ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့နယ် မကျီးကုန်းကျေးရွာအနီး ရန်ကုန်-ပြည်ကားလမ်း မိုင်တိုင်အမှတ် (၁၂၀/၃) နှင့် (၁၂၀/၄)အကြားတွင် ရန်ကုန်ဘက်မှ ပြည်ဘက်သို့မောင်းနှင်နေသော ၂၂ ဘီး ကုန်တင်ယာဉ်အား နောက်မှ ခရီးသည်တင်ယာဉ်မှ အရှိန်မထိန်းနိုင်ဘဲ နောက်မှ ဝင်တိုက်မှုကို အောက်တိုဘာ ၂၂ ရက် ည ၁၂ နာရီခန့်က ဖြစ်ပွားခဲ့သည်။
အဆိုပါယာဉ်တိုက်မှုကြောင့် ခရီးသည်တင်ယာဉ်မှ ယာဉ်နောက်လိုက် ကိုအောင်ထက် (၃၀)နှစ်သည် ကားခေါင်းပိညှပ်၍ အခင်းဖြစ်နေရာတွင် သေဆုံးသွားပြီး ယာဉ်မောင်းကို သက်နိုင်အောင် (၂၇)နှစ်နှင့် ယာဉ်နောက်လိုက် အရဂျွန် (၂၄)နှစ်တို့သည် မြို့နယ်ပြည်သူ့ ဆေးရုံတွင် အတွင်းလူနာအဖြစ် ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။
ဖြစ်စဉ်နှင့် ပတ်သက်၍ ခရီးသည်တင်ယာဉ်အား မဆင်မခြင်မောင်းနှင်သူ ကိုသက်နိုင်အောင်အား ကြို့ပင်ကောက် မြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြို့ပင်ကောက် မြို့မရဲစခန်းမှ သိရသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)
<zawgyi>
ကြို့ပင်ကောက်မြို့နယ်တွင် ရှေ့မှ မောင်းနှင်နေသော ၂၂ ဘီးကုန်တင်ယာဉ်ကို နောက်မှခရီးသည်တင်ယာဉ်မှ အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်မှုဖြစ်ပွား
Wednesday , October 23 , 2019
ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့နယ် မကျီးကုန်းကျေးရွာအနီး ရန်ကုန်-ပြည်ကားလမ်း မိုင်တိုင်အမှတ် (၁၂၀/၃) နှင့် (၁၂၀/၄)အကြားတွင် ရန်ကုန်ဘက်မှ ပြည်ဘက်သို့မောင်းနှင်နေသော ၂၂ ဘီး ကုန်တင်ယာဉ်အား နောက်မှ ခရီးသည်တင်ယာဉ်မှ အရှိန်မထိန်းနိုင်ဘဲ နောက်မှ ဝင်တိုက်မှုကို အောက်တိုဘာ ၂၂ ရက် ည ၁၂ နာရီခန့်က ဖြစ်ပွားခဲ့သည်။
အဆိုပါယာဉ်တိုက်မှုကြောင့် ခရီးသည်တင်ယာဉ်မှ ယာဉ်နောက်လိုက် ကိုအောင်ထက် (၃၀)နှစ်သည် ကားခေါင်းပိညှပ်၍ အခင်းဖြစ်နေရာတွင် သေဆုံးသွားပြီး ယာဉ်မောင်းကို သက်နိုင်အောင် (၂၇)နှစ်နှင့် ယာဉ်နောက်လိုက် အရဂျွန် (၂၄)နှစ်တို့သည် မြို့နယ်ပြည်သူ့ ဆေးရုံတွင် အတွင်းလူနာအဖြစ် ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။
ဖြစ်စဉ်နှင့် ပတ်သက်၍ ခရီးသည်တင်ယာဉ်အား မဆင်မခြင်မောင်းနှင်သူ ကိုသက်နိုင်အောင်အား ကြို့ပင်ကောက် မြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြို့ပင်ကောက် မြို့မရဲစခန်းမှ သိရသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)
#Myanmar_Online_News
0 comments:
Post a Comment