ လိုက်လံရှာဖွေရာ အောက်တိုဘာလ ၂၄ ရက် နံနက် ၁၀နာရီခွဲခန့်တွင် ရေတံခွန်မှ ပြုတ်ကျ၍ ကျောက်ဆောင်နှင့်တိုက်မိကာ ဝဲနားထင်၊ ဝဲပါး ပေါက်ပြဲဒဏ်ရာ နှုတ်ခမ်းပြာ ခြေကုတ်၊ လက်ကုတ် ဒဏ်ရာများဖြင့် ပြင်ပဒဏ်ရာမတွေ့ရှိရဘဲ သေဆုံးနေသည်ကိုတွေ့ရှိရကြောင်းရဲမှတ်တမ်းအရသိရသည်။
သို့ပါ၍ ရေနစ်သေဆုံးသူ ပိုင်ဇင်မင်း သေဆုံးမှူအား ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်မဟုတ် ကျောက်ကြီးမြို့မရဲစခန်းမှ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကိုသားကြီး(ကျောက်ကြီး)
<zawgyi>
ကျောက်ကြီးမြို့နယ် စပ်လဲရေတံခွန်၌ ပျော်ပွဲစားထွက်ရင်း ရေဆော့ကစားရာမှ တစ်ဦး ရေနစ်သေဆုံး
Thursday , October 24 , 2019

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် ကျောက်ပုံတောင်အုပ်စုရှိ စပ်လဲ ရေတံခွန်သို့ အောက်တိုဘာလ ၂၃ ရက် မွန်းလွဲ ၂ နာရီခွဲအချိန်က ပျော်ပွဲစားထွက်ကာ ရေဆော့ကစားရာမှ တစ်ဦး ရေနစ်သေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ သေဆုံးသူသည် ကျောက်ကြီးမြို့နယ် ထိန်တောကျေးရွာအုပ်စု ညောင်ဝိုင်း အလယ်စု ကျေးရွာနေသူ ပိုင်ဇင်မင်း (၁၃)နှစ်ဖြစ်ပြီး သူငယ်ချင်းများမိတ်ဆွေများနှင့်အတူ ပျော်ပွဲစားထွက်၍ စပ်လဲရေတံခွန်တွင် ရေကစားရာမှ ရေတံခွန်မှ ပြုတ်ကျကာ ရေနစ်ခဲ့ကြောင်းသိရသည်။
ရေနစ်သူအား အဆိုပါအချိန်မှစ၍ လိုက်လံရှာဖွေရာ အောက်တိုဘာလ ၂၄ ရက် နံနက် ၁၀နာရီခွဲခန့်တွင် ရေတံခွန်မှ ပြုတ်ကျ၍ ကျောက်ဆောင်နှင့်တိုက်မိကာ ဝဲနားထင်၊ ဝဲပါး ပေါက်ပြဲဒဏ်ရာ နှုတ်ခမ်းပြာ ခြေကုတ်၊ လက်ကုတ် ဒဏ်ရာများဖြင့် ပြင်ပဒဏ်ရာမတွေ့ရှိရဘဲ သေဆုံးနေသည်ကိုတွေ့ရှိရကြောင်းရဲမှတ်တမ်းအရသိရသည်။
သို့ပါ၍ ရေနစ်သေဆုံးသူ ပိုင်ဇင်မင်း သေဆုံးမှူအား ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်မဟုတ် ကျောက်ကြီးမြို့မရဲစခန်းမှ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကိုသားကြီး(ကျောက်ကြီး)
#Myanmar_Online_News

0 comments:

Post a Comment