Monday, March 2, 2020

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဖွဲ့စည်းပုံအခြေခံဥပဒေထက် ပိုမိုအာဏာသက်ရောက်ဆိုသည့် ဆွေးနွေးချက် လွှတ်တော်မှတ်တမ်းမှ ပယ်ဖျက်ကြောင်းကြေညာ

Image may contain: indoor
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဖွဲ့စည်းပုံအခြေခံဥပဒေထက် ပိုမိုအာဏာသက်ရောက်ဆိုသည့် ဆွေးနွေးချက်အပါအဝင် ကိုယ်စားလှယ် ၂ဦး၏ဆွေးနွေးချက် လွှတ်တော်မှတ်တမ်းမှ ပယ်ဖျက်ကြောင်း ပြည်ထောင် စုလွှတ်တော်နာယကက ယနေ့တွင်ကြေညာသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၈ရက်နေ့က ပြည်ထောင်စုလွှတ်တော်တွင်းဆွေးနွေးသွားခဲ့သော ကိုယ်စားလှယ်အချို့အပေါ် ကန့်ကွက်မှုများရှိခဲ့သဖြင့် စိစစ်ခဲ့ကာ သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့် ညီညွှတ်မှုမရှိသဖြင့် ထိုဆွေးနွေးချက်များကို ပယ်ဖျက်ခြင်းဖြစ်သည်ဟု နာယက က လွှတ်တော်ကို ပြောသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဖွဲ့စည်းပုံအခြေခံဥပဒေထက် ပိုမိုအာဏာသက်ရောက်ဆိုသည့် ဆွေးနွေးချက်စကားရပ်ကို ကရင်ပြည်နယ်မဲဆန္ဒနယ်အမှတ် (၁၂) ဦးစောယှားဖောင်အွာက ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
၎င်းက ခြေဥပုဒ်မအချို့ကို ထောက်ပြကာ ဆွေးနွေးခဲ့ခြင်းဖြစ်သည်။ဦးစောယှားဖောင်အွာဆွေးနွေးအပြီး တပ်မတော်ကိုယ်စားလှယ်တစ်ဦးကလည်း ထကန့်ကွက်ခဲ့သေးသည်။နောက်ထပ် လွှတ်တော်မှတ်တမ်းမှ နုတ်ပယ်ခြင်းခံခဲ့ရသည့် ဆွေးနွေးချက်မှာ ကချင်ပြည်နယ်မဲဆန္ဒနယ်အမှတ်(၁)မှ ဦးဂျေယောဝူ ၏ ဆွေးနွေးချက်ဖြစ်ပြီး၊နာယက က ဦးဂျေယောဝူ ဆွေးနွေးချက်များထဲမှ “မကြာမှီအတည်ပြုတော့မယ့် စကားရပ်မှ ----ဆုံးရှုံးနိုင်တဲ့ကိန်းဆိုက်မှာ ဆိုတဲ့ စကားရပ်”အထိ ကို ပယ်ဖျက်ကြောင်း ကြေညာခဲ့သည်။
ဦးဂျေယောဂူ၏ ဆွေးနွေးချက်ထဲမှ အချို့ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်က ထကန့်ကွက်ခဲ့ခြင်းဖြစ်သည်။
ref-Myanmar Harp
>>Zawgyi<<
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဖွဲ့စည်းပုံအခြေခံဥပဒေထက် ပိုမိုအာဏာသက်ရောက်ဆိုသည့် ဆွေးနွေးချက် လွှတ်တော်မှတ်တမ်းမှ ပယ်ဖျက်ကြောင်းကြေညာ
Tuesday , March 3 , 2020

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဖွဲ့စည်းပုံအခြေခံဥပဒေထက် ပိုမိုအာဏာသက်ရောက်ဆိုသည့် ဆွေးနွေးချက်အပါအဝင် ကိုယ်စားလှယ် ၂ဦး၏ဆွေးနွေးချက် လွှတ်တော်မှတ်တမ်းမှ ပယ်ဖျက်ကြောင်း ပြည်ထောင် စုလွှတ်တော်နာယကက ယနေ့တွင်ကြေညာသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၈ရက်နေ့က ပြည်ထောင်စုလွှတ်တော်တွင်းဆွေးနွေးသွားခဲ့သော ကိုယ်စားလှယ်အချို့အပေါ် ကန့်ကွက်မှုများရှိခဲ့သဖြင့် စိစစ်ခဲ့ကာ သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့် ညီညွှတ်မှုမရှိသဖြင့် ထိုဆွေးနွေးချက်များကို ပယ်ဖျက်ခြင်းဖြစ်သည်ဟု နာယက က လွှတ်တော်ကို ပြောသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဖွဲ့စည်းပုံအခြေခံဥပဒေထက် ပိုမိုအာဏာသက်ရောက်ဆိုသည့် ဆွေးနွေးချက်စကားရပ်ကို ကရင်ပြည်နယ်မဲဆန္ဒနယ်အမှတ် (၁၂) ဦးစောယှားဖောင်အွာက ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
၎င်းက ခြေဥပုဒ်မအချို့ကို ထောက်ပြကာ ဆွေးနွေးခဲ့ခြင်းဖြစ်သည်။ဦးစောယှားဖောင်အွာဆွေးနွေးအပြီး တပ်မတော်ကိုယ်စားလှယ်တစ်ဦးကလည်း ထကန့်ကွက်ခဲ့သေးသည်။နောက်ထပ် လွှတ်တော်မှတ်တမ်းမှ နုတ်ပယ်ခြင်းခံခဲ့ရသည့် ဆွေးနွေးချက်မှာ ကချင်ပြည်နယ်မဲဆန္ဒနယ်အမှတ်(၁)မှ ဦးဂျေယောဝူ ၏ ဆွေးနွေးချက်ဖြစ်ပြီး၊နာယက က ဦးဂျေယောဝူ ဆွေးနွေးချက်များထဲမှ “မကြာမှီအတည်ပြုတော့မယ့် စကားရပ်မှ ----ဆုံးရှုံးနိုင်တဲ့ကိန်းဆိုက်မှာ ဆိုတဲ့ စကားရပ်”အထိ ကို ပယ်ဖျက်ကြောင်း ကြေညာခဲ့သည်။
ဦးဂျေယောဂူ၏ ဆွေးနွေးချက်ထဲမှ အချို့ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်က ထကန့်ကွက်ခဲ့ခြင်းဖြစ်သည်။
ref-Myanmar Harp

0 comments:

Post a Comment