အောက်တိုဘာလ ၂၃ ရက်နေ့ ညနေ ၄ နာရီ ၄၅ တွင် ကျောက်ဆည်ခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေများနှင့်အတူ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ လက်ပံကျေးရွာနေ မောင်မန်(ခ)စိုးဝင်း ၃၆ နှစ်၏နေအိမ်နှင့် မညို(ခ) မဂျိုမ ၃၀ နှစ်တို့၏နေအိမ်အား ဝင်ရောက်ရှာဖွေရာ မောင်မန်(ခ)စိုးဝင်း ၏နေအိမ်ခြံစည်းရိုးအနီးမှ မြေကျင်းတူး သိုဝှက်သိမ်းဆည်းထားသော ပလတ်စတစ်ကပ်ခွာအိတ်များဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၁၉၀၀ ပြား (ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် ၅၇ သိန်း)နှင့် မူးယစ်ဆေးဝါးသုံးစွဲရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအားလည်းကောင်း၊ မညို၏နေအိမ်နောက်တဲအတွင်းမှ ပလတ်စတစ်ကပ်ခွာအိတ်များဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၂၁၀၀ ပြား(ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် ၆၃ သိန်း)အားလည်းကောင်း တွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း မူးယစ်တပ်ဖွဲ့မှ သိရှိရသည်။
၎င်းအမှုနှင့်ပတ်သက်ပြီး ကျောက်ဆည်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေဖြင့် အမှုများရေးဖွင့်ပြီး ကွင်းဆက်များဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။
<<zawgyi>>
ကျောက်ဆည်မြို့နယ်တွင် နေအိပ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ
Thursday , October 24 , 2019
အောက်တိုဘာလ ၂၃ ရက်နေ့ ညနေ ၄ နာရီ ၄၅ တွင် ကျောက်ဆည်ခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေများနှင့်အတူ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ လက်ပံကျေးရွာနေ မောင်မန်(ခ)စိုးဝင်း ၃၆ နှစ်၏နေအိမ်နှင့် မညို(ခ) မဂျိုမ ၃၀ နှစ်တို့၏နေအိမ်အား ဝင်ရောက်ရှာဖွေရာ မောင်မန်(ခ)စိုးဝင်း ၏နေအိမ်ခြံစည်းရိုးအနီးမှ မြေကျင်းတူး သိုဝှက်သိမ်းဆည်းထားသော ပလတ်စတစ်ကပ်ခွာအိတ်များဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၁၉၀၀ ပြား (ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် ၅၇ သိန်း)နှင့် မူးယစ်ဆေးဝါးသုံးစွဲရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအားလည်းကောင်း၊ မညို၏နေအိမ်နောက်တဲအတွင်းမှ ပလတ်စတစ်ကပ်ခွာအိတ်များဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၂၁၀၀ ပြား(ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် ၆၃ သိန်း)အားလည်းကောင်း တွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း မူးယစ်တပ်ဖွဲ့မှ သိရှိရသည်။
၎င်းအမှုနှင့်ပတ်သက်ပြီး ကျောက်ဆည်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေဖြင့် အမှုများရေးဖွင့်ပြီး ကွင်းဆက်များဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။
#Myanmar_Online_News #ကျောက်ဆည်မြို့နယ် #စိတ်ကြွရူးသွပ်ဆေးပြား
0 comments:
Post a Comment