Tuesday, March 3, 2020

ပဲခူးမြို့ ရဲစခန်းအချုပ်ခန်းမှ ထွက်ပြေးသော တရားခံ (၂)ဦးအား ပြန်လည်ဖမ်းဆီးရမိ

Image may contain: one or more people, text that says 'တရားခံပြေး မချစ်ဆုဝေ'

၁-၃-၂၀၂၀ ရက်နေ့ နံနက် (၇)နာရီအချိန် ပဲခူးမြို့၊ မြို့မရဲစခန်းအချုပ်တွင် ချုပ်နှောင် ထားရှိသော ပဲခူးမြို့မရဲစခန်း(ပ) ၄၆၄/၂ဝ၂ဝ ရာဇသတ်ကြီးပုဒ်မ ၃၈ဝ (ခိုးမှု)အမှုမှ တရားခံ ချစ်ဆုဝေ (၂၄)နှစ် နှင့် ဘုရားကြီးနယ်မြေရဲစခန်း (ပ)၃ဝ/၂ဝ၂ဝ ရာဇသတ်ကြီးပုဒ်မ ၃၈ဝ (ခိုးမှု) အမှုမှ တရားခံ မအငယ်မ (၂ဝ)နှစ် တို့သည် (မ)အချုပ်ခန်း၏ နောက်ကြောဘက် ပြတင်းပေါက် သံတိုင်အား သံဖြတ်လွှဖြင့်(၄)ချက်ဖြတ်တောက်ပြီး ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရှိရ ၍ ထွက်ပြေးတရားခံများ အမြန်ပြန်လည်ဖမ်းဆီးရမိရေးအတွက် ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှူးနှင့် ခရိုင်ရဲတပ်ဖွဲ့မှူးတို့၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားခံများထွက်ပြေးနိုင်သည့် လမ်းကြောင်းများနှင့် ၄င်းတို့၏ နေရပ်လိပ်စာ၊ ဆွေမျိုးသားချင်းလိပ်စာရှိရာများသို့ ဖြန့်ခွဲပိတ်ဆို့ရှာဖွေခဲ့ရာ ထွက်ပြေးတရားခံ (၂)ဦးအနက် မချစ်ဆုဝေ အား ၁-၃-၂ဝ၂ဝ ရက်နေ့ နံနက်(၉)နာရီခွဲအချိန်၌ ရန်ကုန်တိုင်းဒေသကြီး၊ လှည်ကူးမြို့၊ ဇရပ်ကွင်းလမ်းဆုံတွင် ပဲခူးမြို့မ ရဲစခန်းမှူး ဒုရဲမှူး နိုင်စိုးနှင့်အဖွဲ့မှ ပြန်လည် ဖမ်းဆီးရမိခဲ့ပါသည်။

ကျန်ရှိထွက်ပြေးတရားခံ မအငယ်မအား ပြန်လည်ဖမ်းဆီးရမိစေရေးအတွက် အထက်ပါ ပူးပေါင်းအဖွဲ့များမှ ဖြန့်ခွဲပိတ်ဆို့ရှာဖွေခြင်းများ ဆက်လက်ဆောင်ရွက်လျှက်ရှိရာ ၃-၃-၂၀၂၀ ရက်နေ့ နံနက် (၉)နာရီ (၅၅)မိနစ် အချိန်ခန့်၌ ပဲခူးမြို့မရဲစခန်းမှူး ဒုရဲမှူး နိုင်စိုး ဦးစီးအဖွဲ့မှ ပဲခူးမြို့၊ လိပ်ပြာကန်ရပ်ကွက်၊ အထက(၃) (ပဲခူး)အနီး လူကူးဂုံးကျော် တံတားအောက် ကား မှတ်တိုင်တွင် ကားစီးရန်အတွက်စောင့်ဆိုင်းနေသော မအငယ်မအား ပြန်လည်တွေ့ရှိဖမ်းဆီး ရမိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Image may contain: one or more people, people standing and text
Source-Bago Regional Police Force
>>Zawgyi<<
ပဲခူးမြို့ ရဲစခန်းအချုပ်ခန်းမှ ထွက်ပြေးသော တရားခံ (၂)ဦးအား ပြန်လည်ဖမ်းဆီးရမိ
Tuesday , March 3 , 2020

