Friday, March 13, 2020

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရန်ကုန်နှင့် ပဲခူးတွင် ထပ်မံပိတ်သိမ်းမည့်စက်ရုံ ၂၀ ခန့်ရှိနေကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား


Image may contain: 1 person, sitting, table and indoor
ကိုရိုနာဗိုင်းရပ်ကြောင့် ရန်ကုန်တိုင်းနှင့် ပဲခူးတိုင်းတွင် ပိတ်သိမ်းလိုက်သည့်စက်ရုံ ၁၅ ရုံနှင့် လုပ်သားအင်အား လျှော့သည့်စက်ရုံ သုံးရုံရှိပြီး ထပ်မံပိတ်သိမ်းမည့် စက်ရုံ၂၀ ခန့် ရှိနေကြောင်း ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားသည်။
တရုတ်နိုင်ငံတွင် စတင်ဖြစ်ပွားခဲ့သည့် ကိုရိုနာဗိုင်းရပ်စ် အပါအဝင် အခြားအကြောင်းများကြောင့် ရန်ကုန်တိုင်းနှင့် ပဲခူးတိုင်းတို့တွင် မတ် ၁၃ ရက်အထိ ယာယီပိတ်သိမ်းလိုက်သည့် စက်ရုံခြောက်ရုံုံ၊ အပြီးပိတ်သိမ်းသည့် စက်ရုံ ကိုးရုံ၊ လုပ်သားအင်အား လျှော့သည့် စက်ရုံသုံးရုံရှိပြီး လုပ်သားအင်အား ၄၀၀၀ ခန့် အလုပ် အကိုင် ဆုံးရှုံးခဲ့ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

၎င်းက “ဒီနေ့အထိရတဲ့စာရင်းဇယားအရ ဝူဟန်အပါအဝင်ပေါ့။ တချို့ကိစ္စကလည်း အော်ဒါမရတာ၊ တချို့ကုန်ကြမ်းပြတ်တာ၊ တချို့က လုပ်ငန်းလုပ်တဲ့မြေကို ဆက်မငှားတာ၊ တချို့ကတော့ လုပ်ငန်းလုပ်တဲ့မြေကို ဆက်ပြီးမငှားတာလည်းပါပါတယ်။ အခုအချိန်အထိ စုစုပေါင်းယာယီပိတ်တဲ့စက်ရုံက ခြောက်ရုံရှိပါတယ်။ အပြီးပိတ်တဲ့စက်ရုံက ကိုးရုံရှိပါတယ်။ အင်အားလျှော့တဲ့စက်ရုံက သုံးရုံရှိပါတယ်။ ရန်ကုန်ရယ်၊ ပဲခူးရယ် အပါအဝင် ဒီနေ့အထိ Update ပါ။ စုစုပေါင်း လုပ်သားအင်အား ၄၀၀၀ ခန့် အလုပ်ဆုံးရှုံးပါတယ်။ ပိတ်ဖို့စီစဉ်နေတဲ့စက်ရုံ ၂၀ လောက်ရှိတယ်လို့ သိရပါတယ်” ဟု ပြောကြားသည်။

စက်ရုံပိတ်သိမ်းရန် စီစဉ်နေသည့် စက်ရုံ ၂၀ ခန့်ကို ပိတ်သိမ်းသည့်အကြောင်းရင်းအား လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ပြီး အလုပ်သမားများအတွက် ဥပဒေနှင့်အညီ အကျိုးခံစားခွင့်အား သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းပြီး အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်မည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

ပိတ်သိမ်းလိုက်သည့်စက်ရုံများသည် အထည်ချုပ်စက်ရုံ၊ အပ်ချုပ်စက်ရုံ၊ ဖိနပ်ချုပ်စက်ရုံများဖြစ်ပြီး လုပ်သားအင်အားလျှော့သည့်အထဲတွင် တရုတ်နိုင်ငံသားများ၊ ကိုရီးယားနိုင်ငံသားများနှင့် မြန်မာနိုင်ငံသားများလည်း ပါဝင်ကြောင်း သိရသည်။

“အများအားဖြင့်တော့ ဆတ်ကန်ထရိုက်ယူထားတဲ့ စက်ရုံတွေများပါတယ်။ အခုအချိန်အထိကတော့ အသစ်ဖွင့်တဲ့စက်ရုံတွေလည်းရှိတယ်။ ဒီနှစ်ကစပြီးပေါ့နော်။အဲဒီမှာလည်း လုပ်သားအင်အားက ငါးထောင်ကျော်၊ ခြောက်ထောင်ကျော်ရှိတဲ့အတွက် ဇယားကိုချကြည့်ရင် လုပ်သားလျှော့တဲ့အင်အားနဲ့ ပြန်အသစ်ဖွင့်တဲ့စက်ရုံနဲ့စာရင်တော့ သိပ်ပြီးတော့မကွာပါဘူး။ သို့သော် ရှေ့ကာလတွေမှာ ဘယ်လိုဖြစ်မလဲဆိုတာ စောင့်ကြည့်ပြီးတော့ အကောင်းဆုံးဖြစ်အောင် ထုတ်ပြန်သွားမှာဖြစ်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားသည်။

