Tuesday, October 22, 2019

မကွေးမြို့တွင် အသက်(၁၀)နှစ်သမီးကို အသက်(၅၉)နှစ်ရှိ အမျိုးသားက အဓမ္မပြုကျင့်မှုဖြစ်ပွား

Image may contain: outdoor

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ အောင်မေတ္တာ(ဃ) ရပ်ကွက်တွင် (၁၀) နှစ်သမီးကို အိမ်နီချင်းနေထိုင်သူက ဖြားယောင်းသွေးဆောင်ကာ အဓမ္မပြုကျင့်မှု အောက်တိုဘာလ ၂၂ရက် ညနေ (၅)နာရီအချိန်က ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှ သိရှိရသည်။

အောင်မေတ္တာ(ဃ)ရပ်ကွက်နေထိုင်သူ ဒေါ်.... (၆၅)နှစ်သည် ညီမဖြစ်သူ၏ နေအိမ်သို့ ဗွီဒီယိုကြည့်ရန် သွားရောက်ရာလမ်းတွင် အိမ်နီးချင်းဖြစ်သူဒေါ်....မှ နောက်မှပြေးလိုက်လာပြီး "မြေးဖြစ်သူ (၁၀) နှစ်သမီးကို အိမ်နီချင်းဖြစ်သူ ဦး.....(၅၉)နှစ်မှ ၎င်း၏နေအိမ်ပေါ်တွင် သားမယားအဖြစ်ပြုကျင့်နေသည်ကို တွေ့မြင်ခဲ့ရ ကြောင်း”ပြောပြသဖြင့် ဦး....(၅၉)နှစ်၏ နေအိမ်သို့ ချက်ချင်းသွားရောက်ကြည့်ရှုခဲ့ကြောင်း သိရှိရသည်။
ဦး... (၅၉)နှစ်၏နေအိမ်သို့ သွားရောက်ကြည့်ရှုရာ မြေးဖြစ်သူမ.....(၁၀)နှစ်အား အဝတ်အစားဖရိုဖရဲဖြင့် တွေ့ရပြီး မေးမြန်းရာ ၎င်းကလေးမှ "ဦး.....(၅၉)နှစ်က လက်ဖက်ရည်ထုပ်ဝယ်ခိုင်းသဖြင့် လက်ဖက်ရည်ထုပ်ဝယ်၍ သွားရောက်ပေးဆောင်စဉ်လက်ကိုအတင်းဆွဲခေါ်၍ သားမယားအဖြစ်တစ်ကြိမ် ပြုကျင့်ခဲ့ ကြောင်း” ပြန်လည်ဖြေကြားခဲ့သဖြင့်ဒေါ်...သည် မြေးဖြစ်သူ မ...အား ခေါ်ဆောင်၍ ရပ်ကွက်အုပ်ချုပ်ရေးမှုးထံတွင် သွားရောက်အသိပေးပြောကြားခဲ့ကြောင်း သိရှိရသည်။
ဒေါ်.....၏ တရားလိုပြုလုပ်တိုင်တန်းချက်နှင့်အညီ ဦး......(၅၉)နှစ်ကို မကွေးနယ်မြေရဲစခန်းမှ ပအမှတ်(ပ)၆၁၅/၂၀၁၉ ရာဇသတ်ကြီးပုဒ်မ ၃၇၆/၃၆၃ဖြင့် အမှုရေးဖွင့်ထားပြီး စစ်ဆေးဆောင်ရွက်လျှက်ရှိနေကြောင်း သိရှိရသည်။
<<zawgyi>>
မကွေးမြို့တွင် အသက်(၁၀)နှစ်သမီးကို အသက်(၅၉)နှစ်ရှိ အမျိုးသားက အဓမ္မပြုကျင့်မှုဖြစ်ပွား
Wednesday , October 23 , 2019

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ အောင်မေတ္တာ(ဃ) ရပ်ကွက်တွင် (၁၀) နှစ်သမီးကို အိမ်နီချင်းနေထိုင်သူက ဖြားယောင်းသွေးဆောင်ကာ အဓမ္မပြုကျင့်မှု အောက်တိုဘာလ ၂၂ရက် ညနေ (၅)နာရီအချိန်က ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှ သိရှိရသည်။
အောင်မေတ္တာ(ဃ)ရပ်ကွက်နေထိုင်သူ ဒေါ်.... (၆၅)နှစ်သည် ညီမဖြစ်သူ၏ နေအိမ်သို့ ဗွီဒီယိုကြည့်ရန် သွားရောက်ရာလမ်းတွင် အိမ်နီးချင်းဖြစ်သူဒေါ်....မှ နောက်မှပြေးလိုက်လာပြီး "မြေးဖြစ်သူ (၁၀) နှစ်သမီးကို အိမ်နီချင်းဖြစ်သူ ဦး.....(၅၉)နှစ်မှ ၎င်း၏နေအိမ်ပေါ်တွင် သားမယားအဖြစ်ပြုကျင့်နေသည်ကို တွေ့မြင်ခဲ့ရ ကြောင်း”ပြောပြသဖြင့် ဦး....(၅၉)နှစ်၏ နေအိမ်သို့ ချက်ချင်းသွားရောက်ကြည့်ရှုခဲ့ကြောင်း သိရှိရသည်။
ဦး... (၅၉)နှစ်၏နေအိမ်သို့ သွားရောက်ကြည့်ရှုရာ မြေးဖြစ်သူမ.....(၁၀)နှစ်အား အဝတ်အစားဖရိုဖရဲဖြင့် တွေ့ရပြီး မေးမြန်းရာ ၎င်းကလေးမှ "ဦး.....(၅၉)နှစ်က လက်ဖက်ရည်ထုပ်ဝယ်ခိုင်းသဖြင့် လက်ဖက်ရည်ထုပ်ဝယ်၍ သွားရောက်ပေးဆောင်စဉ်လက်ကိုအတင်းဆွဲခေါ်၍ သားမယားအဖြစ်တစ်ကြိမ် ပြုကျင့်ခဲ့ ကြောင်း” ပြန်လည်ဖြေကြားခဲ့သဖြင့်ဒေါ်...သည် မြေးဖြစ်သူ မ...အား ခေါ်ဆောင်၍ ရပ်ကွက်အုပ်ချုပ်ရေးမှုးထံတွင် သွားရောက်အသိပေးပြောကြားခဲ့ကြောင်း သိရှိရသည်။
ဒေါ်.....၏ တရားလိုပြုလုပ်တိုင်တန်းချက်နှင့်အညီ ဦး......(၅၉)နှစ်ကို မကွေးနယ်မြေရဲစခန်းမှ ပအမှတ်(ပ)၆၁၅/၂၀၁၉ ရာဇသတ်ကြီးပုဒ်မ ၃၇၆/၃၆၃ဖြင့် အမှုရေးဖွင့်ထားပြီး စစ်ဆေးဆောင်ရွက်လျှက်ရှိနေကြောင်း သိရှိရသည်။

0 comments:

Post a Comment