Tuesday, March 3, 2020

ကမ္ဘာတစ်ဝန်း၌ ကိုရိုနာဗိုင်းရပ်စ် တားဆီးကာကွယ်နေသော်လည်း ရောဂါမဖြစ်ဖူးသေးသည့်နယ်ပယ်ဒေသများအထိပါပျံ့နှံ့ရောက်ရှိလာပြီဖြစ်ကြောင်း ကုလသမဂ္ဂကျန်းမာရေးအေဂျင်စီက ပြောကြား

Image may contain: one or more people and outdoor

ကမ္ဘာတစ်ဝန်း၌ ကိုရိုနာဗိုင်းရပ်စ် တားဆီးကာကွယ်ရာတွင် ရောဂါမဖြစ်ဖူးသေးသည့် နယ်ပယ်ဒေသများအထိပါ ပျံ့နှံ့ ရောက်ရှိလာပြီဖြစ်ကြောင်း ကုလသမဂ္ဂကျန်းမာရေးအေဂျင်စီက ပြောကြားလိုက်သည်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုသည် တရုတ်နိုင်ငံတွင် သိသိသာသာ လျော့နည်းလာသော်လည်း တရုတ်နိုင်ငံပြင်ပတွင် ကူးစက် ပျံ့နှံ့မှုများပြားလာကြောင်းနှင့် အမေရိကန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုကြောင့် လူသေဆုံးမှုမှာ ခြောက်ဦးအထိ ရောက်ရှိလာပြီဖြစ်သည်။
ကမ္ဘာတစ်ဝန်းလုံးအနေဖြင့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူပေါင်းမှာ ၃၁၀၀ ကျော်လာပြီဖြစ်ကြောင်းနှင့် ကူးစက်ခံရသူပေါင်းမှာလည်း ၉၀၀၀၀ ကျော်လာပြီဖြစ် ကြောင်း သိရသည်။ တရုတ်နိုင်ငံပြင်ပတွင် ဖြစ်ပွားသည့် နှုန်းသည် တရုတ်နိုင်ငံအတွင်း ဖြစ်ပွားသည့်နှုန်းထက် ကိုးဆပိုများနေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။
တရုတ်နိုင်ငံသည် လူဦးရေထူထပ်သည့်နေရာများကို ရက်သတ္တပတ်အတော်ကြာ သီးသန့်ခွဲခြားမှုများ လုပ် ဆောင်ထားရုံမက ခရီးသွားလာမှုများကိုလည်း ပိတ်ပင် ထားကြောင်း သိရသည်။ ထိုသို့လုပ်ဆောင်မှုကြောင့် ရက်အနည်းငယ်အတွင်း အသစ်ထပ်မံ ကူးစက်ခံရနှုန်း ကျဆင်းခြင်း ဖြစ်နိုင်ကြောင်း သိရသည်။
အီတလီနိုင်ငံတွင်လည်း တချို့မြို့များကို အလုံပိတ် ပြုလုပ်ထားသလို တခြားနိုင်ငံများတွင်လည်း ယာယီ သီးသန့်ခွဲထားမှုများကို ဆောင်ရွက်ခဲ့ကြသည်။ တချို့က လည်း လူစုလူဝေးများ၊ အားကစားပြိုင်ပွဲများ၊ ဗိုင်းရပ်စ်ဖြစ် ပွားရာနိုင်ငံများမှ ဆိုက်ရောက်ခရီးစဉ်များကို ပိတ်ပင်မှုများ စသည့်ဆောင်ရွက်မှုများကို ဆောင်ရွက်နေကြောင်း သိရ သည်။
တောင်ကိုရီးယား၊ အီရန်နှင့် အီတလီနိုင်ငံတို့သည် ကိုဗစ်-၁၉ ကို လက်ခံရာနေရာများသဖွယ် ဖြစ်လာ ခဲ့ကြသည်။
ကမ္ဘာ့စီးပွားရေး ထိခိုက်လာနိုင်ခြေရှိသည်ကို စိုးရိမ် သည့်အတွက် စက်မှုထိပ်သီး ခုနစ်နိုင်ငံတို့မှ စီးပွားရေး ဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများသည် အဆိုပါကိစ္စနှင့် ပတ်သက်ပြီး မတ် ၃ ရက်က အရေးပေါ် ဆွေးနွေးခဲ့ကြောင်း သိရသည်။
Image may contain: text that says 'World Health Organization'
Image may contain: 1 person, eyeglasses and text

