Saturday, February 29, 2020

ထိုင်းမြန်မာနယ်စပ် မဲဆောက်ကို ထွက်ပြေးလာသူလူသတ်တရားခံအဖြစ် သံသယရှိသူ (၄)ဦးအား ဖမ်းဝရမ်းထုတ်ပြန်

ဖေဖေါ်ဝါရီလ ၂၅ ရက်နေ့က၊ ထိုင်းနိုင်ငံ ကမ်ဖယ်ဖက် ခရိုင်၊ ပင်းမြစ်တွင်းမှာ လူသေအလောင်း Mr Jun Wang (ဂျန်း၀မ်)၏ ခရီး‌ဆောင်အိတ် တစ်လုံး တွေ့ရှိ ရာက သေဆုံးသူဟာ အသက် (၃၀) အရွယ် တရုတ်နိုင်ငံမှ လာရောက်ခဲ့သူ တရုတ်နိုင်သား ဂျန်း၀မ် ဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့ က ထုတ်ပြန်ခဲ့ပြီး ဒီကနေ့ ဖေဖေါ်ဝါရီလ ၂၉ ရက်နေမှာတော့ လူသတ်မှုရဲ့ အဓိက တရားခံများအဖြစ် တရုတ်နိုင်ငံသားလေးဦးကို ဖမ်း၀ရမ်းထုတ်ပြန်ခဲ့ပါတယ်။...

မင်းဘူးမြို့နယ် ဧရာဝတီတံတားအနီး တိုးဂိတ်တွင် အထောက်အထားမဲ့ ဘင်္ဂါလီ (၇)ဦး ဖမ်းဆီးရမိ

ဧရာဝတီတံတားအနီးတွင် ကားများကို အသေးစိတ်စစ်ဆေးရေး ပြုလုပ်နေစဉ် ယနေ့ မတ်(၁)ရက်နေ့ နံနက် (၆)နာရီ ၄၅မိနစ်အချိန်ခန့်တွင် ငဖဲဘက်မှ မောင်းနှင်လာသည့် ယာဉ်တစ်စီးပေါ်မှ အထောက်အထားမဲ့ ဘင်္ဂါလီ (၇)ဦး ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။...

၂၀၂၀ ပြည့်နှစ် မတ်လ ၁ရက်နေ့ (တနင်္ဂနွေနေ့) နိုင်ငံတကာလုံခြုံရေး၊ ကာကွယ်ရေးနှင့် စစ်ရေးဆိုင်ရာသတင်းများ စုစည်းမှု

၁။ အမေရိကန် နိုင်ငံကာကွယ်ရေးဝန်ကြီးဌာနသည် ယူကရိန်း အပါအဝင် မဟာမိတ်နိုင်ငံများအတွက် Javelin anti-tank missile systems ထုတ်လုပ်ခြင်းအတွက် စာချုပ်သစ်တစ်ရပ် ချုပ်ဆိုခဲ့ခြင်း။ စာချုပ်အမှတ် W31P4Q-19-C-0059၊ စာချုပ်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၈ သန်းရှိပြီး "Raytheon/Lockheed Martin Javelin JV, Tucson, Arizona ကုမ္ပဏီ များရရှိခဲ့ခြင်းဖြစ်ကြောင်းနှင့် ၂၀၂၀ ခုနှစ် ဇွန်လ ၂၅ ရက်နေ့တွင် လုပ်ငန်း များအပြီးသတ်ဆောင်ရွက်ရမည့်ရက်စွဲဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး...

မြန်မာအစိုးရမှ တရုတ်နိုင်ငံသို့ ဆန်တန်ချိန် ၂၀၀ ပေးပို့လှူဒါန်း

ယနေ့ မတ်လ ၁ရက်နေ့တွင် မြန်မာအစိုးရမှ တရုတ်နိုင်ငံသို့ ဆန်တန်ချိန် ၂၀၀ ပေးပို့ လှူဒါန်းသည့်အခမ်းအနားကို ရန်ကုန်မြို့၊ ရွှေပြည်သာစက်မှုဇုံ ၄ ရှိ ကနောင်မင်းသားကြီးလမ်း အမှတ် ၇၀ ၌ ပြုလုပ်ခဲ့သည်။...

အမေရိကန်ပြည်ထောင်စုတွင် ကိုရိုနာဗိုင်းရပ်စ် စိုးရိမ်မှုကြောင့် အစုရှယ်ယာစျေးများ အဆိုးဆုံးကျဆင်း

အမေရိကန်ပြည်ထောင်စုမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ စတင်တွေ့ရှိလာနေတဲ့အတွက် ခိုင်မာနေတဲ့ အမေရိကန်စီးပွားရေးအပေါ် ခြိမ်းခြောက်မှုတွေ ဖြစ်လာနေပြီး ဒီဗိုင်းရပ်စ်ပိုး ကူးစက်မှုက သမ္မတ Trump အစိုးရအတွက်တော့ နိုင်ငံရေးအရ အကြီးမားဆုံး စိန်ခေါ်မှုတွေထဲက တခု ဖြစ်လာနေကြောင်း သိရသည်။...

