Sunday, March 22, 2020

ထိုင်းနိုင်ငံမှာ ယနေ့ တစ်ရက်အတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်လူနာ(၁၈၈)ဦး တွေ့ရှိဟုဆို


Image may contain: one or more people
ထိုင်းနိုင်ငံမှာ ယနေ့ မတ်လ (၂၂)ရက်နေ့က ကိုရိုနာဗိုင်းရပ်စ်ကူးစက်လူနာသစ်(၁၈၈)ဦးထပ်မံတွေ့ရှိခဲ့ပြီး၊ ဒါဟာ ရောဂါစတင်ဖြစ်ပွားချိန်ကစလို့ တစ်ရက်ထဲနဲ့ အများဆုံးတိုးလာတဲ့အရေအတွက် ဖြစ်ပါတယ်။
ထိုင်းနိုင်ငံတစ်ဝန်းမှာ လက်ရှိ ဗိုင်းရပ်စ်ကူးစက်ခံထားသူ(၅၉၉)ဦးရှိနေပြီး၊ လူနာ(၇)ဦးဟာ အခြေအနေမကောင်းဘူးလို့ ကျန်းမာရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေက အတည်ပြုခဲ့ပါတယ်။

အခုလ(၂၁)ရက်နေ့မှာ စျေးဝယ်စင်တာတွေနဲ့ အပန်းဖြေပန်းခြံတွေကိုပိတ်တာတွေအပါအဝင် အခြားစီမံချက်အသစ် တွေကို ဘန်ကောက်မြို့တော်စီမံအုပ်ချုပ်ရေးအဖွဲ့က ကြေညာခဲ့ပါတယ်။

စားသောက်ဆိုင်တွေကိုလည်း စားစရာတွေအိမ်သယ်ယူသွားဖို့ကိုသာ ခွင့်ပြုထားပါတယ်။ အစီအမံအသစ်တွေထဲမှာ ဆေးဆိုင်တွေနဲ့ စူပါမားကတ်တွေကိုတော့ ကင်းလွတ်ခွင့်ပြုပေးထားပါတယ်။

Source: Reuters ref-one news
>>Zawgyi<<
ထိုင်းနိုင်ငံမှာ ယနေ့ တစ်ရက်အတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်လူနာ(၁၈၈)ဦး တွေ့ရှိဟုဆို
Sunday, March 22, 2020

ထိုင်းနိုင်ငံမှာ ယနေ့ မတ်လ (၂၂)ရက်နေ့က ကိုရိုနာဗိုင်းရပ်စ်ကူးစက်လူနာသစ်(၁၈၈)ဦးထပ်မံတွေ့ရှိခဲ့ပြီး၊ ဒါဟာ ရောဂါစတင်ဖြစ်ပွားချိန်ကစလို့ တစ်ရက်ထဲနဲ့ အများဆုံးတိုးလာတဲ့အရေအတွက် ဖြစ်ပါတယ်။

ထိုင်းနိုင်ငံတစ်ဝန်းမှာ လက်ရှိ ဗိုင်းရပ်စ်ကူးစက်ခံထားသူ(၅၉၉)ဦးရှိနေပြီး၊ လူနာ(၇)ဦးဟာ အခြေအနေမကောင်းဘူးလို့ ကျန်းမာရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေက အတည်ပြုခဲ့ပါတယ်။

အခုလ(၂၁)ရက်နေ့မှာ စျေးဝယ်စင်တာတွေနဲ့ အပန်းဖြေပန်းခြံတွေကိုပိတ်တာတွေအပါအဝင် အခြားစီမံချက်အသစ် တွေကို ဘန်ကောက်မြို့တော်စီမံအုပ်ချုပ်ရေးအဖွဲ့က ကြေညာခဲ့ပါတယ်။

စားသောက်ဆိုင်တွေကိုလည်း စားစရာတွေအိမ်သယ်ယူသွားဖို့ကိုသာ ခွင့်ပြုထားပါတယ်။ အစီအမံအသစ်တွေထဲမှာ ဆေးဆိုင်တွေနဲ့ စူပါမားကတ်တွေကိုတော့ ကင်းလွတ်ခွင့်ပြုပေးထားပါတယ္။

Source: Reuters ref-one news

0 comments:

Post a Comment