ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် နေရပ်စွန့်ခွာသူများအတွက် ဖွင့်လှစ်ထားသည့် စခန်းများသို့ ရောက်ရှိနေကြသော နေရပ်စွန့်ခွာသူများသည် ၎င်းတို့၏ သဘောဆန္ဒအရ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လျက်ရှိရာ အောက်တိုဘာ ၂၂ ရက်အထိ ပြန်လည်ဝင်ရောက်သူ ၃၅၁ ဦးရှိပြီဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့အခြေစိုက် မြန်မာသံရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။
မြန်မာနိုင်ငံ အနေဖြင့် မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့၏ နှစ်နိုင်ငံ သဘောတူညီချက်အရ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေး ကိစ္စရပ်များကို ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၂၃ ရက်မှ စတင်ကာ အဆင်သင့် အနေထားဖြင့် လိုအပ်သည်များကို ကြိုတင်ဆောင်ရွက်ထားရှိပြီး ဖြစ်သော်လည်း ပြန်လည်ဝင်ရောက်လာသူ မရှိသေးကြောင်း သို့ရာတွင် ၎င်းတို့၏ သဘောဆန္ဒအရ မိသားစုလိုက် ပြန်လည်ဝင်ရောက်လာမှုများရှိကြောင်း သိရှိရသည်။
ပြန်လည် ဝင်ရောက်လာသူများအား တစ်ဦးချင်း လုံခြုံရေးဆိုင်ရာ ရှာဖွေစစ်ဆေးခြင်း၊ အသက် ၁၀ နှစ်အထက် ရှိသူများကို NV Card ထုတ်ပေးခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှုနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြောင်းနှင့် လှဖိုးခေါင် ယာယီနေရာချထားရေး စခန်းသို့ လွှဲပြောင်းပို့ဆောင်ပေးကာ ဆန်၊ ဆီ၊ ဆား၊ ပဲနှင့် Kitchen Set များအား ထောက်ပံ့ပေးအပ်ခဲ့ပြီးနောက် သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရှိရသည်။
<<zawgyi>>
မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်သူ ဘင်္ဂါလီဒုက္ခသည် ၃၅၁ ဦးရှိပြီး ၎င်းတို့အား ထောက်ပံ့ပစ္စည်းများ ပေးအပ်
Thursday , October 24 , 2019
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် နေရပ်စွန့်ခွာသူများအတွက် ဖွင့်လှစ်ထားသည့် စခန်းများသို့ ရောက်ရှိနေကြသော နေရပ်စွန့်ခွာသူများသည် ၎င်းတို့၏ သဘောဆန္ဒအရ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လျက်ရှိရာ အောက်တိုဘာ ၂၂ ရက်အထိ ပြန်လည်ဝင်ရောက်သူ ၃၅၁ ဦးရှိပြီဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့အခြေစိုက် မြန်မာသံရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။
မြန်မာနိုင်ငံ အနေဖြင့် မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့၏ နှစ်နိုင်ငံ သဘောတူညီချက်အရ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေး ကိစ္စရပ်များကို ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၂၃ ရက်မှ စတင်ကာ အဆင်သင့် အနေထားဖြင့် လိုအပ်သည်များကို ကြိုတင်ဆောင်ရွက်ထားရှိပြီး ဖြစ်သော်လည်း ပြန်လည်ဝင်ရောက်လာသူ မရှိသေးကြောင်း သို့ရာတွင် ၎င်းတို့၏ သဘောဆန္ဒအရ မိသားစုလိုက် ပြန်လည်ဝင်ရောက်လာမှုများရှိကြောင်း သိရှိရသည်။
ပြန်လည် ဝင်ရောက်လာသူများအား တစ်ဦးချင်း လုံခြုံရေးဆိုင်ရာ ရှာဖွေစစ်ဆေးခြင်း၊ အသက် ၁၀ နှစ်အထက် ရှိသူများကို NV Card ထုတ်ပေးခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှုနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြောင်းနှင့် လှဖိုးခေါင် ယာယီနေရာချထားရေး စခန်းသို့ လွှဲပြောင်းပို့ဆောင်ပေးကာ ဆန်၊ ဆီ၊ ဆား၊ ပဲနှင့် Kitchen Set များအား ထောက်ပံ့ပေးအပ်ခဲ့ပြီးနောက် သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရှိရသည်။
0 comments:
Post a Comment