ဝူဟန် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ (၂၉၇၇ ) ဦး နှင့် ကူးစက်ခံရသူ (၈၆၆၁၂) ဦးအထိရှိလာပြီး မနေ့ကနှင့်နှိုင်းယှဉ်ပါက သေဆုံးသူ (၁၀၁)ဦး ၊ ရောဂါကူးစက်ခံရသူ(၂၄၃၁)ဦးမြင့်တက်လာခဲ့

ဝူဟန်ဗိုင်းရပ်စ်ကြောင့် သေဆုံးသူအရေအတွက်မှာ မတ်လ ၁ ရက်နေ့ နံနက် ၇:၃၀အချိန်အထိ သေဆုံးသူ စုစုပေါင်း (၂၉၇၇) ဦးရှိလာပြီဖြစ်ကြောင်း တရုတ်ဆေးဘက်ဆိုင်ရာ အရာရှိများက ပြောသည်။...

Friday, February 28, 2020

ဂျပန်တွင် ဆိုက်ကပ်ထားသော အပန်းဖြေဇိမ်ခံသင်္ဘော Diamond Princess ပေါ်မှ ဗြိတိသျှနိုင်ငံသား ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသွား

ဂျပန်နိုင်ငံ၊ ယူကိုဟားမားဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသော အပန်းဖြေဇိမ်ခံ Diamond Princess ပေါ်တွင် လိုက်ပါသော ဗြိတိန်နိုင်ငံသားတစ်ဦး ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုကြောင့် သေဆုံးသွားပြီဖြစ်ကြောင်း ဂျပန်အာဏာပိုင်များက ထုတ်ပြန်ကြေညာသည်။...

ဖက်ဒရယ် ဒီမိုကရေစီ ကိုသွားမည်ဆိုပါက ပုဒ်မ ၂၆၁ ကို ပြင်ကိုပြင်ရမည်ဟု ပြည်ခိုင်ဖြိုးအမတ်ပြော

ဖက်ဒရယ်ဒီမိုကရေစီကို သွားမည်ဆိုပါက ပုဒ်မ၂၆၁ ကိုပြင်ကိုပြင်ရမည်ဖြစ်ပြီး ဝန်ကြီးချုပ်ကို သက်ဆိုင်ရာတိုင်းဒေသကြီး ပြည်နယ်များက စိတ်တိုင်းကျ ရွေးချယ်ရမည်ဖြစ်ကြောင်း ကျောင်းကုန်းမဲဆန္ဒနယ်မှ လွှတ် တော်ကိုယ်စားလှယ် ဦးသိန်းထွန်းက ဖေဖော်ဝါရီ ၂၈ ရက်တွင် မီဒီယာများနှင့်တွေ့ဆုံစဉ်ပြောကြားခဲ့သည်...

ထိုင်းရှိ ရွှေ့ပြောင်းကျောင်းများမှ ကျောင်းသား/သူ (၁၃၅)ဦး မြဝတီစာစစ်ဌာနတွင် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ လာရောက်ဖြေဆိုမည်

ထိုင်းနိုင်ငံရှိ မြန်မာရွွှေ့ပြောင်းကျောင်းများမှ ကျောင်းသား/သူ (၁၃၅)ဦးသည် ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့နယ်စာစစ်ဌာနတွင် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ လာရောက်ဖြေဆိုမည်ဟု သိရသည်။...

သက်ကယ်ရိတ်သူ(၃)ဦး တောဆင်ရိုင်းနှင့်ပက်ပင်တိုး၍ ထွက်ပြေးရာ လွတ်မြောက်ခဲ့သော်လည်း အသက် ကြီးအမျိုးသမီး တစ်ဦး ရွာရောက်မှ နှလုံးရပ်သေဆုံး

တိုက်ကြီးမြို့နယ် ကျွဲဘုတ်ကျေးရွာအုပ်စု ၊လဟာမငယ်ရွာနေ ဒေါ်စန်းနု (၅၂)နှုစ်(ဘ)ဦးစံချို ၊ကရင်/ဗုဒ္ဓ၊ ကျဘမ်း၊ဒေါ်ဝင်းရွှေ(၅၄)နှစ်(ဘ)ဦးလွန်းတင် ကရင်/ဗုဒ္ဓ ကျဘမ်း၊ဒေါ်နော်သာဖော့(၆၈)နှစ်၊(ဘ)ဦးစောလူး၊ကရင်/ခရစ်ယာန်တို့(၃)ဦးသည် လဟာမငယ်ကျေးရွာအရှေ့ဘက်(၂)မိုင်ခန့်အကွာ ဒေသအခေါ် စံမင်းစိတ် တောအတွင်းဖေဖော်ဝါ်ရီ (၂၈)ရက်နေ့ နက်(၆)နာရီ အချိန်ခန့်က သက်ကယ်ရိတ်သွားခဲ့ရာ သက်ကယ်ရိတ်ပြီးပြန်လာစဉ် လမ်းချိုးအကွေ့အရောက်တွင် တောဆင်ရိုင်းနှင့်ပေ(၃၀)အကွာခန့်တွင် လှမ်းမြင်ရ၍...

