Tuesday, March 3, 2020

အီရန်မှာ COVID-19 ဗိုင်းရပ်စ်ကူးစက်မှုတိုက်ဖျက်ရေး အကျဉ်းသား ၅၄,၀၀၀ ကျော်အား ဗိုင်းရပ်စ်မရှိကြောင်း စစ်ဆေးပြီးတဲ့ အကျဉ်းသားတွေကို အိမ်ပြန်ခွင့်ပေး

Image may contain: one or more people
COVID-19 ရောဂါဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုနဲ့ သေဆုံးမှုတွေ သိသိသာသာ မြင့်တက်နေတဲ့ အီရန်နိုင်ငံက လူများပြည့်ကျပ်နေတဲ့ အကျဥ်းထောင်များအတွင်း ဗိုင်းရပ်စ်ကူးစက်မှု တိုက်ဖျက်ရေးအတွက် အကျဥ်းသား ၅၄,၀၀၀ ကို ယာယီလွှတ်ပေးလိုက်ကြောင်း သိရပါတယ်။ဗိုင်းရပ်စ်မရှိကြောင်း စစ်ဆေးပြီးတဲ့ အကျဥ်းသားတွေကို အိမ်ပြန်ခွင့်ပေးခဲ့ပါတယ်။

ဗိုင်းရပ်စ်မရှိကြောင်း စစ်ဆေးပြီးတဲ့ အကျဥ်းသားတွေကို အိမ်ပြန်ခွင့်ပေးခဲ့ပြီး အာမခံတင်ထားစေခဲ့ကြောင်း တရားစီရင်ရေးဌာန ပြောခွင့်ရအမျိုးသား Gholamhossein Esmaili က သတင်းထောက်တွေကို ပြောပါတယ်။ ယခု အစီအစဥ်မှာ ငါးနှစ်အထက် ထောင်ဒဏ်ချမှတ်ခံထားရတဲ့ အကျဥ်းသားတွေ မပါဝင်ဘူးလို့ဆိုပါတယ်။ အီရန်မှာ နှစ်ပတ်မပြည့်မီအတွင်း ဗိုင်းရပ်စ်ကူးစက်ခံရသူ ၇၇ ဦးအထိ သေဆုံးခဲ့ပါတယ်။
အင်္ဂါနေ့ (မတ်လ ၃ ရက်) မှာ အီရန်ကျန်းမာရေးဝန်ကြီးဌာနက တရားဝင်ထုတ်ပြန်မှုအရ ဗိုင်းရပ်စ်ကူးစက်ခံရသူ အရေအတွက်ဟာ နှစ်ရက်ဆက်တိုက် ၅၀ ရာခိုင်နှုန်းကျော် မြင့်တက်လာခဲ့ပါတယ်။ မတ်လ ၃ ရက် ညပိုင်းအထိ အီရန်မှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၂,၃၃၆ ဦးရှိကြောင်း အာဏာပိုင်တွေက တရားဝင်ထုတ်ပြန်ထားပေမဲ့ အမှန်တစ်ကယ် အရေအတွက်ဟာ များစွာပိုမိုနေနိုင်ကြောင်း ဖော်ပြပါတယ်။
အာဖဂန်နစ္စတန်၊ ကနေဒါ၊ လက်ဘနွန်၊ ပါကစ္စတန်၊ ကူဝိတ်၊ ဘာရိန်း၊ အီရတ်၊ အိုမန်၊ ကာတာနဲ့ အာရပ်စော်ဘွားများပြည်ထောင်စု နိုင်ငံတွေမှာ တွေ့ရှိရတဲ့ COVID-19 ဗိုင်းရပ်စ်ကူးစက်ခံရမှုတွေဟာလည်း အီရန်နဲ့ဆက်နွယ်နေကြောင်း သိရပါတယ်။ အီရန်မှာ ဗိုင်းရပ်စ်ကူးစက်ခံရသူများအနက် ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ အမျိုးသမီးများနဲ့ မိသားစုဆိုင်ရာ ဒုသမ္မတနဲ့ လွှတ်တော်အမတ်တွေလည်း ပါဝင်နေပါတယ်။
