Tuesday, March 3, 2020

စစ်ကိုင်းမှ အမျိုးသားတစ်ဦး ကိုရိုနာဗိုင်းရပ်စ် သံသယလက္ခဏာများ တွေ့ ဟု ထုတ်ပြန်

No photo description available.

စစ်ကိုင်းမြို့မှအမျိုးသားတစ်ဦးတွင် ကိုရိုနာဗိုင်းရပ်စ် ရောဂါသံသယလက္ခဏာများ တွေ့ရှိထားကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဖေ့စ်ဘွခ် ပေ့ချ်က မတ်လ၂ ရက်နေ့ ညပိုင်းတွင် ထုတ်ပြန်ထားသည်။

စစ်ကိုင်းမြို့တွင် နေထိုင်သော အသက် (၂၄) နှစ် အရွယ် အမျိုးသားတစ်ဦးသည် ဖေဖော်ဝါရီလ ၂၉ ရက်မှစတင်၍ ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ ရင်ဘတ်အောင့်ခြင်းနှင့် မောပန်းခြင်းစသည့် ရောဂါလက္ခဏာများဖြင့် မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးသို့ ယခု လ ၁ ရက်က တက်ရောက်ကုသမှု ခံယူခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
ယင်းလူနာသည် စမ်းသပ်ချက်များအရ လွန်ခဲ့သော ၁၄ ရက်အတွင်း ရောဂါကူးစက်ဖြစ်ပွားလျက်ရှိသောဒေသများသို့ ခရီးသွားရာဇဝင်မရှိသော်လည်း COVID-19 ရောဂါ သံသယလက္ခဏာများတွေ့ရှိခဲ့ရသည်ဟု ဆိုသည်။
ထို့အတွက် ယခုလ ၂ ရက် ညနေပိုင်းတွင် မန္တလေးမြို့၊ ကန်တော်နဒီ ဆေးရုံသို့ ပို့ဆောင်ပြီး စောင့်ကြည့်လူနာ (Person Under Investigation – PUI) အဖြစ် သတ်မှတ်ကာ သီးခြားထားရှိ ကုသမှုပေးလျက်ရှိပြီး ဓါတ်ခွဲနမူနာရယူ၍ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)သို့ ပေးပို့ စစ်ဆေးရန် ဆောင်ရွက်ထားကြောင်း သိရသည်။
ref-Monywa Gazette #Myanmar_Online_News
>>Zawgyi<<
စစ်ကိုင်းမှ အမျိုးသားတစ်ဦး ကိုရိုနာဗိုင်းရပ်စ် သံသယလက္ခဏာများ တွေ့ ဟု ထုတ်ပြန်
Wednesday, March 4 , 2020

စစ်ကိုင်းမြို့မှ အမျိုးသားတစ်ဦးတွင် ကိုရိုနာဗိုင်းရပ်စ် ရောဂါ သံသယ လက္ခဏာများ တွေ့ရှိထားကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဖေ့စ်ဘွခ် ပေ့ချ်က မတ်လ၂ ရက်နေ့ ညပိုင်းတွင် ထုတ်ပြန်ထားသည်။
စစ်ကိုင်းမြို့တွင် နေထိုင်သော အသက် (၂၄) နှစ် အရွယ် အမျိုးသားတစ်ဦးသည် ဖေဖော်ဝါရီလ ၂၉ ရက်မှစတင်၍ ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ ရင်ဘတ်အောင့်ခြင်းနှင့် မောပန်းခြင်းစသည့် ရောဂါလက္ခဏာများဖြင့် မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးသို့ ယခု လ ၁ ရက်က တက်ရောက်ကုသမှု ခံယူခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
ယင်းလူနာသည် စမ်းသပ်ချက်များအရ လွန်ခဲ့သော ၁၄ ရက်အတွင်း ရောဂါကူးစက်ဖြစ်ပွားလျက်ရှိသောဒေသများသို့ ခရီးသွားရာဇဝင်မရှိသော်လည်း COVID-19 ရောဂါ သံသယလက္ခဏာများတွေ့ရှိခဲ့ရသည်ဟု ဆိုသည်။
ထို့အတွက် ယခုလ ၂ ရက် ညနေပိုင်းတွင် မန္တလေးမြို့၊ ကန်တော်နဒီ ဆေးရုံသို့ ပို့ဆောင်ပြီး စောင့်ကြည့်လူနာ (Person Under Investigation – PUI) အဖြစ် သတ်မှတ်ကာ သီးခြားထားရှိ ကုသမှုပေးလျက်ရှိပြီး ဓါတ်ခွဲနမူနာရယူ၍ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)သို့ ပေးပို့ စစ်ဆေးရန် ဆောင်ရွက်ထားကြောင်း သိရသည်။
ref-Monywa Gazette #Myanmar_Online_News

0 comments:

Post a Comment