မန်ပန်ပြည်သူ့စစ်က တပ်စခန်းဆောက်လုပ်ရန် ကျေးရွာ ၈ ရွာက ဒေသခံတွေအား လိုအပ်သည့်ပစ္စည်းများပါယူလာရန် စာပို့ခေါ်

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်အတွင်းမှာရှိတဲ့ ကျေးရွာ ၈ ရွာက ဒေသခံတွေကို ဖေဖော်ဝါရီလ ၂၄ ရက် နေ့စွဲနဲ့ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးထံ မန်ပန်ပြည်သူ့စစ်က ၎င်းတို့ရဲ့စခန်းကို ဆောက်လုပ်ပေးဖို့ စာပို့ခေါ်ခဲ့တယ်လို့ သိရပါတယ်။...

လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့သွားတဲ့ ကလေးငယ်ကိုရေနှစ်နှိပ်စက်တဲ့ အဒေါ်နဲ့အဖွားကို ထောင်(၅)နှစ်စီချမှတ်

အင်တာနက်ပေါ်မှာ နာမည်ကြီးသွားတဲ့ မြောက်ဥက္ကလာပမြို့နယ်က ကလေးကို ရေနှစ်နှိပ်စက်တယ်ဆိုတဲ့ သားအမိနှစ်ယောက်ကို ဒီနေ့ဖေဖော်ဝါရီလ(၂၈)ရက်နေ့မှာတော့ မြောက်ဥက္ကလာပမြို့နယ်တရားရုံးက ထောင်ဒဏ်(၅) နှစ်စီ ချမှတ်လိုက်ပါတယ်။...

လျှပ်စစ်မီတာဘောက်များကို အမြန်ကြေးယူတပ်ဆင်ခြင်းနှင့် ဘက်လိုက်တပ်ဆင်ခြင်းများ ဖြစ်ပေါ်နေ

ရန်ကုန်တိုင်းဒေသကြီး ၊ဒဂုံမြို့သစ်(ဆိပ်ကမ်းမြို့နယ်)အတွင်း ရပ်ကွက်တချို့တွင် လျှပ်စစ်မီတာဘောက်များကို အမြန်ကြေးယူ၍ မြို့နယ် EPC ဝန်ထမ်းများလာရောက်တပ်ဆင်ပေးနေမှုများရှိနေကြောင်း ဒဂုံမြို့သစ်(ဆိပ်ကမ်းမြို့နယ်) ၁၆၈ ရပ်ကွင်နေပြည်သူများထံမှသိရသည်။...

စစ်တွေမြို့ သိန်းရွှေဝင်း ဆန်ပွဲရုံပိုင်ရှင်၏ ဇနီး ယနေ့နနံက်ပိုင်းတွင် လုယက်သတ်ဖြတ်ခံရ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ အိုးတန်းရပ်ကွက်၊ ဆန်ပွဲရုံတန်းတွင် ယနေ့ နံနက်က အမျိုးသမီး တစ်ဦး လုယက်သတ်ဖြတ်ခံခဲ့ရကြောင်း သတင်းရရှိသည်။...

မူဆယ်မြို့ နန်းတော်စစ်ဆေးရေးဂိတ်တွင် လက်နက်ငယ် နှစ်လက် သိမ်းဆည်းရမိ

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့ နှစ်နိုင်ငံ ပြည်ဝင်ပြည်ထွက် နန်းတော် စစ်ဆေးရေးဂိတ်မှာ ဖေဖေါ်ဝါရီလ ၂၈ ရက်နေ့ မနက် ၇ နာရီခွဲ အချိန်ခန့်က ပစ္စတို သေနတ် ၂ လက် ၊ကျည်ဘောက် ၃ ခု နဲ့ ကျည်ဆံ ၂၈ ထောင့်သိမ်းဆည်းရရှိခဲ့ကြောင်းသိရှိရပါတယ်...

ဧပြီလ ၇ ရက်မှစ၍ အိန္ဒိယနိုင်ငံ အင်ဖာမြို့နှင့် မြန်မာနိုင်ငံ မန္တလေးမြို့အကြား ဘတ်စ်ကားလိုင်း ပြေးဆွဲတော့မည်

အိန္ဒိယနိုင်ငံ အင်ဖာနှင့် မြန်မာနိုင်ငံ မန္တလေးမြို့အကြား ဘတ်စ်ကားလိုင်း ပြေးဆွဲမှုကို ၂၀၂၀ ပြည့်နှစ် ဧပြီလ ၇ ရက်မှစ၍ ပြုလုပ်မည်ဖြစ်ကြောင်း သမ္မတဦးဝင်းမြင့်၏ အိန္ဒိယချစ်ကြည်ရေးခရီးစဉ်အတွင်း နှစ်နိုင်ငံကြေညာချက်များအရ သိရသည်။...

တာချီလိတ်မြို့ ၊ မယ်ခေါင်(၃)လမ်းရှိ မိန်းသံတိုသံစသတ္တုပစ္စည်းဟောင်းများ ရောင်းဝယ်ရေးဆိုင်၌ ဗုံးပေါက်ကွဲမှု ဖြစ်ပွား

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ မယ်ခေါင်(၃)လမ်းရှိ မိန်းသံတိုသံစ သတ္တုပစ္စည်းဟောင်းများ ရောင်းဝယ်ရေးဆိုင် တွင် အလုပ်လုပ်နေသူ ဒေါ်မိုးအောင်(ဘ) ဦးထွန်းဝင်းသည် ဖေဖော်ဝါရီလ (၂၇)ရက်နေ့ နံနက် ၁၁ နာရီ မိနစ် ၄၀ ခန့်တွင် ဂိုဒေါင်အတွင်းစုပုံထား သော သံတိုသံစသတ္တုဟောင်းများအတွင်းမှ ဗုံးသီးဟောင်း တစ်လုံးအား သတ္တုများထုတ် ယူရန် ဗုံးသီးဟောင်းထိပ်ရှိ သတ္တုအား တူဖြင့်ထုရိုက်စဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ သဖြင့် ဒေါ်မိုးအောင်တွင် ဗုံးသီးစထိမှန်ဒဏ်ရာ...

Thursday, February 27, 2020

မြန်မာနိုင်ငံကို မော်ဒိုက်မှ ICJ တွင် တရားစွဲရန် ပြင်ဆင်မှုသည် အင်အားရှိတိုင်းလုပ်နေတာမျိုးက လက်ခံနိုင်စရာမရှိကြောင်း NLD ပါတီပြောရေးဆိုခွင့်ရှိသူေြပာၾကား

မော်ဒိုက်နိုင်ငံမှ မြန်မာနိုင်ငံအပေါ် ICJ အထူးတရားရုံးတွင် တရားစွဲရန်ပြင်ဆင်လာမူသည် နိုင်ငံရေးအရ မရိုးသားမူများရှိနေပြီဖြစ်ကြောင်း NLD ပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်ကယူဆသည်...

ထိုင်းနိုင်ငံ ကုန်တိုက်ထဲတွင် ခင်ပွန်းဖြစ်သူမှ ဆေးကြောင်၍ ဇနီးဖြစ်သူအား သေနတ်ဖြင့် လိုက်လံပစ်ခတ်

ထိုင်းနိုင်ငံမှာ ခုလပိုင်းအတွင်း မြို့တွင်းလူနေထူထပ်ရပ်ကွက်နဲ့ ကုန်တိုက်ကြီးတွေထဲ သေနတ်နဲ့ဝင်ရောက်ပစ်ခတ်မှု ၄ ကြိမ်ဖြစ်ပွားခဲ့ပြီးနောက် ဖေဖော်ဝါရီ ၂၇ ရက် ညနေပိုင်းကလည်း ကုန်တိုက်ကြီးတခုထဲမှာ ပစ်ခတ်မှုထပ်မံဖြစ်ပွားခဲ့ပါတယ်။...

ဧရာဝတီတိုင်းတွင် ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို အသက် (၇၄)နှစ်အရွယ်အဘိုးမှ (၅၀)ကြိမ် မြောက်ဖြေဆိုမည်

ဧရာဝတီတိုင်းဒေသကြီး ၊ မော်လမြိုင်ကျွန်းမြို့မှ အဘိုး ဦးသိန်းညွန့် (၇၄) နှစ်သည် ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို အက–၃၁၀၅ ဖြင့် အလက တောရကျောင်း စာစစ်ဌာနတွင် ဖြေဆိုနိုင်ရန် ပြင်ဆင်နေကြောင်း သိရသည်။...

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို ထိန်းချုပ်သည့်အနေဖြင့် တိုကျို ဒစ်စနေးဥယျာဉ် ၂ ပတ်ကျော်ပိတ်မည်

COVID-19 ကူးစက်မှုကို ထိမ်းချုပ်သည့်အနေဖြင့် တိုကျိုဒစ်စနေးဥယျာဉ်(Tokyo Disneyland)အား ဖေဖေါ်ဝါရီ ၂၉ ရက်မှ မတ် ၁၅ ရက်အထိ ပိတ်ထားမည်ဖြစ်ကြောင်း ဒေသခံ မီဒီယာများတွင် ရေးသားဖော်ပြထားကြသည်။...

မြောက်ကိုရီးယားခေါင်းဆောင် အသစ်ထုတ်ပြန်လိုက်တဲ့အမိန့်အရ ကိုရိုနာဗိုင်းရပ် သံသယရှိသူ အရာရှိတစ်ဦးအား သေနတ်ဖြင့် ပစ်သတ်

တရုတ်နိုင်ငံက ပြန်လာတဲ့ မြောက်ကိုရီးယားအရာရှိတစ်ဦးဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရတယ်လို့ သံသယရှိတာကြောင့် ပစ်သတ်ခံလိုက်ရတယ်လို့ New York Post သတင်းမှာ ဖော်ပြထားပါတယ်။...

