Tuesday, March 3, 2020

လုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များမှ မိုင်းတွမ်းမြို့ အနီး၌ လက်နက်၊ ခဲယမ်းနှင့် မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ

No photo description available.

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတွမ်းမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် ယနေ့မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်ခန့်တွင် မိုင်းတွမ်းမြို့၏ အနောက်ဘက် မီတာ ၅၀၀၀ ခန့်အကွာသို့ ရောက်ရှိစဉ် ကျေးရွာချင်းဆက်လမ်းဘေးရှိ ဗွီဂိုအမျိုးအစား မော်တော်ယာဉ် တစ်စီးပေါ်မှ အမျိုးသားတစ်ဦးသည် ယာဉ်အားထားခဲ့ပြီး ဆင်းပြေးသွားခဲ့သဖြင့် မော်တော်ယာဉ်အား စစ်ဆေးရာ ယာဉ်ပေါ်မှ တစ်လုံးထိုးသေနတ် တစ်လက်၊ ၉ မမပစ္စတိုတစ်လက်၊ ၎င်းကျည်အိမ်တစ်ခု၊ ကျည် ၁၀ တောင့် တို့ကို တွေ့ရှိသိမ်းဆည်း ရမိခဲ့သည်။

အလားတူ လုံခြုံရေး တပ်ဖွဲ့ဝင်များသည် မွန်းလွဲ ၁၂ နာရီ ၅၅ မိနစ်ခန့်တွင် ဟွေပူ ကျေးရွာ၏ အနောက်တောင်ဘက် မီတာ ၂၀၀၀ ခန့်အကွာ တောင်ယာပျက်တစ်ခု အနီးသို့ရောက်ရှိစဉ် ကောက်ရိုးများဖုံးအုပ်၍ မြေကျင်းတူးပြီး မြှုပ်နှံထားသော အစိမ်းရောင်ပလတ်စတစ်ပုံး အတွင်းမှ WYစာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၂၉၀၀၀၀ ပြား(ခန့်မှန်း တန်ဖိုးငွေကျပ် သိန်းပေါင်း ၄၃၀၀ ကျော်)အား ပိုင်ရှင်မဲ့တွေ့ရှိ သိမ်းဆည်း ရမိခဲ့သည်။
ဆက်လက်၍ လုံခြုံရေး တပ်ဖွဲ့ဝင်များသည် ည ၆ နာရီခွဲခန့်တွင် သတင်းအရ ပါဟိုး ကျေးရွာအနီးသို့ သွားရောက်စစ်ဆေးရာ ကျွဲခြံဟောင်းဝင်းတစ်ခုအတွင်း မြေကျင်း တူး၍ မြှုပ်နှံထားသည့် အမ်-၁၆ သေနတ်တစ်လက်၊ အေကေ-၄၇ သေနတ်တစ်လက် နှင့် အမ်-၇၉ သေနတ်တစ်လက်တို့ကို ထပ်မံ တွေ့ရှိသိမ်းဆည်း မိခဲ့သည်။
အဆိုပါ သိမ်းဆည်းရမိ လက်နက်၊ ခဲယမ်းများနှင့် မူးယစ်ဆေးဝါးများအား သက်ဆိုင်ရာသို့ စနစ်တကျ အပ်နှံသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
Image may contain: car and outdoor
Image may contain: plant and outdoor
Image may contain: food
Source : တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး #Myanmar_Online_News
>>Zawgyi<<
လုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များမှ မိုင်းတွမ်းမြို့ အနီး၌ လက်နက်၊ ခဲယမ်းနှင့် မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ
Wednesday, March 4 , 2020

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတွမ်းမြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် ယနေ့မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်ခန့်တွင် မိုင်းတွမ်းမြို့၏ အနောက်ဘက် မီတာ ၅၀၀၀ ခန့်အကွာသို့ ရောက်ရှိစဉ် ကျေးရွာချင်းဆက်လမ်းဘေးရှိ ဗွီဂိုအမျိုးအစား မော်တော်ယာဉ် တစ်စီးပေါ်မှ အမျိုးသားတစ်ဦးသည် ယာဉ်အားထားခဲ့ပြီး ဆင်းပြေးသွားခဲ့သဖြင့် မော်တော်ယာဉ်အား စစ်ဆေးရာ ယာဉ်ပေါ်မှ တစ်လုံးထိုးသေနတ် တစ်လက်၊ ၉ မမပစ္စတိုတစ်လက်၊ ၎င်းကျည်အိမ်တစ်ခု၊ ကျည် ၁၀ တောင့် တို့ကို တွေ့ရှိသိမ်းဆည်း ရမိခဲ့သည်။
အလားတူ လုံခြုံရေး တပ်ဖွဲ့ဝင်များသည် မွန်းလွဲ ၁၂ နာရီ ၅၅ မိနစ်ခန့်တွင် ဟွေပူ ကျေးရွာ၏ အနောက်တောင်ဘက် မီတာ ၂၀၀၀ ခန့်အကွာ တောင်ယာပျက်တစ်ခု အနီးသို့ရောက်ရှိစဉ် ကောက်ရိုးများဖုံးအုပ်၍ မြေကျင်းတူးပြီး မြှုပ်နှံထားသော အစိမ်းရောင်ပလတ်စတစ်ပုံး အတွင်းမှ WYစာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၂၉၀၀၀၀ ပြား(ခန့်မှန်း တန်ဖိုးငွေကျပ် သိန်းပေါင်း ၄၃၀၀ ကျော်)အား ပိုင်ရှင်မဲ့တွေ့ရှိ သိမ်းဆည်း ရမိခဲ့သည်။
ဆက်လက်၍ လုံခြုံရေး တပ်ဖွဲ့ဝင်များသည် ည ၆ နာရီခွဲခန့်တွင် သတင်းအရ ပါဟိုး ကျေးရွာအနီးသို့ သွားရောက်စစ်ဆေးရာ ကျွဲခြံဟောင်းဝင်းတစ်ခုအတွင်း မြေကျင်း တူး၍ မြှုပ်နှံထားသည့် အမ်-၁၆ သေနတ်တစ်လက်၊ အေကေ-၄၇ သေနတ်တစ်လက် နှင့် အမ်-၇၉ သေနတ်တစ်လက်တို့ကို ထပ်မံ တွေ့ရှိသိမ်းဆည်း မိခဲ့သည်။
အဆိုပါ သိမ်းဆည်းရမိ လက်နက်၊ ခဲယမ်းများနှင့် မူးယစ်ဆေးဝါးများအား သက်ဆိုင်ရာသို့ စနစ်တကျ အပ်နှံသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
Source : တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး #Myanmar_Online_News

0 comments:

Post a Comment