၁-၃-၂၀၂၀ ရက်နေ့ နံနက် (၇)နာရီအချိန် ပဲခူးမြို့၊ မြို့မရဲစခန်းအချုပ်တွင် ချုပ်နှောင် ထားရှိသော ပဲခူးမြို့မရဲစခန်း(ပ) ၄၆၄/၂ဝ၂ဝ ရာဇသတ်ကြီးပုဒ်မ ၃၈ဝ (ခိုးမှု)အမှုမှ တရားခံ ချစ်ဆုဝေ (၂၄)နှစ် နှင့် ဘုရားကြီးနယ်မြေရဲစခန်း (ပ)၃ဝ/၂ဝ၂ဝ ရာဇသတ်ကြီးပုဒ်မ ၃၈ဝ (ခိုးမှု) အမှုမှ တရားခံ မအငယ်မ (၂ဝ)နှစ် တို့သည် (မ)အချုပ်ခန်း၏ နောက်ကြောဘက် ပြတင်းပေါက် သံတိုင်အား သံဖြတ်လွှဖြင့်(၄)ချက်ဖြတ်တောက်ပြီး ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရှိရ ၍ ထွက်ပြေးတရားခံများ အမြန်ပြန်လည်ဖမ်းဆီးရမိရေးအတွက် ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှူးနှင့် ခရိုင်ရဲတပ်ဖွဲ့မှူးတို့၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားခံများထွက်ပြေး နိုင်သည့် လမ်းကြောင်းများနှင့် ၎င်းတို့၏ နေရပ်လိပ်စာ၊ ဆွေမျိုးသားချင်းလိပ်စာရှိရာများသို့ ဖြန့်ခွဲပိတ်ဆို့ရှာဖွေခဲ့ရာ ထွက်ပြေးတရားခံ (၂)ဦးအနက် မချစ်ဆုဝေ အား ၁-၃-၂ဝ၂ဝ ရက်နေ့ နံနက်(၉)နာရီခွဲအချိန်၌ ရန်ကုန်တိုင်းဒေသကြီး၊ လှည်ကူးမြို့၊ ဇရပ်ကွင်းလမ်းဆုံတွင် ပဲခူးမြို့မ ရဲစခန်းမှူး ဒုရဲမှူး နိုင်စိုးနှင့်အဖွဲ့မှ ပြန်လည် ဖမ်းဆီးရမိခဲ့ပါသည်။
ကျန်ရှိထွက်ပြေးတရားခံ မအငယ်မအား ပြန်လည်ဖမ်းဆီးရမိစေရေးအတွက် အထက်ပါ ပူးပေါင်းအဖွဲ့များမှ ဖြန့်ခွဲပိတ်ဆို့ရှာဖွေခြင်းများ ဆက်လက်ဆောင်ရွက်လျှက်ရှိရာ ၃-၃-၂၀၂၀ ရက်နေ့ နံနက် (၉)နာရီ (၅၅)မိနစ် အချိန်ခန့်၌ ပဲခူးမြို့မရဲစခန်းမှူး ဒုရဲမှူး နိုင်စိုး ဦးစီးအဖွဲ့မှ ပဲခူးမြို့၊ လိပ်ပြာကန်ရပ်ကွက်၊ အထက(၃) (ပဲခူး)အနီး လူကူးဂုံးကျော် တံတားအောက် ကား မှတ်တိုင်တွင် ကားစီးရန်အတွက်စောင့်ဆိုင်းနေသော မအငယ်မအား ပြန်လည်တွေ့ရှိဖမ်းဆီး ရမိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Source-Bago Regional Police Force

0 comments:

Post a Comment