မိုင်းတွမ်းမြို့နယ်အတွင်း ဆေးပြားရိုက် စက်အစိတ်အပိုင်း၊ လက်နက်/ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတွမ်းမြို့နယ်အတွင်း မူးယစ်ဆေးဝါး၊ တရားမဝင် သတ္တုတူးဖော်မှုနှင့် သစ်ထုတ်လုပ်မှုမရှိစေရေးအတွက် လုံခြုံရေးဆောင်ရွက်နေသောတပ်ဖွဲ့ ဝင်များသည် ဖေဖော်ဝါရီလ (၂၇) ရက်နေ့ ညနေ ၅ နာရီခန့်တွင် မိုင်းတွမ်းမြို့၏ မြောက်ဘက် မီတာ ၉၀၀၀ ခန့်အကွာရှိတောအတွင်းမှ ပွိုင့်-၂၂ သေနတ် တစ်လက်၊ ၎င်းင်းကျည်အိမ်တစ်ခု၊ ၎င်းင်းကျည် ၄၁ တောင့်အား ပိုင်ရှင်မဲ့သိမ်းဆည်းရမိခဲ့သည်။ ...

အီရန်၌ ဒုတိယသမ္မတအပါအဝင် အစိုးရအဖွဲ့ဝင် ၇ ဦးတို့တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်လျှက်ရှိပြီး ၁ ဦး သေဆုံး

အီရန်နိုင်ငံအစိုးရအဖွဲ့ဝင် ၇ ဦးတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခြင်းခံရကြောင်း တွေ့ရှိခဲ့ရာ အမျိုးသမီးရေးရာ ဒုတိယသမ္မတဖြစ်သူ Masoumeh Ebtekar မဆောမဲအီဘက်တီဂါလည်းပါဝင်သည်ဟု New York Times က ယနေ့ရေးသားသည်။...

အမေရိကန် ရေတပ် ကင်းထောက်လေယာဉ်ကို တရုတ်ကဖျက်သင်္ဘောအပေါ်မှ စစ်သုံးလေဆာဖြင့် လှမ်းထောက်

အမေရိကန်ရေတပ်ရဲ့ ပီ-၈ အမျိုးအစား ကင်းထောက်လေယာဉ်တစ်စင်းကို တရုတ် ဖျက်သင်္ဘောတစ်စင်းက စစ်သုံး လေဆာနဲ့ လှမ်းထောက်ခဲ့တယ်လို့ အမေရိကန်စစ်ဘက်က အခုလ ၂၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။...

မြန်မာ့ပဲများ တိုးမြှင့်ဝယ်ယူပေးရေးအပါအဝင် မြန်မာလူငယ်များကို အင်္ဂလိပ်စာဖွံ့ဖြိုးရေး သင်တန်းများကူညီရေးမြန်မာ-အိန္ဒိယဆွေးနွေး

အိန္ဒိယသမ္မတနိုင်ငံကိုချစ်ကြည်ရေးခရီး ရောက်ရှိနေတဲ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊နိုင်ငံတော်သမ္မတဦးဝင်းမြင့်နဲ့ အိန္ဒိယသမ္မတနိုင်ငံဝန်ကြီးချုပ် ရှရီနရန်ဒရာမိုဒီတို့ဟာ ဖေဖော်ဝါရီ (၂၇)ရက်က Hyderabad House ရှိ Nilgiri Room မှာ တွေ့ဆုံခဲ့ကြပါတယ်။ တွေ့ဆုံပွဲမှာ မြန်မာနိုင်ငံက ပဲစဉ်းငုံ၊ မတ်ပဲနဲ့ ပဲတီစိမ်းတို့ကို အိန္ဒိယနိုင်ငံက မက်ထရစ် တန်ချိန် (၄) သိန်းအထိ တိုးမြှင့်ဝယ်ယူသွားဖို့ နိုင်ငံတော်သမ္မတဦးဝင်းမြင့်က အိန္ဒိယ ဝန်ကြီးချုပ်ကို မေတ္တာရပ်ခံဆွေးနွေးခဲ့ရာအိန္ဒိယနိုင်ငံဖက်က...

ကိုရိုနာဗိုင်းရပ်စ်ကူ းစက်မှုထိန်းချုပ်ရန် ဂျပန်မှာ ကျောင်းများအားလုံး ပိတ်ထားမည်

ဂျပန်နိုင်ငံမှာ COVID-19 ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှု ထိန်းချုပ်တားဆီးရန်အတွက် စာသင်ကျောင်းများအားလုံးကို ပိတ်ထားမယ်လို့ ဆိုပါတယ်။ စာသင်ကျောင်းတွေကို တစ်လနီးပါး ပိတ်ထားမှ ဖြစ်ကြောင်း သိရသည်။...

