(COVID- 19) ကို ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ (Pandemic) အဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (World Health Organization-WHO)က မတ် ၁၁ ရက်တွင် တရားဝင် သတ်မှတ်ခဲ့သဖြင့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် အစိုးရကလည်း COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီကိုဖွဲ့စည်းပြီး နိုင်ငံအတွင်း ကူးစက်ရောဂါ ပျံ့နှံ့မှုမရှိစေရေး ကာကွယ်ရေး လုပ်ငန်းစဉ်များကို စနစ်တကျ ဆောင်ရွက်လျက်ရှိသည်။
ယင်းကာကွယ်ရေး လုပ်ငန်းစဉ်များတွင် တစ်ဖက်တစ်လမ်းမှ အထောက်အကူ ဖြစ်စေရန်အတွက် မတ်လ ၂၁ ရက်နေ့တွင် တိုင်းစစ်ဌာနချုပ်များနှင့် တပ်နယ်အသီးသီးတို့မှ တပ်မတော်သားများနှင့် မိသားစုဝင်များ၊ ဌာန ဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများက မြို့နယ်အသီးသီးရှိ ဆေးရုံများ၊ တက္ကသိုလ်များ နှင့် ဘုန်းတော်ကြီး ကျောင်းများ၌ စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရှိရသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် နေပြည်တော်တိုင်းစစ်ဌာနချုပ်မှ တပ်မတော်သားများက နေပြည်တော် ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်ရှိ အထွေထွေရောဂါ ကုဆေးရုံကြီးနှင့် နေပြည်တော် (တပ်ကုန်း)ရှိ ပြည်သူ့ဆေးရုံ၌ လည်းကောင်း၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တပ်မတော်သားများက မြစ်ကြီးနားမြို့ရှိ ဘူတာရုံ၊ ပြည်သူ့ဆေးရုံကြီးနှင့် အောင်ဇေရန်အောင် တပ်ဦးကျောင်းတို့၌လည်းကောင်း၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှ တပ်မတော်သားများက လားရှိုးပြည်သူ့ ဆေးရုံ၌လည်းကောင်း၊ အရှေ့ပိုင်း တိုင်းစစ်ဌာနချုပ်မှ တပ်မတော်သားများက တောင်ကြီးမြို့ရှိ စဝ်စံထွန်း ပြည်သူ့ဆေးရုံကြီး၌ လည်းကောင်း၊ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်မှ တပ်မတော်သားများက ခိုလမ်မြို့ရှိ ပြည်သူ့ဆေးရုံ၌ လည်းကောင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ဆက်လက်၍ တြိဂံ ဒေသတိုင်းစစ်ဌာနချုပ်မှ တပ်မတော်သားများက ကျိုင်းတုံမြို့ရှိ အထွေထွေရောဂါကု ဆေးရုံ ကြီးနှင့် သီလဓမ္မကုန်းသာ တောရကျောင်းတိုက်၌လည်းကောင်း၊ အရှေ့တောင်တိုင်းစစ်ဌာန ချုပ်မှ တပ်မတော်သားများက မော်လမြိုင်မြို့ရှိ အထွေထွေရောဂါကု ဆေးရုံကြီး၌လည်း ကောင်း၊ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်မှ တပ်မတော်သားများက မြိတ်မြို့ရှိ ပြည်သူ့ ဆေးရုံကြီး၌ ပြုလုပ်ပေးခဲ့သည်။
ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ တပ်မတော်သားများက မရမ်းကုန်းမြို့ နယ်၊ ကမ္ဘာအေးကုန်းမြေ နိုင်ငံတော် ပရိယတ္တိသာသနာ့ တက္ကသိုလ်(ရန်ကုန်)၊ ဟံသာသီရိ ကုန်းရှိ သီတင်းသုံးဆောင်များ၊ တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၁ဝ) ရပ်ကွက်ရှိ အမျိုးသမီး နှင့် ကလေးဆေးရုံကြီးနှင့် လှည်းကူးမြို့နယ်၊ မင်းကုန်းကျေးရွာရှိ တပ်ဦးမင်းကုန်းကျောင်း တိုက်တို့၌ လည်းကောင်း၊ အနောက်တောင် တိုင်းစစ်ဌာနချုပ်မှ တပ်မတော်သားများက ပုသိမ်မြို့ရှိ အထွေထွေရောဂါကု ဆေးရုံကြီး၌လည်းကောင်း၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ တပ်မတော်သားများက အမ်းမြို့ရှိ မြို့နယ်ပြည်သူ့ ဆေးရုံကြီး၌လည်းကောင်း၊ အနောက် မြောက်တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော်သားများက မုံရွာမြို့ရှိ ပြည်သူ့ဆေးရုံကြီး၊ မုံရွာတက္ကသိုလ်ဆေးရုံ၊ မုံရွာတက္ကသိုလ်နှင့် မုံရွာစီးပွားရေး တက္ကသိုလ်တို့၌ လည်းကောင်း၊ အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်မှ တပ်မတော်သားများက မန္တလေးမြို့ရှိ အရိုးအထူးကု ဆေးရုံ ကြီးနှင့် သင်ကြားရေး ဆေးရုံကြီး၊ မကွေးမြို့ရှိ တိုင်းပြည်သူ့ဆေးရုံကြီးနှင့် မိတ္ထီလာမြို့ရှိ ပြည်သူ့ဆေးရုံကြီးတို့၌လည်းကောင်း၊ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်မှ တပ်မတော်သားများက တောင်ငူမြို့ရှိ အထွေထွေရောဂါကု ဆေးရုံကြီးနှင့် ပြည်မြို့ရှိ ကုတင်-၅ဝဝ ဆံ့ ဆေးရုံတို့၌ လည်းကောင်း စုပေါင်းသန့်ရှင်းရေး ပြုလုပ်ပေးခြင်း၊ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်း ခြင်း၊ ကာကွယ်ဆေးဖျန်းခြင်း၊ အမှိုက်များ ရှင်းလင်းခြင်း၊ ရေစီးရေလာ ကောင်းမွန်စေရန် ရေနုတ်မြောင်းများ တူးဖော်ပေးခြင်းတို့ ဆောင်ရွက်ပေးသည်။
ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို တိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးများ၊ ဒုတိယ တိုင်းမှူးများနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက် ပေးသည်။
ထို့ပြင် ဇမ္ဗူသီရိမြို့နယ်ရှိ အထွေထွေရောဂါကု ဆေးရုံ၌ ကျန်းမာရေး စောင့်ရှောက် မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုရန်အတွက် နေပြည်တော်တိုင်း စစ်ဌာနချုပ်က လှူဒါန်း သည့် အလှူငွေများကို တိုင်းမှူး ဗိုလ်ချုပ် မြင့်မော်က ပေးအပ်လှူဒါန်းရာ ဆေးရုံအုပ် ကြီးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
၎င်းအပြင် ကိုရိုနာဗိုင်းရပ် ရောဂါကူးစက်ခြင်းမှ ကာကွယ်တားဆီးရေး အသိပညာပေး လက်ကမ်းစာစောင်များ လိုက်လံ ဝေငှ၍ ဟောပြောဆွေး နွေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
Source-Myawaddy
>>Zawgyi<<
COVID-19 ကာကွယ် ရေး အထောက်အကူဖြစ်စေရန်အတွက် မြို့နယ်အသီးသီးရှိ ဆေးရုံများ၌ စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများ တပ်မတော်မှ ဆောင်ရွက်ပေးနေ
Sunday, March 22, 2020
(COVID- 19) ကို ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ (Pandemic) အဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (World Health Organization-WHO)က မတ် ၁၁ ရက်တွင် တရားဝင် သတ်မှတ်ခဲ့သဖြင့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် အစိုးရကလည်း COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီကို ဖွဲ့စည်းပြီး နိုင်ငံအတွင်း ကူးစက်ရောဂါ ပျံ့နှံ့မှုမရှိစေရေး ကာကွယ်ရေး လုပ်ငန်းစဉ်များကို စနစ်တကျ ဆောင်ရွက်လျက်ရှိသည်။
ယင်းကာကွယ်ရေး လုပ်ငန်းစဉ်များတွင် တစ်ဖက်တစ်လမ်းမှ အထောက်အကူ ဖြစ်စေရန်အတွက် မတ်လ ၂၁ ရက်နေ့တွင် တိုင်းစစ်ဌာနချုပ်များနှင့် တပ်နယ်အသီးသီးတို့မှ တပ်မတော်သားများနှင့် မိသားစုဝင်များ၊ ဌာန ဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများက မြို့နယ်အသီးသီးရှိ ဆေးရုံများ၊ တက္ကသိုလ်များ နှင့် ဘုန်းတော်ကြီး ကျောင်းများ၌ စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရှိရသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် နေပြည်တော်တိုင်းစစ်ဌာနချုပ်မှ တပ်မတော်သားများက နေပြည်တော် ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်ရှိ အထွေထွေရောဂါ ကုဆေးရုံကြီးနှင့် နေပြည်တော် (တပ်ကုန်း)ရှိ ပြည်သူ့ဆေးရုံ၌ လည်းကောင်း၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တပ်မတော်သားများက မြစ်ကြီးနားမြို့ရှိ ဘူတာရုံ၊ ပြည်သူ့ဆေးရုံကြီးနှင့် အောင်ဇေရန်အောင် တပ်ဦးကျောင်းတို့၌လည်းကောင်း၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှ တပ်မတော်သားများက လားရှိုးပြည်သူ့ ဆေးရုံ၌လည်းကောင်း၊ အရှေ့ပိုင်း တိုင်းစစ်ဌာနချုပ်မှ တပ်မတော်သားများက တောင်ကြီးမြို့ရှိ စဝ်စံထွန်း ပြည်သူ့ဆေးရုံကြီး၌ လည်းကောင်း၊ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်မှ တပ်မတော်သားများက ခိုလမ်မြို့ရှိ ပြည်သူ့ဆေးရုံ၌ လည်းကောင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ဆက်လက်၍ တြိဂံ ဒေသတိုင်းစစ်ဌာနချုပ်မှ တပ်မတော်သားများက ကျိုင်းတုံမြို့ရှိ အထွေထွေရောဂါကု ဆေးရုံ ကြီးနှင့် သီလဓမ္မကုန်းသာ တောရကျောင်းတိုက်၌လည်းကောင်း၊ အရှေ့တောင်တိုင်းစစ်ဌာန ချုပ်မှ တပ်မတော်သားများက မော်လမြိုင်မြို့ရှိ အထွေထွေရောဂါကု ဆေးရုံကြီး၌လည်း ကောင်း၊ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်မှ တပ်မတော်သားများက မြိတ်မြို့ရှိ ပြည်သူ့ ဆေးရုံကြီး၌ ပြုလုပ်ပေးခဲ့သည်။
ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ တပ်မတော်သားများက မရမ်းကုန်းမြို့ နယ်၊ ကမ္ဘာအေးကုန်းမြေ နိုင်ငံတော် ပရိယတ္တိသာသနာ့ တက္ကသိုလ်(ရန်ကုန်)၊ ဟံသာသီရိ ကုန်းရှိ သီတင်းသုံးဆောင်များ၊ တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၁ဝ) ရပ်ကွက်ရှိ အမျိုးသမီး နှင့် ကလေးဆေးရုံကြီးနှင့် လှည်းကူးမြို့နယ်၊ မင်းကုန်းကျေးရွာရှိ တပ်ဦးမင်းကုန်းကျောင်း တိုက်တို့၌ လည်းကောင်း၊ အနောက်တောင် တိုင်းစစ်ဌာနချုပ်မှ တပ်မတော်သားများက ပုသိမ်မြို့ရှိ အထွေထွေရောဂါကု ဆေးရုံကြီး၌လည်းကောင်း၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ တပ်မတော်သားများက အမ်းမြို့ရှိ မြို့နယ်ပြည်သူ့ ဆေးရုံကြီး၌လည်းကောင်း၊ အနောက် မြောက်တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော်သားများက မုံရွာမြို့ရှိ ပြည်သူ့ဆေးရုံကြီး၊ မုံရွာတက္ကသိုလ်ဆေးရုံ၊ မုံရွာတက္ကသိုလ်နှင့် မုံရွာစီးပွားရေး တက္ကသိုလ်တို့၌ လည်းကောင်း၊ အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်မှ တပ်မတော်သားများက မန္တလေးမြို့ရှိ အရိုးအထူးကု ဆေးရုံ ကြီးနှင့် သင်ကြားရေး ဆေးရုံကြီး၊ မကွေးမြို့ရှိ တိုင်းပြည်သူ့ဆေးရုံကြီးနှင့် မိတ္ထီလာမြို့ရှိ ပြည်သူ့ဆေးရုံကြီးတို့၌လည်းကောင်း၊ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်မှ တပ်မတော်သားများက တောင်ငူမြို့ရှိ အထွေထွေရောဂါကု ဆေးရုံကြီးနှင့် ပြည်မြို့ရှိ ကုတင်-၅ဝဝ ဆံ့ ဆေးရုံတို့၌ လည်းကောင်း စုပေါင်းသန့်ရှင်းရေး ပြုလုပ်ပေးခြင်း၊ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်း ခြင်း၊ ကာကွယ်ဆေးဖျန်းခြင်း၊ အမှိုက်များ ရှင်းလင်းခြင်း၊ ရေစီးရေလာ ကောင်းမွန်စေရန် ရေနုတ်မြောင်းများ တူးဖော်ပေးခြင်းတို့ ဆောင်ရွက်ပေးသည်။
ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို တိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးများ၊ ဒုတိယ တိုင်းမှူးများနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက် ပေးသည်။
ထို့ပြင် ဇမ္ဗူသီရိမြို့နယ်ရှိ အထွေထွေရောဂါကု ဆေးရုံ၌ ကျန်းမာရေး စောင့်ရှောက် မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုရန်အတွက် နေပြည်တော်တိုင်း စစ်ဌာနချုပ်က လှူဒါန်း သည့် အလှူငွေများကို တိုင်းမှူး ဗိုလ်ချုပ် မြင့်မော်က ပေးအပ်လှူဒါန်းရာ ဆေးရုံအုပ် ကြီးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
၎င်းအပြင် ကိုရိုနာဗိုင်းရပ် ရောဂါကူးစက်ခြင်းမှ ကာကွယ်တားဆီးရေး အသိပညာပေး လက်ကမ်းစာစောင်များ လိုက်လံ ဝေငှ၍ ဟောပြောဆွေး နွေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
Source-Myawaddy
0 comments:
Post a Comment