လက်ရှိတွင် COVID- 19 ရိုက်ခတ်မှုကြောင့် ရင်ဆိုင်နေရသည့် အခက်အခဲ အကျပ်အတည်းများအပေါ် ဖြေရှင်းဆောင်ရွက်မည့်နည်းလမ်းများကို အလုပ်သမား၊ အလုပ်ရှင်၊ အစိုးရ သုံးပွင့်ဆိုင်ဆွေးနွေးပွဲမြား ပွုလုပျလကြျရှိကွောငျးသိရသည်။

“အလုပ်သမားတွေဘက်က အလုပ်တွေ ပိတ်သွားမှာစိုးရိမ်တယ်။ နောက်တစ်ကြောင်းကလည်း အလုပ်ရှင်တွေက တခြားသော အကြောင်းတွေရှိတာကို ကိုရိုနာဗိုင်းရပ်စ် အကြောင်းပြပြီးတော့မှ ပိတ်သွားမှာ သူတို့ကစိုးရိမ်တယ်။ အလုပ်ရှင်တွေဘက်ကလည်း သူတို့အလုပ်သမားတွေကို မလျှော့စေချင်ဘူး။ အလုပ်တွေကိုမပိတ်ချင်ဘူး။ သူတို့ရဲ့ ဂုဏ်သိက္ခာနဲ့လည်းဆိုင်တယ်။ စီးပွားရေးနဲ့လည်းဆိုင်တယ်” ဟု ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

လုပ်သားအင်အားလျှော့ချခံခဲ့ရသည့် အလုပ်သမားများအနေဖြင့် လူမှုဖူလုံရေးတွင် အလုပ်လက်မဲ့နစ်နာကြေး ကောက်ယူထားမှုမရှိသည့်အတွက် အစိုးရ၏ငွေကြေးဝန်ဆောင်မှုမြား ရရှိမညျမဟုတျသောျလညျး ထညျ့ဝငျကွေးပေးထားသညျ့ ကာလပေါျမူတညျ၍ ဆေးကုသခှငျ့မြားရရှိမညျဖွစျကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။
>>Zawgyi<<
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရန်ကုန်နှင့် ပဲခူးတွင် ထပ်မံပိတ်သိမ်းမည့်စက်ရုံ ၂၀ ခန့်ရှိနေကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား
Saturday , March 14 ,2020
ကိုရိုနာဗိုင်းရပ်ကြောင့် ရန်ကုန်တိုင်းနှင့် ပဲခူးတိုင်းတွင် ပိတ်သိမ်းလိုက်သည့်စက်ရုံ ၁၅ ရုံနှင့် လုပ်သားအင်အား လျှော့သည့်စက်ရုံ သုံးရုံရှိပြီး ထပ်မံပိတ်သိမ်းမည့် စက်ရုံ၂၀ ခန့် ရှိနေကြောင်း ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားသည်။

တရုတ်နိုင်ငံတွင် စတင်ဖြစ်ပွားခဲ့သည့် ကိုရိုနာဗိုင်းရပ်စ် အပါအဝင် အခြားအကြောင်းများကြောင့် ရန်ကုန် တိုင်းနှင့် ပဲခူးတိုင်းတို့တွင် မတ် ၁၃ ရက်အထိ ယာယီပိတ်သိမ်းလိုက်သည့် စက်ရုံခြောက်ရုံံ၊ အပြီးပိတ်သိမ်းသည့် စက်ရုံ ကိုးရုံ၊ လုပ်သားအင်အား လျှော့သည့် စက်ရုံသုံးရုံရှိပြီး လုပ်သားအင်အား ၄၀၀၀ ခန့် အလုပ် အကိုင် ဆုံးရှုံးခဲ့ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

၎င်းက “ဒီနေ့အထိရတဲ့စာရင်းဇယားအရ ဝူဟန်အပါအဝင်ပေါ့။ တချို့ကိစ္စကလည်း အော်ဒါမရတာ၊ တချို့ကုန်ကြမ်းပြတ်တာ၊ တချို့က လုပ်ငန်းလုပ်တဲ့မြေကို ဆက်မငှားတာ၊ တချို့ကတော့ လုပ်ငန်းလုပ်တဲ့မြေကို ဆက်ပြီးမငှားတာလည်းပါပါတယ်။ အခုအချိန်အထိ စုစုပေါင်းယာယီပိတ်တဲ့စက်ရုံက ခြောက်ရုံရှိပါတယ်။ အပြီးပိတ်တဲ့စက်ရုံက ကိုးရုံရှိပါတယ်။ အင်အားလျှော့တဲ့စက်ရုံက သုံးရုံရှိပါတယ်။ ရန်ကုန်ရယ်၊ ပဲခူးရယ် အပါအဝင် ဒီနေ့အထိ Update ပါ။ စုစုပေါင်း လုပ်သားအင်အား ၄၀၀၀ ခန့် အလုပ်ဆုံးရှုံးပါတယ်။ ပိတ်ဖို့စီစဉ်နေတဲ့စက်ရုံ ၂၀ လောက်ရှိတယ်လို့ သိရပါတယ်” ဟု ပြောကြားသည်။