အိန္ဒိယအမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ်က ဥပဒေကြောင်းအာမခံချက် ပေးပြီးသည့်တိုင် နယူးဒေလီ ၃-နေရာ၌ မငြိမ်မသက်မှုများဖြစ်ပွားခဲ့။ အမေရိကန်သမ္မတရောက်ရှိနေခိုက် ဘာသာရေးဆန်သော အဓိကရုန်းနှင့် တင်းမာမှုများ ၅-ရက် ဆက်တိုက်ဖြစ်ပွား

အိန္ဒိယနိုင်ငံ နယူးဒေလီ၏ နေရာ ၃- နေရာတွင် မီးရှို့ဖျက်ဆီးမှု၊ မငြိမ်သက်မှုသတင်းများဆက်လက် ထွက်ပေါ်ခဲ့ကြောင်း၊ မြို့တော်၏ အဓိကရုန်းဘေးဒါဏ်သင့် နယ်မြေများသို့ အိန္ဒိယအမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ် အာဂျစ်ဒိုဗဲလ် ကိုယ်တိုင် ကွင်းဆင်းကြည့်ရှု့၍ အစိုးရက ငြိမ်ဝပ်ပိပြားရေးပြန်လည်ဆောင်ကျဉ်းပေးမည် ဖြစ်ကြောင်း ပုဂ္ဂလိကအာမခံချက်ပေးခဲ့ပြီးနောက်ပိုင်း နာရီအနည်းငယ်အကြာ၌ဖြစ်သည်ဟု အိန္ဒိယ NDTV က ယနေ့ရေးသားသည်။...

ဝူဟန် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ (၂၈၁၄ ) ဦး နှင့် ကူးစက်ခံရသူ (၈၂၆၈၂) ဦးအထိရှိလာပြီး မနေ့ကနှင့်နှိုင်းယှဉ်ပါက သေဆုံးသူ (၄၃)ဦး ၊ ရောဂါကူးစက်ခံရသူ(၁၂၈၃)ဦးမြင့်တက်လာခဲ့

ဝူဟန်ဗိုင်းရပ်စ်ကြောင့် သေဆုံးသူအရေအတွက်မှာ ဖေဖော်ဝါရီလ၂၈ ရက်နေ့ နံနက် ၇:၃၀အချိန်အထိ သေဆုံးသူ စုစုပေါင်း (၂၈၁၄ ) ဦးရှိလာပြီဖြစ်ကြောင်း တရုတ်ဆေးဘက်ဆိုင်ရာ အရာရှိများက ပြောသည်။...

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတဦးဝင်းမြင့်၏ အိန္ဒိယသမ္မတနိုင်ငံချစ်ကြည်ရေးခရီးစဉ်အတွင်း ထုတ်ပြန်သည့်မြန်မာ-အိန္ဒိယပူးတွဲကြေညာချက်

၁။ အိန္ဒိယသမ္မတနိုင်ငံ၊ သမ္မတ ရှရီ ရမ် နက်သ် ကိုဗင့်ဒ် နှင့် ဇနီး ရှရီမတီ ဆာဗီးတာ ကိုဗင့်ဒ် တို့၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီး ဒေါ်ချိုချိုတို့သည် အိန္ဒိယနိုင်ငံသို့ ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်မှ ၂၉ ရက်အထိ ချစ်ကြည်ရေးခရီးသွားရောက်လျက်ရှိသည်။ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဗုဒ္ဓဂါယာနှင့် တပ်ဂျ်မဟာ အပါအဝင် အိန္ဒိယနိုင်ငံရှိ သမိုင်းနှင့် ယဉ်ကျေးမှုဆိုင်ရာ...

နေပြည်တော်ကောင်စီမှ တက္ကသိုလ်ဝင်တန်း စာမေးပွဲအတွက် အသိပေးကြေညာချက်ထုတ်ပြန်

တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုမည့် (၁၁-၃-၂၀၂၀) ရက်နေ့မှ (၂၀-၃-၂၀၂၀) ရက်နေ့အတွင်း စာမေးပွဲဖြေဆိုမည့် ကျောင်းသား/ကျောင်းသူများ ယာဉ်အန္တရာယ် ကင်းရှင်းစေရေးအတွက် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ အမြန်လမ်းမကြီးများ၊ အဝေးပြေးလမ်းမကြီးများ၊ မြို့တွင်းလမ်းများနှင့် မြို့ရှောင်လမ်းများတွင် ဖြတ်သန်းမောင်းနှင်မည့် မော်တော်ယာဉ်များအနေဖြင့် ယာဉ်စည်းကမ်း၊ လမ်း စည်းကမ်းနှင့်အညီ မောင်းနှင်ကြရန်နှင့် အရှိန်လျှော့ မောင်းနှင်ကြရန်အတွက် အသိပေး ကြေညာအပ်ပါ...

မြိတ်တွင် အမျိုးသမီးတစ်ဦး ဓါးထိုးခံရပြီး သေဆုံး

ယနေ့ ဖေဖေါ်ဝါရီလ ၂၇ ရက်နေ့၊ နံနက် ၆ နာရီခွဲခန့်က မြိတ်မြို့၊ရေပုန်းနယ်မြေ၊ အောင်ချမ်းသာရပ်တွင် အမျိုးသမီးတစ်ဦး ဓါးထိုးခံရပြီးသေဆုံးသွားကြောင်းသိရသည်။...

