Monday, March 16, 2020

သီလဝါစက်မှုဇုန်တွင် အလုပ်လာလျှောက်သည့် တရုတ်စားဖိုမှူးတစ်ဦး ရုတ်တရက် လဲကျပြီး ပျောက်ဆုံနေသဖြင့် သက်ဆိုင်ရာမြို့နယ်များနှင့်ချိတ်ဆက်ပြီး စုံစမ်းစစ်ဆေးရန် အေကြာင်းကြားထားပြီး တွေ့ရှိခြင်း ရှိ/မရှိ မသိရှိရသေးဟု ကျောက်တန်း ကိုယ်စားလှယ်ပြော


Image may contain: grass, sky, tree, house and outdoor
ကျောက်တန်းမြို့နယ် သီလဝါစက်မှုဇုန်ရှိ XINFA TEXTILE ချည်မျှင်စက်ရုံတွင် အလုပ်လာလျှောက်သည့် တရုတ်စားဖိုမှုးတစ်ဦးသည် ရုတ်တရက် နေမကောင်းဖြစ်ကာ လဲကျမှုတစ်ခု မတ်လ ၁၅ ရက်က ဖြစ်ပွားခဲ့ပြီး၊ အဆိုပါစားဖိုမှုးနှင့်ပတ်သက်၍ သက်ဆိုင် ရာမြို့နယ်များနှင့်ချိတ်ဆက်ပြီး စုံစမ်းစစ်ဆေးရန် အကြောင်းထားကြောင်း ကျောက်တန်းမြို့ နယ် လွှတ်တော်မဲဆန္ဒနယ်(၁)ကိုယ်စားလှယ် ဦးဇော်မိုးလွင်က ပြောကြားသည်။
ကျောက်တန်းမြို့နယ် သီလဝါစက်မှုဇုန်ရှိ XINFA TEXTILE ချည်မျှင်စက်ရုံသို့ တရုတ်လူမျိုး စားဖိုမှုးတစ်ဦး ဖြစ်သည့် Cheng Ping Fang (၃၀)နှစ်ကျော်ခန့်သည် အဆိုပါစက်ရုံတွင် အလုပ်အင်တာဗျူး လာရောက်ဖြေဆိုပြီးနောက် ရုတ်တရက် လဲကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“သူကစားဖိုမှုး။ အလုပ်လာလျှောက်တယ်။လက်တွေ့ ချက်ခိုင်းတယ်။ ချက်ပြုတ်ပြီး အပြင်ထွက်လိုက်တဲ့အချိန်မှာလဲသွားတယ်။ ပြီးတဲ့အခါမှာ လုံခြုံရေးက လှမ်း အော်တယ်။ လှမ်းအော်တဲ့အခါမှာ တာဝန်ရှိတဲ့သူ သုံးယောက် ရောက်လာတယ်။ ရောက်လာပြီးတော့ စောင့်ကြည့်တဲ့အချိန်မှာပဲ သူက ငုတ်တုပ်ထထိုင်တယ်ပေါ့။ ပြီးတော့ ကားတစ်စီးနဲ့ စကားပြန်နဲ့စီစဉ်ပေးတဲ့အခါမှာ ကားပေါ် သူကိုယ်တိုင်ပဲတက်သွားတယ်။ ဟိုတယ်တစ်ခုမှာ နားဖို့ပြောတဲ့အခါမှာ ဟိုတယ်ကစျေးကြီးလို့ သူ့သူငယ်ချင်းအိမ်သွားမယ် ဆိုပြီး တက္ကစီနဲ့ပဲကားတင်ပေးလိုက်တဲ့အခြေအနေပေါ့။ အဲ့ဒီမှတ်တမ်းလေးတော့ ယူထား ပါတယ်။ မနက်ကတည်းကစပြီး ကားပေါ်တက်သွားတဲ့အထိပေါ့။ စီစီတီဗီမှတ်တမ်းယူထားပါတယ်” ဟု ဦးဇော်မိုးလွင်က ပြောကြားသည်။

