တရုတ်နိုင်ငံမှာ ပူနွေးရာသီ ကူးပြောင်းလာပြီး COVID-19 ဗိုင်းရပ်စ်ကြောက်စိတ် လျော့ပါးလာတာနဲ့အတူ မတ် ၂၁ ရက်က ပေကျင်းနဲ့ ရှန်ဟိုင်းမြို့က ပြည်သူတွေ အုံနဲ့ကျင်းနဲ့ အိမ်ပြင်ထွက်လာကြကြောင်း သိရှိရပါတယ်။
ရာနဲ့ချီတဲ့လူတွေဟာ တာဝန်ရှိသူတွေ ညွှန်ကြားတဲ့အတိုင်း နှာခေါင်းစည်းတပ်ပြီး မြို့တော် ပေကျင်းရဲ့ နွေရာသီနန်းတော် ဥယျာဉ်ထဲမှာ အပျင်းပြေ လမ်းလျှောက်ထွက်ကြပါတယ်။ ရိုက်တာသတင်းဌာန အင်တာဗျူးတဲ့လူတွေထဲမှာ အတော်များများက သီတင်းပတ်ချီ အိမ်ထဲ အောင်းနေပြီးမှ ပထမဆုံး အပြင်ထွက်သူတွေ ဖြစ်ပါတယ်။
အင်တာနက်နယ်ပယ်မှာ အလုပ်လုပ်ကိုင်နေသူတဦးကလည်း “ကူးစက်မြန် ကပ်ရောဂါကို ထိန်းချုပ်နိုင်ပြီ ထင်ပေမယ့် ကပ်ရောဂါ ပြီးသွားတာတော့ မဟုတ်သေးဘူး”လို့ ဆိုပါတယ်။ “အိမ်ပြင် ထွက်ချင်တဲ့ဆန္ဒရှိပေမယ့်လို့ ကြောက်စိတ်ဟာလည်း မကုန်သေးဘူး” လို့ သူ့ခံစားချက်ကို ပြောပြခဲ့ပါတယ်။
ပုံမှန်အားဖြင့် ဒီလို အချိန်ကာလမှာ တနေ့ကို လည်ပတ်သူ နှစ်သောင်းကျော်ရှိတဲ့ နွေရာသီနန်းတော် ဥယျာဉ်မှာ အခုဆိုရင် တနေ့ကို လည်ပတ်သူ ငါးထောင်အထိသာ ကန့်သတ်ထားပြီး ဥယျာဉ်လက်မှတ်ကို အွန်လိုင်းကနေ မှာယူဖို့နဲ့ မှတ်ပုံတင်ယူလာကြဖို့လည်း ညွှန်ကြားထားတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
ref-dvb #Myanmar_Online_News
>>Zawgyi<<
တရုတ်တွင် COVID-19 ကြောင့် အိမ်ထဲအောင်းနေသူများ ကြောက်စိတ် လျော့ပါးလာ၍ အိမ်ပြင်ပြန်ထွက်ပြီ
Sunday, March 22, 2020
တရုတ်နိုင်ငံမှာ ပူနွေးရာသီ ကူးပြောင်းလာပြီး COVID-19 ဗိုင်းရပ်စ်ကြောက်စိတ် လျော့ပါးလာတာနဲ့အတူ မတ် ၂၁ ရက်က ပေကျင်းနဲ့ ရှန်ဟိုင်းမြို့က ပြည်သူတွေ အုံနဲ့ကျင်းနဲ့ အိမ်ပြင်ထွက်လာကြကြောင်း သိရှိရပါတယ်။
ရာနဲ့ချီတဲ့လူတွေဟာ တာဝန်ရှိသူတွေ ညွှန်ကြားတဲ့အတိုင်း နှာခေါင်းစည်းတပ်ပြီး မြို့တော် ပေကျင်းရဲ့ နွေရာသီနန်းတော် ဥယျာဉ်ထဲမှာ အပျင်းပြေ လမ်းလျှောက်ထွက်ကြပါတယ်။ ရိုက်တာသတင်းဌာန အင်တာဗျူးတဲ့လူတွေထဲမှာ အတော်များများက သီတင်းပတ်ချီ အိမ်ထဲ အောင်းနေပြီးမှ ပထမဆုံး အပြင်ထွက်သူတွေ ဖြစ်ပါတယ်။
အင်တာနက်နယ်ပယ်မှာ အလုပ်လုပ်ကိုင်နေသူတဦးကလည်း “ကူးစက်မြန် ကပ်ရောဂါကို ထိန်းချုပ်နိုင်ပြီ ထင်ပေမယ့် ကပ်ရောဂါ ပြီးသွားတာတော့ မဟုတ်သေးဘူး”လို့ ဆိုပါတယ်။ “အိမ်ပြင် ထွက်ချင်တဲ့ဆန္ဒရှိပေမယ့်လို့ ကြောက်စိတ်ဟာလည်း မကုန်သေးဘူး” လို့ သူ့ခံစားချက်ကို ပြောပြခဲ့ပါတယ်။
ပုံမှန်အားဖြင့် ဒီလို အချိန်ကာလမှာ တနေ့ကို လည်ပတ်သူ နှစ်သောင်းကျော်ရှိတဲ့ နွေရာသီနန်းတော် ဥယျာဉ်မှာ အခုဆိုရင် တနေ့ကို လည်ပတ်သူ ငါးထောင်အထိသာ ကန့်သတ်ထားပြီး ဥယျာဉ်လက်မှတ်ကို အွန်လိုင်းကနေ မှာယူဖို့နဲ့ မှတ်ပုံတင်ယူလာကြဖို့လည်း ညွှန်ကြားထားတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
ref-dvb #Myanmar_Online_News
0 comments:
Post a Comment