Monday, March 2, 2020

ရခိုင်အမျိုးသားပါတီမှ ဆွေးနွေးခဲ့သည့် "တပ်ကိုယ်စားလှယ်တွေ မပြင်ချင်ရင် ဘယ်လိုမှ ပြင်လို့မရ "ဆိုတဲ့ ဆွေးနွေးချက်ကို ပယ်ဖျက်ပေးဖို့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် နာယကထံတောင်းဆို


ရခိုင်အမျိုးသားပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေရဲ့ ဆွေးနွေးချက်ထဲမှာ ပါရှိတဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေးမှာ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေက မထောက်ခံရင်၊ မပြင်ချင်ရင် ဘယ်လိုမှ ပြင်လို့မရဘူးဆိုတဲ့ ဆွေးနွေးချက်ကိုပယ်ဖျက်ပေးဖို့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး မျိုးထက်ဝင်းက နာယကထံ တင်ပြပါတယ်။
ယနေ့ မတ်လ ၃ ရက်နေ့တွင် ကျင်းပနေသည့် ပြည်ထောင်စု လွှတ်တော်အစည်းအဝေးမှာ ဖွဲ့စည်းပုံပြင်ဆင်ရေး ဥပဒေမူကြမ်းတွေအပေါ် ဒေါ်ခင်စောဝေက ဆွေးနွေးရာမှာ အခုလို ထည့်သွင်းဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။
ဒုတိယ ဗိုလ်မှူးကြီး မျိုးထက်ဝင်းက "အဲဒါဟာ လွှတ်တော်တွင်းမှာ ချစ်ကြည်လေးစားရေးကို ထိခိုက်စေတယ်လို့ နားလည်ပါတယ်"လို့ နာယကထံ တင်ပြခဲ့ပါတယ်။ဒါ့အပြင် ဒေါ်ခင်စောဝေရဲ့ ဆွေးနွေးမှုထဲမှာ "၎င်းတို့ပါတီအနေနဲ့ အချက်ပေါင်း ၅၀၀ ကျော် တင်သွင်းတဲ့အထဲမှာ ၁၁၄ ချက်သာ ပါဝင်တယ်။ပါလာတဲ့ ၁၁၄ ချက်ကလည်း NLD ပါတီက တင်သွင်းထားတဲ့ ကိစ္စရပ်များသာဖြစ်တယ်။
အဲဒီအတွက် တိုင်းရင်းသားတွေကို အလေးမထားတာလား၊ပြည်ထောင်စုတည်ဆောက်ချင်တယ်ဆိုတာ ဟုတ်ပါရဲ့လား" ဆိုတဲ့ ဆွေးနွေးချက်ကိုလည်း NLDအမတ်က ပယ်ဖျက်ပေးဖို့ နာယကထံ တင်ပြခဲ့ပါတယ်။
သည့်အတွက် သည်ကနေ့ ဒေါ်ခင်စောဝေရဲ့ ဆွေးနွေးချက်အချို့အပေါ် တပ်မတော်သားလွှတ်တော်ကိုယ်စား လှယ်နဲ့NLDအမတ်တို့က ပယ်ဖျက်ပေးဖို့ တင်ပြခဲ့ကြတာ ဖြစ်ပါတယ်။

နာယက အနေနဲ့ကတော့ တင်ပြချက်တွေအပေါ် လုံးကောက်ပြန်ဖော်ပြီး စိစစ်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။သည်ကနေ့ ဖွဲ့စည်းပုံပြင်ဆင်ရေး ဆွေးနွေးမှုဟာ ၅ ရက်မြောက်နေ့ဖြစ်ပြီး ကိုယ်စားလှယ် ၂၂ ဦး ဆွေးနွေးမှာ ဖြစ်ပါတယ်။
Source-pyidaungsu hluttaw
>>Zawgyi<<
ရခိုင်အမျိုးသားပါတီမှ ဆွေးနွေးခဲ့သည့် "တပ်ကိုယ်စားလှယ်တွေ မပြင်ချင်ရင် ဘယ်လိုမှ ပြင်လို့မရ "ဆိုတဲ့ ဆွေးနွေးချက်ကို ပယ်ဖျက်ပေးဖို့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် နာယကထံတောင်းဆို
Tuesday , March 3 , 2020
ရခိုင်အမျိုးသားပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေရဲ့ ဆွေးနွေးချက်ထဲမှာ ပါရှိတဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေးမှာ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေက မထောက်ခံရင်၊ မပြင်ချင်ရင် ဘယ်လိုမှ ပြင်လို့မရဘူး ဆိုတဲ့ ဆွေးနွေးချက်ကိုပယ်ဖျက်ပေးဖို့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး မျိုးထက်ဝင်းက နာယကထံ တင်ပြပါတယ်။

ယနေ့ မတ်လ ၃ ရက်နေ့တွင် ကျင်းပနေသည့် ပြည်ထောင်စု လွှတ်တော်အစည်းအဝေးမှာ ဖွဲ့စည်းပုံပြင်ဆင်ရေး ဥပဒေမူကြမ်းတွေအပေါ် ဒေါ်ခင်စောဝေက ဆွေးနွေးရာမှာ အခုလို ထည့်သွင်းဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။
ဒုတိယ ဗိုလ်မှူးကြီး မျိုးထက်ဝင်းက "အဲဒါဟာ လွှတ်တော်တွင်းမှာ ချစ်ကြည်လေးစားရေးကို ထိခိုက်စေတယ်လို့ နားလည်ပါတယ်"လို့ နာယကထံ တင်ပြခဲ့ပါတယ်။ဒါ့အပြင် ဒေါ်ခင်စောဝေရဲ့ ဆွေးနွေးမှုထဲမှာ "၎င်းတို့ပါတီအနေနဲ့ အချက်ပေါင်း ၅၀၀ ကျော် တင်သွင်းတဲ့အထဲမှာ ၁၁၄ ချက်သာ ပါဝင်တယ်။ပါလာတဲ့ ၁၁၄ ချက်ကလည်း NLD ပါတီက တင်သွင်းထားတဲ့ ကိစ္စရပ်များသာဖြစ်တယ်။
အဲဒီအတွက် တိုင်းရင်းသားတွေကို အလေးမထားတာလား၊ပြည်ထောင်စုတည်ဆောက်ချင်တယ်ဆိုတာ ဟုတ်ပါရဲ့လား" ဆိုတဲ့ ဆွေးနွေးချက်ကိုလည်း NLDအမတ်က ပယ်ဖျက်ပေးဖို့ နာယကထံ တင်ပြခဲ့ပါတယ်။
သည့်အတွက် သည်ကနေ့ ဒေါ်ခင်စောဝေရဲ့ ဆွေးနွေးချက်အချို့အပေါ် တပ်မတော်သားလွှတ်တော်ကိုယ်စား လှယ်နဲ့NLDအမတ်တို့က ပယ်ဖျက်ပေးဖို့ တင်ပြခဲ့ကြတာ ဖြစ်ပါတယ်။

နာယက အနေနဲ့ကတော့ တင်ပြချက်တွေအပေါ် လုံးကောက်ပြန်ဖော်ပြီး စိစစ်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။သည်ကနေ့ ဖွဲ့စည်းပုံပြင်ဆင်ရေး ဆွေးနွေးမှုဟာ ၅ ရက်မြောက်နေ့ဖြစ်ပြီး ကိုယ်စားလှယ် ၂၂ ဦး ဆွေးနွေးမှာ ဖြစ်ပါတယ်။
Source-pyidaungsu hluttaw

0 comments:

Post a Comment