လက်ရှိအခြေအနေတွင် အဆိုပါအဖြစ်အပျက်နှင့် ပတ်သက်၍ CCTVမှတ်တမ်းများကို သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့နှင့်ရဲတပ်ဖွဲ့က စစ်ဆေးထားပြီး "လဝက"ကို အကြောင်းကြား ထားကြောင်း၊သက်ဆိုင် ရာမြို့နယ်များနှင့်ချိတ်ဆက်ပြီး စုံစမ်းစစ်ဆေးရန် အကြောင်းကြား ပေးထားကြောင်း၊ အဆိုပါ တရုတ် စားဖိုမှုးကို ရှာဖွေ တွေ့ရှိခြင်း ရှိ/ မရှိကိုမူ မသိရှိသေ ေကြောင်း ဦးဇော်မိုးလွင်က ဖြေကြားပေးခဲ့သည်။
ref-the ladies
>>Zawgyi<<
သီလဝါစက်မှုဇုန်တွင် အလုပ်လာလျှောက်သည့် တရုတ်စားဖိုမှူးတစ်ဦး ရုတ်တရက် လဲကျပြီး ပျောက်ဆုံနေသဖြင့် သက်ဆိုင်ရာမြို့နယ်များနှင့်ချိတ်ဆက်ပြီး စုံစမ်းစစ်ဆေးရန် အကြောင်းကြားထားပြီး တွေ့ရှိခြင်း ရှိ/မရှိ မသိရှိရသေးဟု ကျောက်တန်း ကိုယ်စားလှယ်ပြော
Monday, March 16, 2020
ကျောက်တန်းမြို့နယ် သီလဝါစက်မှုဇုန်ရှိ XINFA TEXTILE ချည်မျှင်စက်ရုံတွင် အလုပ်လာလျှောက်သည့် တရုတ်စားဖိုမှုးတစ်ဦးသည် ရုတ်တရက် နေမကောင်းဖြစ်ကာ လဲကျမှုတစ်ခု မတ်လ ၁၅ ရက်က ဖြစ်ပွားခဲ့ပြီး၊ အဆိုပါစားဖိုမှုးနှင့်ပတ်သက်၍ သက်ဆိုင် ရာမြို့နယ်များနှင့်ချိတ်ဆက်ပြီး စုံစမ်းစစ်ဆေးရန် အကြောင်းထားကြောင်း ကျောက်တန်းမြို့ နယ် လွှတ်တော်မဲဆန္ဒနယ်(၁)ကိုယ်စားလှယ် ဦးဇော်မိုးလွင်က ပြောကြားသည်။

ကျောက်တန်းမြို့နယ် သီလဝါစက်မှုဇုန်ရှိ XINFA TEXTILE ချည်မျှင်စက်ရုံသို့ တရုတ်လူမျိုး စားဖိုမှုးတစ်ဦး ဖြစ်သည့် Cheng Ping Fang (၃၀)နှစ်ကျော်ခန့်သည် အဆိုပါစက်ရုံတွင် အလုပ်အင်တာဗျူး လာရောက်ဖြေဆိုပြီးနောက် ရုတ်တရက် လဲကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“သူကစားဖိုမှုး။ အလုပ်လာလျှောက်တယ်။လက်တွေ့ ချက်ခိုင်းတယ်။ ချက်ပြုတ်ပြီး အပြင်ထွက်လိုက်တဲ့အချိန်မှာလဲသွားတယ်။ ပြီးတဲ့အခါမှာ လုံခြုံရေးက လှမ်း အော်တယ်။ လှမ်းအော်တဲ့အခါမှာ တာဝန်ရှိတဲ့သူ သုံးယောက် ရောက်လာတယ်။ ရောက်လာပြီးတော့ စောင့်ကြည့်တဲ့အချိန်မှာပဲ သူက ငုတ်တုပ်ထထိုင်တယ်ပေါ့။ ပြီးတော့ ကားတစ်စီးနဲ့ စကားပြန်နဲ့စီစဉ်ပေးတဲ့အခါမှာ ကားပေါ် သူကိုယ်တိုင်ပဲတက်သွားတယ်။ ဟိုတယ်တစ်ခုမှာ နားဖို့ပြောတဲ့အခါမှာ ဟိုတယ်ကစျေးကြီးလို့ သူ့သူငယ်ချင်းအိမ်သွားမယ် ဆိုပြီး တက္ကစီနဲ့ပဲကားတင်ပေးလိုက်တဲ့အခြေအနေပေါ့။ အဲ့ဒီမှတ်တမ်းလေးတော့ ယူထား ပါတယ်။ မနက်ကတည်းကစပြီး ကားပေါ်တက်သွားတဲ့အထိပေါ့။ စီစီတီဗီမှတ်တမ်းယူထားပါတယ်” ဟု ဦးဇော်မိုးလွင်က ပြောကြားသည်။

လက်ရှိအခြေအနေတွင် အဆိုပါအဖြစ်အပျက်နှင့် ပတ်သက်၍ CCTVမှတ်တမ်းများကို သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့နှင့်ရဲတပ်ဖွဲ့က စစ်ဆေးထားပြီး "လဝက"ကို အကြောင်းကြား ထားကြောင်း၊သက်ဆိုင် ရာမြို့နယ်များနှင့်ချိတ်ဆက်ပြီး စုံစမ်းစစ်ဆေးရန် အကြောင်းကြား ပေးထားကြောင်း၊ အဆိုပါ တရုတ် စားဖိုမှုးကို ရှာဖွေ တွေ့ရှိခြင်း ရှိ/ မရှိကိုမူ မသိရှိသေ ေကြောင်း ဦးဇော်မိုးလွင်က ဖြေကြားပေးခဲ့သည်။
ref-the ladies

0 comments:

Post a Comment