ဝူဟန့်မြို့ရှိ တရုတ်တိုင်းရင်းဆေးရုံတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကုသပေးလျက်ရှိ

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ်ရှိ ကိုရိုနာဗိုင်းရပ်စ်ရောဂါ အဓိက ဖြစ်ပွားရာနေရာဖြစ်သည့် ဝူဟန့် မြို့တွင် တရုတ်တိုင်းရင်းဆေးပညာဖြင့် ကုသပေးနေသည့် ယာယီဆေးရုံတစ်ခုသို့ တက်ရောက်ကုသမှုခံယူနေသော လူနာ ၂၃ ဦးသည် ပထမ အသုတ် အဖြစ် ဖေဖော်ဝါရီ ၂၆ ရက်က ဆေးရုံမှ ဆင်းသွားခဲ့ကြပြီး ဖြစ်ကြောင်း သိရသည်။...

အမှုကိုကျေအေးလိုခြင်းမရှိကြောင်း သရုပ်ဆောင် မေသန်းနု ထွက်ဆိုသောကြောင့် လာမည့် မတ်လ ၁၀ ရက်တွင် အမှုစတင်စစ်ဆေးမည်

ယနေ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်တရားရုံး၌ တတိယအကြိမ် ရုံးချိန်းတွင် ငွေကြေးလိမ်လည်မှုဖြင့် တရားစွဲဆိုခံရမှုအပေါ် ကျေအေးစေလိုခြင်း ဆန္ဒမရှိကြောင်း သရုပ်ဆောင် မေသန်းနုက တရားခွင်တွင် ထွက်ဆိုခဲ့သည်။...

ထီးလိုမင်းလို ဘုရားကြီး အထက်ဌာပနာတော်သွင်းလှူခြင်း၊ စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော် တင်လှူပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာအခမ်းအနားကျင်းပ

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ၂၀၁၆ ခုနှစ် ၊ သြဂုတ် ၂၄ ရက်တွင် အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် မန္တလေးတိုင်း ဒေသကြီး ၊ ညောင်ဦးမြို့နယ်၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ထီးလိုမင်းလိုဘုရားကြီး အထက်ဌာပနာ တော်သွင်းလှူခြင်း၊ စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော်တင်လှူပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေက အနေ ကဇာတင် မဟာမင်္ဂလာအခမ်းအနားသို့ တက်ရောက်ခဲ့သည်။...

ဗစ်တိုးရီးယားအမှုကိစ္စနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့တာဝန်ရှိသူများကို မြန်မာနိုင်ငံလွတ်လပ်သော ရှေ့နေများအသင်းမှ စတင်တရားစွဲဆိုတော့မည်ဖြစ်ကြောင်း သိရ

ဗစ်တိုးရီးယားကိစ္စနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့တာဝန်ရှိသူများကို စတင်တရားစွဲဆိုတော့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံလွတ်လပ်သော ရှေ့နေများအသင်း အထွေထွေအတွင်းရေးမှူး တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက ပြောသည်။...

Wednesday, February 26, 2020

မိုင်းတွမ်းမြို့နယ်တွင် ငွေကျပ်သိန်းပေါင်း ၂၁၀၀၀ ခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါး များနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းတွမ်းမြို့နယ်တွင် ငွေကျပ်သိန်းပေါင်း ၂၁၀၀၀ ခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါး များနှင့်လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်သည်။...

လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ အမာခံနယ်မြေဖြစ်သည့် ကော့မှူးမြို့နယ်တွင် ဦးဌေး အောင် ဝင်ရောက်ယှဉ်ပြိုင်မည်

လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အမာခံမဲဆန္ဒနယ် မြေဖြစ်သည့် ကော့မှူးမြို့နယ်တွင် ဦးဌေးအောင်မှ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။...

ကိုရိုနာဗိုင်းရပ်စ်စတင်ဖြစ်ပွားရာ ဝူဟန်ရှိ မြန်မာနိုင်ငံသား ၂ဦးကို အိန္ဒိယလေတပ်က ခေါ်ယူပေး

ကိုရိုနာဗိုင်းရပ်စ်စတင်ဖြစ်ပွားရာ တရုတ်နိုင်ငံ ဝူဟန်မြို့မှာရှိနေတဲ့ မြန်မာနိုင်ငံသား ကျောင်းသား၊ ကျောင်းသူ (၂) ဦးကို ဒီကနေ့ ဖေဖော်ဝါရီ ၂၇ ရက်နေ့မှာအိန္ဒိယလေတပ် လေယာဉ် Globemasterနဲ့ အိန္ဒိယနိုင်ငံကို ဘေးကင်းလုံခြုံမှုရှိစွာ ခေါ်ဆောင်ထားတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးက ထုတ်ပြန်ထားပါတယ်...

ကယားပြည်နယ် မဲဆန္ဒနယ် အမှတ်-၉ မှ ဦးစိုးသိန်းရဲ့ဆွေးနွေးချက် လွှတ်တော်မှတ်တမ်းကနေ မပယ်ဖျက်ကြောင်း နာယကကြေညာ

ဖေဖော်ဝါရီလ ၂၆ ရက်နေ့ နေ့လည်ပိုင်းတွင် ကန့်ကွက်ခံခဲ့ရတဲ့ ပြည်ခိုင်ဖြိုးအမတ် ဦးစိုးသိန်းရဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးဆွေးနွေးချက်တွေဟာလွှတ်တော်မှတ်တမ်းကနေ ပယ်ဖျက်ရလောက်တဲ့ စကားရပ်တွေမတွေ့ရှိရကြောင်း ယနေ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင်ကျင်းပသော ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ်က ကြေညာလိုက်သည်။...

စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့တွင် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအား အရေးယူပေးရန် ဆန္ဒပြတောင်း ဆို

စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ် ငါးလုံးတင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအား အရေးယူပေးရန် ဒေသခံအချို့ ဖေဖော်ဝါရီ ၂၆ ရက် နံနက်ပိုင်းက ဆန္ဒထုတ်ဖော်ခဲ့ကြသည်။...

ဒေလီမြို့ ပဋိပက္ခအတွင်း လူ ၂၀ သေဆုံးပြီးနောက် သတ်မှတ်ချိန်အတွင်း အပြင်မထွက်ရအမိန့် ထုတ်ပြန်ရန် တောင်းဆို

အိန္ဒိယနိုင်ငံ ဒေလီမြို့တွင် ဟိန္ဒူနှင့်မူဆလင်များအကြား ပဋိပက္ခကြောင့် လူ ၂၀ သေဆုံးပြီးနောက် ဒေလီမြို့တော် ဝန်ကြီးချုပ်က သတ်မှတ်ချိန်အတွင်း အပြင်မထွက်ရအမိန့်ကို ထုတ်ပြန်ရန် တောင်းဆိုခဲ့သည်။ ထို့နောက် ဖေဖော်ဝါရီ ၂၆ ရက်တွင် ဒေလီမြို့ရှိ လမ်းများထက်တွင် အဓိကရုဏ်းနှိမ်နင်းရေးရဲများ ကင်းလှည့်နေသည်ကို တွေ့ရသည်။...

တရုတ်နိုင်ငံတွင်း COVID-19 ပြန့်ပွားမှုကို ဧပြီလကုန်တွင် ထိန်းချုပ်နိုင်မည်ဟု ပညာရှင်ပြောကြား

တရုတ်နိုင်ငံတွင် ဖြစ်ပွားလျှက်ရှိသော COVID-19 ကူးစက်ပြန့်ပွားနေမှုကို လာမည့် ဧပြီလကုန်တွင် ထိန်းချုပ်နိုင်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံ COVID-19 ပညာရှင်အဖွဲ့ခေါင်းဆောင် မစ္စတာ ကျုံးနန်ရှန်းက ကွမ်ကျိုးမြို့တွင် ယနေ့(ဖေဖေါ်ဝါရီ ၂၇)ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင်ပြောသည်။...

ထီးလိုမင်းလိုဘုရားကြီး ရွှေထီးတော်တင်လှူခြင်းနှင့် ဗုဒ္ဓဘိသေကအနေကဇာတင် မဟာမင်္ဂလာအခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တက်ရောက်ကြည်ညို

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်သော ပုဂံရှေးဟောင်း ယဉ်ကျေးမူနယ်မြေရှိ ထီးလိုမင်းလိုဘုရားကြီး အထက်ဌာပနာတော် သွင်းလှူခြင်း၊ စိန်ဖူးတော် ငှက်မြတ် နားတော် ရွှေထီးတော် တင်လှူခြင်းနှင့် ဗုဒ္ဓဘိသေက အနေကဇာတင် မဟာမင်္ဂလာ အခမ်းအနားသို့ တက်ရောက် ကြည်ညိုခဲ့ကြောင်း သိရသည်။...

မန္တလေးမြို့ကျက်သရေဆောင် မဟာမြတ်မုနိဘုရားကြီးအတွင်းတော် ရွှေမိုက်ထုတ်ရာမှ ရွှေပိဿာ ၃ ပိဿာရရှိ

မန္တလေးမြို့က မဟာမြတ်မုနိဘုရားကြီး ယခုနှစ်ရွှေမိုက်ထုတ်တာအတွင်းတော်က ၃ ပိဿာ ရပါတယ်။ ရတဲ့ ရွှေပြားကြီးနဲ့ ထုတ်ပေးတဲ့ မိုက်သူကြီး ဦးမောင်ကြီးမြေး ကိုသန်းလွင် တို့နဲ့အတူ အမှတ်တရ မှတ်တမ်းတင်ပါတယ်...

ICJတွင် ရခိုင်ပြည်နယ် ဘင်္ဂါလီအရေး မြန်မာနိုင်ငံနှင့်တရားရင်ဆိုင်ရန် မော်လ်ဒိုက်နိုင်ငံက ရှေ့နေအေမယ်ကလူနီကို ငှားရမ်းထားဟုဆို

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က ဘင်္ဂါလီအရေး နဲ့ ပတ်သက်ပြီးတော့ ကုလသမဂ္ဂမှာ တရားရင်ဆိုင်ဖို့ မော်လ်ဒိုက်နိုင်ငံက နာမည်ကြီး လူ့အခွင့်အရေး ရှေ့နေ အေမယ်ကလူနီကို ငှားရမ်းလိုက်ပြီဖြစ်ပါတယ်...