ဒါ့အပြင် အရေးပေါ်ဆေးကုသရေးဌာနရဲ့ အကြီးအကဲ Pirhossein Kolivand လည်း ဗိုင်းရပ်စ်ကူးစက်ခံထားရတယ်လို့ ဆိုပါတယ်။ ဖေဖေါ်ဝါရီ ၂၉ ရက်နေ့က လွှတ်တော်အမတ်တစ်ဦး ဗိုင်းရပ်စ်ကြောင့် ‌သေဆုံးခဲ့ကြောင်း သတင်းတွေထွက်ပေါ်ခဲ့ပေမဲ့ အီရန်အာဏာပိုင်တွေကတော့ တုပ်ကွေးကြောင့်ဖြစ်ကြောင်းပြောခဲ့ပြီး အတည်မပြုခဲ့ပါဘူး။
အီရန်လွှတ်တော်အမတ် ၂၉၀ အနက် ၂၃ ဦးဟာ ဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း ပြောပါတယ်။ တနင်္လာနေ့ (မတ်လ ၂ ရက်) မှာတော့ အီရန်ခေါင်းဆောင်ကြီး အယာတိုလာခါမေနီရဲ့ အကြံပေးအဖွဲ့ Expediency Council မှ အဖွဲ့ဝင်တစ်ဦးဖြစ်သူဟာ COVID-19 ဗိုင်းရပ်စ်ကြောင့် တီဟီရန်မြို့မှာ သေဆုံးသွားခဲ့ပါတယ်။
အီရန်အစိုးရသတင်းဌာနရဲ့ အဆိုအရ ဗိုင်းရပ်စ်ကြောင့် သေဆုံးခဲ့တဲ့ အသက် ၇၁ နှစ်အရွယ် မိုဟာမက်မာမိုဟာမက်ဒီဟာ အယာတိုလာခါမေနီနဲ့ နီးကပ်တဲ့ ဆက်ဆံရေးရှိခဲ့တယ်လို့လည်း သိရပါတယ်။ မတ်လ ၃ ရက် ညပိုင်းအထိ တရားဝင်ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူအရေအတွက်ဟာ တရုတ်ပြည်မကြီးမှာ ၂,၉၄၃ ဦး အပါအဝင် ကမ္ဘာတစ်ဝှမ်း ၃,၁၂၈ ဦးအထိ မြင့်တက်လာပါတယ်။
ယမန်နှစ် ဒီဇင်ဘာလကုန်က တရုတ်အလယ်ပိုင်း ဟူဘေးပြည်နယ် ဝူဟန်မြို့မှာ စတင်တွေ့ရှိရတဲ့ COVID-19 ရောဂါဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု တစ်ကမ္ဘာလုံးဆိုင်ရာ အန္တရာယ်သတိပေးချက်ကို အမြင့်ဆုံးအဆင့်အဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) က ဖေဖေါ်ဝါရီ ၂၈ ရက်မှာ တိုးမြှင့်သတ်မှတ်ထားပါတယ်။
Image may contain: one or more people, people standing and outdoor
Image may contain: 1 person, tree, plant, outdoor and nature
Image may contain: one or more people and people standing
>>Zawgyi<<
အီရန်မှာ COVID-19 ဗိုင်းရပ်စ်ကူးစက်မှုတိုက်ဖျက်ရေး အကျဉ်းသား ၅၄,၀၀၀ ကျော်အား ဗိုင်းရပ်စ်မရှိကြောင်း စစ်ဆေးပြီးတဲ့ အကျဉ်းသားတွေကို အိမ်ပြန်ခွင့်ပေး
Wednesday, March 4 , 2020
COVID-19 ရောဂါဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုနဲ့ သေဆုံးမှုတွေ သိသိသာသာ မြင့်တက်နေတဲ့ အီရန်နိုင်ငံက လူများပြည့်ကျပ်နေတဲ့ အကျဉ်းထောင်များအတွင်း ဗိုင်းရပ်စ်ကူးစက်မှု တိုက်ဖျက်ရေးအတွက် အကျဉ်းသား ၅၄,၀၀၀ ကို ယာယီလွှတ်ပေးလိုက်ကြောင်း သိရပါတယ်။ဗိုင်းရပ်စ်မရှိကြောင်း စစ်ဆေးပြီးတဲ့ အကျဉ်းသားတွေကို အိမ်ပြန်ခွင့်ပေးခဲ့ပါတယ်။

