Wednesday, March 4, 2020

မြောက်ဦးတွင် AAသောင်းကျန်းသူအဖွဲ့မှ ပစ်ခတ်လိုက်သော လက်နက်ကြီးကျည် ကျေးရွာအတွင်းကျရောက်ပေါက်ကွဲ၍ စာမေးပွဲဖြေဆိုနေသည့် ကျောင်းသားများ ထွက်ပြေး

Image may contain: outdoor

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်နဲ့ မင်းပြားမြို့နယ်အကြားမှာ မတ်လ ၄ ရက်နေ့ မနက် ၁၀ နာရီကျော်လောက်က တပ်မတော်နဲ့ အေအေသောင်းကျန်းသူအဖွဲ့တို့တိုက်ပွဲတွေဖြစ်ပွားခဲ့ကြပါတယ်။

အဲ့ဒီတိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာဟာ မြောက်ဦးမြို့နယ်အရှေ့ဘက် ပိုးဖြူကျွန်းကျေးရွာကနေ ပင်းပြားမြို့နယ် မြောက်ဘက်အစွန်ဆုံး ပန်းမြောင်းကျေးရွာဘက်ကို လေးမြို့မြစ်အတွင်း ဖြတ်သန်းနေတဲ့ ကူးတို့လှေကို အေအေဘက်က ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ဒေခသံတွေရဲ့ပြောဆိုချက်အရသိရပါတယ်။
အဲ့ဒီတိုက်ပွဲအတွင်း နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ကြပြီး ထိခိုက်မှုတွေမရှိခဲ့ကြောင်းနဲ့ အနီးဝန်းကျင်က ကျေးရွာသားတွေကတော့ နီးစပ်ရာကျေးရွာတွေကို ထွက်ပြေးနေကြတယ်လို့ ဆိုပါတယ်။
“မနက် ၉ နာရီလောက်မှာ စစ်ကြောင်းက ကျွန်တော်တို့ရွာကနေဖြတ်သွားတယ်။ ၁၁ နာရီမထိုးခင်လောက်မှာ ပစ်ခတ်သံတွကိုကြားလိုက်ရတယ်။ သူတို့မြစ်ကူးနေတဲ့အချိန် ကူးတို့လှေကို ပစ်ခတ်ခဲ့တယ်လို့ သိရတယ်။AAအဖွဲ့က လက်နက်ကြီးကျည်က ရွာထဲကျလာလို့ လောလော ဆယ် တော့ ရွာကလူအများစုနဲ့ စာမေးပွဲဖြေဆိုနေကြတဲ့ကျောင်းသူကျောင်းသားတွေလည်း ထွက်ပြေးသွားခဲ့ကြတယ်လို့ "ကျောက်တွင်းကုန်းကျေးရွာသားတစ်ဦးက ပြောပါတယ်။
“လက်နက်ကြီးပစ်ခတ်သံကြားတော့ ကလေးတွေစာမေးပွဲဖြေဆိုနေတဲ့အချိန် အကုန်လုံးက ကြောက်ပြီးတော့ သူတို့အိမ်တွေကို ထွက်ပြေးသွားခဲ့ကြတယ်။ စာမေးပွဲဆက်မဖြေခဲ့ကြတော့ဘူး။”လို့ ပန်းမြောင်းကျေးရွာသားတစ်ဦးက ပြောပါတယ်။
>>Zawgyi<<
မြောက်ဦးတွင် AAသောင်းကျန်းသူအဖွဲ့မှ ပစ်ခတ်လိုက်သော လက်နက်ကြီးကျည် ကျေးရွာအတွင်းကျရောက်ပေါက်ကွဲ၍ စာမေးပွဲဖြေဆိုနေသည့် ကျောင်းသားများ ထွက်ပြေး
Thursday , March 5 , 2020

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်နဲ့ မင်းပြားမြို့နယ်အကြားမှာ မတ်လ ၄ ရက်နေ့ မနက် ၁၀ နာရီကျော်လောက်က တပ်မတော်နဲ့ အေအေသောင်းကျန်းသူအဖွဲ့တို့တိုက်ပွဲတွေဖြစ်ပွားခဲ့ကြပါတယ်။
အဲ့ဒီတိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာဟာ မြောက်ဦးမြို့နယ်အရှေ့ဘက် ပိုးဖြူကျွန်းကျေးရွာကနေ ပင်းပြားမြို့နယ် မြောက်ဘက်အစွန်ဆုံး ပန်းမြောင်းကျေးရွာဘက်ကို လေးမြို့မြစ်အတွင်း ဖြတ်သန်းနေတဲ့ ကူးတို့လှေကို အေအေဘက်က ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ဒေခသံတွေရဲ့ပြောဆိုချက်အရသိရပါတယ်။
အဲ့ဒီတိုက်ပွဲအတွင်း နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ကြပြီး ထိခိုက်မှုတွေမရှိခဲ့ကြောင်းနဲ့ အနီးဝန်းကျင်က ကျေးရွာသားတွေကတော့ နီးစပ်ရာကျေးရွာတွေကို ထွက်ပြေးနေကြတယ်လို့ ဆိုပါတယ်။
“မနက် ၉ နာရီလောက်မှာ စစ်ကြောင်းက ကျွန်တော်တို့ရွာကနေဖြတ်သွားတယ်။ ၁၁ နာရီမထိုးခင်လောက်မှာ ပစ်ခတ်သံတွကိုကြားလိုက်ရတယ်။ သူတို့မြစ်ကူးနေတဲ့အချိန် ကူးတို့လှေကို ပစ်ခတ်ခဲ့တယ်လို့ သိရတယ်။AAအဖွဲ့က လက်နက်ကြီးကျည်က ရွာထဲကျလာလို့ လောလော ဆယ် တော့ ရွာကလူအများစုနဲ့ စာမေးပွဲဖြေဆိုနေကြတဲ့ကျောင်းသူကျောင်းသားတွေလည်း ထွက်ပြေးသွားခဲ့ကြတယ်လို့ "ကျောက်တွင်းကုန်းကျေးရွာသားတစ်ဦးက ပြောပါတယ်။
“လက်နက်ကြီးပစ်ခတ်သံကြားတော့ ကလေးတွေစာမေးပွဲဖြေဆိုနေတဲ့အချိန် အကုန်လုံးက ကြောက်ပြီးတော့ သူတို့အိမ်တွေကို ထွက်ပြေးသွားခဲ့ကြတယ်။ စာမေးပွဲဆက်မဖြေခဲ့ကြတော့ဘူး။”လို့ ပန်းမြောင်းကျေးရွာသားတစ်ဦးက ပြောပါတယ်။
ref-VOM #Myanmar_Online_News

0 comments:

Post a Comment