ထိုင်းနိုင်ငံ၊ ချင်းဒေါင်ဒေသမှ မြန်မာရွှေ့ပြောင်းလုပ်သားမိသားစု (၃)ဦးကို သတ်ပြီး ရွှေနှင့် ဘတ် (၆)သိန်းဝန်းကျင်ကို ယူဆောင်သွားသည့် လူသတ်မှုမှ သံသယရှိသူ မြန်မာတစ်ဦး လွတ်မြောက်နေဆဲဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့ထံက သိရှိရသည်။
အဆိုပါမိသားစု (၃)ဦး နေအိမ်အတွင်း သေဆုံးနေသည်ကို ရဲတပ်ဖွဲ့က အောက်တိုဘာလ (၂၂)ရက်နေ့ နံနက် (၉)နာရီ၌ သတင်းရရှိခဲ့ခြင်းဖြစ်သည်ဟု ၎င်းနေ့မှာပင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရာ “သတ်တဲ့သူက ဓါးရော၊ တူရော သုံးပြီး လူသုံးယောက်ကို သတ်သွားတယ်။ အတော်ရက်ရက်စက်စက် လုပ်သွားတာပဲ။ အသတ်ခံရတဲ့ အမျိုးသားနဲ့ သူ့ဇနီးကို ဓါးနဲ့ခုတ်ပြီး သူတို့ကလေးကို တူနဲ့ ထုသွားတာ”ဟု ရဲချုပ်က ပြောကြားခဲ့ကြောင်း သိရှိရသည်။
သေဆုံးသွားသည့် မိသားစုမှာ စိုက်ပျိုးရေးခြံတွင် အလုပ်လုပ်ကိုင်နေကြသည့် အသက် (၄၀)အရွယ် ကျန်သ ဇနီဖြစ်သူ အသက် (၅၅)နှစ်အရွယ် အွန် နန်းဆိုင်နှင့် သမီးဖြစ်သူ အသက် (၂၈)နှစ်အရွယ် ခန်တို့ဖြစ်ကြောင်း သိရပြီး ၎င်းတို့အား သတ်သွားသူမှာ ရင်းနှီးသူထဲမှဖြစ်မည်ဟု ရဲတပ်ဖွဲ့က ခန့်မှန်းထားပြီး ၎င်းမိသားစုသည် အလုပ်ကြိုးစားကာ ငွေကြေးစုဆောင်းသူများဖြစ်ကြောင်း အိမ်နီးချင်းများထံ သိရှိရသည်။
<<zawgyi>>
ထိုင်းနိုင်ငံတွင် မြန်မာ မိသားစုကိုသတ်၍ ပစ္စည်းလုယူမှု ဖြစ်ပွား
Wednesday , October 23 , 2019
ထိုင်းနိုင်ငံ၊ ချင်းဒေါင်ဒေသမှ မြန်မာရွှေ့ပြောင်းလုပ်သားမိသားစု (၃)ဦးကို သတ်ပြီး ရွှေနှင့် ဘတ် (၆)သိန်းဝန်းကျင်ကို ယူဆောင်သွားသည့် လူသတ်မှုမှ သံသယရှိသူ မြန်မာတစ်ဦး လွတ်မြောက်နေဆဲဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့ထံက သိရှိရသည်။
အဆိုပါမိသားစု (၃)ဦး နေအိမ်အတွင်း သေဆုံးနေသည်ကို ရဲတပ်ဖွဲ့က အောက်တိုဘာလ (၂၂)ရက်နေ့ နံနက် (၉)နာရီ၌ သတင်းရရှိခဲ့ခြင်းဖြစ်သည်ဟု ၎င်းနေ့မှာပင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရာ “သတ်တဲ့သူက ဓါးရော၊ တူရော သုံးပြီး လူသုံးယောက်ကို သတ်သွားတယ်။ အတော်ရက်ရက်စက်စက် လုပ်သွားတာပဲ။ အသတ်ခံရတဲ့ အမျိုးသားနဲ့ သူ့ဇနီးကို ဓါးနဲ့ခုတ်ပြီး သူတို့ကလေးကို တူနဲ့ ထုသွားတာ”ဟု ရဲချုပ်က ပြောကြားခဲ့ကြောင်း သိရှိရသည်။
သေဆုံးသွားသည့် မိသားစုမှာ စိုက်ပျိုးရေးခြံတွင် အလုပ်လုပ်ကိုင်နေကြသည့် အသက် (၄၀)အရွယ် ကျန်သ ဇနီဖြစ်သူ အသက် (၅၅)နှစ်အရွယ် အွန် နန်းဆိုင်နှင့် သမီးဖြစ်သူ အသက် (၂၈)နှစ်အရွယ် ခန်တို့ဖြစ်ကြောင်း သိရပြီး ၎င်းတို့အား သတ်သွားသူမှာ ရင်းနှီးသူထဲမှဖြစ်မည်ဟု ရဲတပ်ဖွဲ့က ခန့်မှန်းထားပြီး ၎င်းမိသားစုသည် အလုပ်ကြိုးစားကာ ငွေကြေးစုဆောင်းသူများဖြစ်ကြောင်း အိမ်နီးချင်းများထံ သိရှိရသည်။
#Myanmar_Online_News #ထိုင်းနိုင်ငံ #ျမန္မာ #မိသားစု ကိုသတ်၍ ပစ္စည်းမှု ဖြစ်ပွား
0 comments:
Post a Comment