ဗိုင်းရပ်စ်မရှိကြောင်း စစ်ဆေးပြီးတဲ့ အကျဉ်းသားတွေကို အိမ်ပြန်ခွင့်ပေးခဲ့ပြီး အာမခံတင်ထားစေခဲ့ကြောင်း တရားစီရင်ရေးဌာန ပြောခွင့်ရအမျိုးသား Gholamhossein Esmaili က သတင်းထောက်တွေကို ပြောပါတယ်။ ယခု အစီအစဉ်မှာ ငါးနှစ်အထက် ထောင်ဒဏ်ချမှတ်ခံထားရတဲ့ အကျဉ်းသားတွေ မပါဝင်ဘူးလို့ဆိုပါတယ်။ အီရန်မှာ နှစ်ပတ်မပြည့်မီအတွင်း ဗိုင်းရပ်စ်ကူးစက်ခံရသူ ၇၇ ဦးအထိ သေဆုံးခဲ့ပါတယ်။
အင်္ဂါနေ့ (မတ်လ ၃ ရက်) မှာ အီရန်ကျန်းမာရေးဝန်ကြီးဌာနက တရားဝင်ထုတ်ပြန်မှုအရ ဗိုင်းရပ်စ်ကူးစက်ခံရသူ အရေအတွက်ဟာ နှစ်ရက်ဆက်တိုက် ၅၀ ရာခိုင်နှုန်းကျော် မြင့်တက်လာခဲ့ပါတယ်။ မတ်လ ၃ ရက် ညပိုင်းအထိ အီရန်မှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၂,၃၃၆ ဦးရှိကြောင်း အာဏာပိုင်တွေက တရားဝင်ထုတ်ပြန်ထားပေမဲ့ အမှန်တစ်ကယ် အရေအတွက်ဟာ များစွာပိုမိုနေနိုင်ကြောင်း ဖော်ပြပါတယ်။
အာဖဂန်နစ္စတန်၊ ကနေဒါ၊ လက်ဘနွန်၊ ပါကစ္စတန်၊ ကူဝိတ်၊ ဘာရိန်း၊ အီရတ်၊ အိုမန်၊ ကာတာနဲ့ အာရပ်စော်ဘွားများပြည်ထောင်စု နိုင်ငံတွေမှာ တွေ့ရှိရတဲ့ COVID-19 ဗိုင်းရပ်စ်ကူးစက်ခံရမှုတွေဟာလည်း အီရန်နဲ့ဆက်နွယ်နေကြောင်း သိရပါတယ်။ အီရန်မှာ ဗိုင်းရပ်စ်ကူးစက်ခံရသူများအနက် ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ အမျိုးသမီးများနဲ့ မိသားစုဆိုင်ရာ ဒုသမ္မတနဲ့ လွှတ်တော်အမတ်တွေလည်း ပါဝင်နေပါတယ်။
ဒါ့အပြင် အရေးပေါ်ဆေးကုသရေးဌာနရဲ့ အကြီးအကဲ Pirhossein Kolivand လည်း ဗိုင်းရပ်စ်ကူးစက်ခံထားရတယ်လို့ ဆိုပါတယ်။ ဖေဖေါ်ဝါရီ ၂၉ ရက်နေ့က လွှတ်တော်အမတ်တစ်ဦး ဗိုင်းရပ်စ်ကြောင့် ‌သေဆုံးခဲ့ကြောင်း သတင်းတွေထွက်ပေါ်ခဲ့ပေမဲ့ အီရန်အာဏာပိုင်တွေကတော့ တုပ်ကွေးကြောင့်ဖြစ်ကြောင်းပြောခဲ့ပြီး အတည်မပြုခဲ့ပါဘူး။
အီရန်လွှတ်တော်အမတ် ၂၉၀ အနက် ၂၃ ဦးဟာ ဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း ပြောပါတယ်။ တနင်္လာနေ့ (မတ်လ ၂ ရက်) မှာတော့ အီရန်ခေါင်းဆောင်ကြီး အယာတိုလာခါမေနီရဲ့ အကြံပေးအဖွဲ့ Expediency Council မှ အဖွဲ့ဝင်တစ်ဦးဖြစ်သူဟာ COVID-19 ဗိုင်းရပ်စ်ကြောင့် တီဟီရန်မြို့မှာ သေဆုံးသွားခဲ့ပါတယ်။
အီရန်အစိုးရသတင်းဌာနရဲ့ အဆိုအရ ဗိုင်းရပ်စ်ကြောင့် သေဆုံးခဲ့တဲ့ အသက် ၇၁ နှစ်အရွယ် မိုဟာမက်မာမိုဟာမက်ဒီဟာ အယာတိုလာခါမေနီနဲ့ နီးကပ်တဲ့ ဆက်ဆံရေးရှိခဲ့တယ်လို့လည်း သိရပါတယ်။ မတ်လ ၃ ရက် ညပိုင်းအထိ တရားဝင်ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူအရေအတွက်ဟာ တရုတ်ပြည်မကြီးမှာ ၂,၉၄၃ ဦး အပါအဝင် ကမ္ဘာတစ်ဝှမ်း ၃,၁၂၈ ဦးအထိ မြင့်တက်လာပါတယ်။
ယမန်နှစ် ဒီဇင်ဘာလကုန်က တရုတ်အလယ်ပိုင်း ဟူဘေးပြည်နယ် ဝူဟန်မြို့မှာ စတင်တွေ့ရှိရတဲ့ COVID-19 ရောဂါဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု တစ်ကမ္ဘာလုံးဆိုင်ရာ အန္တရာယ်သတိပေးချက်ကို အမြင့်ဆုံးအဆင့်အဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) က ဖေဖေါ်ဝါရီ ၂၈ ရက်မှာ တိုးမြှင့်သတ်မှတ်ထားပါတယ်။
Ref-Duwun #Myanmar_Online_News

0 comments:

Post a Comment