>>Zawgyi<<
ကမ္ဘာတစ်ဝန်း၌ ကိုရိုနာဗိုင်းရပ်စ် တားဆီးကာကွယ်နေသော်လည်း ရောဂါမဖြစ်ဖူးသေးသည့်နယ်ပယ်ဒေသများအထိပါပျံ့နှံ့ရောက်ရှိလာပြီဖြစ်ကြောင်း ကုလသမဂ္ဂကျန်းမာရေးအေဂျင်စီက ပြောကြား
Wednesday, March 4 , 2020

ကမ္ဘာတစ်ဝန်း၌ ကိုရိုနာဗိုင်းရပ်စ် တားဆီးကာကွယ်ရာတွင် ရောဂါမဖြစ်ဖူးသေးသည့် နယ်ပယ်ဒေသများအထိပါ ပျံ့နှံ့ ရောက်ရှိလာပြီဖြစ်ကြောင်း ကုလသမဂ္ဂကျန်းမာရေး အေဂျင်စီက ပြောကြားလိုက်သည်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုသည် တရုတ်နိုင်ငံတွင် သိသိသာသာ လျော့နည်းလာသော်လည်း တရုတ်နိုင်ငံပြင်ပတွင် ကူးစက် ပျံ့နှံ့မှုများပြားလာကြောင်းနှင့် အမေရိကန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုကြောင့် လူသေဆုံးမှုမှာ ခြောက်ဦးအထိ ရောက်ရှိလာပြီဖြစ်သည်။
ကမ္ဘာတစ်ဝန်းလုံးအနေဖြင့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူပေါင်းမှာ ၃၁၀၀ ကျော်လာပြီဖြစ်ကြောင်းနှင့် ကူးစက်ခံရသူပေါင်းမှာလည်း ၉၀၀၀၀ ကျော်လာပြီဖြစ် ကြောင်း သိရသည်။ တရုတ်နိုင်ငံပြင်ပတွင် ဖြစ်ပွားသည့် နှုန်းသည် တရုတ်နိုင်ငံအတွင်း ဖြစ်ပွားသည့်နှုန်းထက် ကိုးဆပိုများနေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။
တရုတ်နိုင်ငံသည် လူဦးရေထူထပ်သည့်နေရာများကို ရက်သတ္တပတ်အတော်ကြာ သီးသန့်ခွဲခြားမှုများ လုပ် ဆောင်ထားရုံမက ခရီးသွားလာမှုများကိုလည်း ပိတ်ပင် ထားကြောင်း သိရသည်။ ထိုသို့လုပ်ဆောင်မှုကြောင့် ရက်အနည်းငယ်အတွင်း အသစ်ထပ်မံ ကူးစက်ခံရနှုန်း ကျဆင်းခြင်း ဖြစ်နိုင်ကြောင်း သိရသည်။
အီတလီနိုင်ငံတွင်လည်း တချို့မြို့များကို အလုံပိတ် ပြုလုပ်ထားသလို တခြားနိုင်ငံများတွင်လည်း ယာယီ သီးသန့်ခွဲထားမှုများကို ဆောင်ရွက်ခဲ့ကြသည်။ တချို့က လည်း လူစုလူဝေးများ၊ အားကစားပြိုင်ပွဲများ၊ ဗိုင်းရပ်စ်ဖြစ် ပွားရာနိုင်ငံများမှ ဆိုက်ရောက်ခရီးစဉ်များကို ပိတ်ပင်မှုများ စသည့်ဆောင်ရွက်မှုများကို ဆောင်ရွက်နေကြောင်း သိရ သည်။
တောင်ကိုရီးယား၊ အီရန်နှင့် အီတလီနိုင်ငံတို့သည် ကိုဗစ်-၁၉ ကို လက်ခံရာနေရာများသဖွယ် ဖြစ်လာ ခဲ့ကြသည်။
ကမ္ဘာ့စီးပွားရေး ထိခိုက်လာနိုင်ခြေရှိသည်ကို စိုးရိမ် သည့်အတွက် စက်မှုထိပ်သီး ခုနစ်နိုင်ငံတို့မှ စီးပွားရေး ဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများသည် အဆိုပါကိစ္စနှင့် ပတ်သက်ပြီး မတ် ၃ ရက်က အရေးပေါ် ဆွေးနွေးခဲ့ကြောင်း သိရသည်။

Ref : AFP #Myanmar_Online_News

0 comments:

Post a Comment