စက်ရုံပိတ်သိမ်းရန် စီစဉ်နေသည့် စက်ရုံ ၂၀ ခန့်ကို ပိတ်သိမ်းသည့်အကြောင်းရင်းအား လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ပြီး အလုပ်သမားများအတွက် ဥပဒေနှင့်အညီ အကျိုးခံစားခွင့်အား သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းပြီး အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်မည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

ပိတ်သိမ်းလိုက်သည့်စက်ရုံများသည် အထည်ချုပ်စက်ရုံ၊ အပ်ချုပ်စက်ရုံ၊ ဖိနပ်ချုပ်စက်ရုံများဖြစ်ပြီး လုပ်သားအင်အားလျှော့သည့်အထဲတွင် တရုတ်နိုင်ငံသားများ၊ ကိုရီးယားနိုင်ငံသားများနှင့် မြန်မာနိုင်ငံသားများလည်း ပါဝင်ကြောင်း သိရသည်။

“အများအားဖြင့်တော့ ဆတ်ကန်ထရိုက်ယူထားတဲ့ စက်ရုံတွေများပါတယ်။ အခုအချိန်အထိကတော့ အသစ်ဖွင့်တဲ့စက်ရုံတွေလည်းရှိတယ်။ ဒီနှစ်ကစပြီးပေါ့နော်။အဲဒီမှာလည်း လုပ်သားအင်အားက ငါးထောင်ကျော်၊ ခြောက်ထောင်ကျော်ရှိတဲ့အတွက် ဇယားကိုချကြည့်ရင် လုပ်သားလျှော့တဲ့အင်အားနဲ့ ပြန်အသစ်ဖွင့်တဲ့စက်ရုံနဲ့စာရင်တော့ သိပ်ပြီးတော့မကွာပါဘူး။ သို့သော် ရှေ့ကာလတွေမှာ ဘယ်လိုဖြစ်မလဲဆိုတာ စောင့်ကြည့်ပြီးတော့ အကောင်းဆုံးဖြစ်အောင် ထုတ်ပြန်သွားမှာဖြစ်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီးက ဦးသိန်းဆွေက ပြောကြားသည်။

လက်ရှိတွင် COVID- 19 ရိုက်ခတ်မှုကြောင့် ရင်ဆိုင်နေရသည့် အခက်အခဲ အကျပ်အတည်းများအပေါ် ဖြေရှင်းဆောင်ရွက်မည့်နည်းလမ်းများကို အလုပ်သမား၊ အလုပ်ရှင်၊ အစိုးရ သုံးပွင့်ဆိုင်ဆွေးနွေးပွဲများ ပြုလုပ်လျက်ရှိကြောင်းသိရသည္။

“အလုပ်သမားတွေဘက်က အလုပ်တွေ ပိတ်သွားမှာစိုးရိမ်တယ်။ နောက်တစ်ကြောင်းကလည်း အလုပ်ရှင်တွေက တခြားသော အကြောင်းတွေရှိတာကို ကိုရိုနာဗိုင်းရပ်စ် အကြောင်းပြပြီးတော့မှ ပိတ်သွားမှာ သူတို့ကစိုးရိမ်တယ်။ အလုပ်ရှင်တွေဘက်ကလည်း သူတို့အလုပ်သမားတွေကို မလျှော့စေချင်ဘူး။ အလုပ်တွေကိုမပိတ်ချင်ဘူး။ သူတို့ရဲ့ ဂုဏ်သိက္ခာနဲ့လည်းဆိုင်တယ်။ စီးပွားရေးနဲ့လည်းဆိုင်တယ်” ဟု ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

လုပ်သားအင်အားလျှော့ချခံခဲ့ရသည့် အလုပ်သမားများအနေဖြင့် လူမှုဖူလုံရေးတွင် အလုပ်လက်မဲ့နစ်နာကြေး ကောက်ယူထားမှုမရှိသည့်အတွက် အစိုးရ၏ငွေကြေးဝန်ဆောင်မှုများ ရရှိမည်မဟုတ်သော်လည်း ထည့်ဝင်ကြေးပေးထားသည့် ကာလပေါ်မူတည်၍ ဆေးကုသခွင့်များရရှိမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။
ref-Eleven #Myanmar_Online_News

0 comments:

Post a Comment