Friday, March 13, 2020

တက္ကသိုလ်၊ ကောလိပ်များတွင် အခမ်းအနားများ မကျင်းပရန် အဆင့်မြင့် ပညာဦးစီးဌာနညွှန်ကြား


Image may contain: 1 person
COVID-19 ရောဂါကာကွယ်ရေး ယခုကာလအတွင်း တက္ကသိုလ်၊ ကောလိပ်များတွင် လူစုလူဝေးဖြင့် ကျင်းပမည့် အခမ်းအနားများကို တတ်နိုင်သမျှ ရှောင်ရှားရန်နှင့် ကျင်းပရန်ရှိပါက လိုအပ်သည့် ကျန်းမာရေးစိစစ်ထိန်းချုပ်မှုများပြုလုပ်ရန် အဆင့်မြင့်ပညာဦးစီးဌာနက မတ်လ ၁၀ ရက်တွင် ညွှန်ကြားသည်။
‘‘ကျန်းမာရေးဘက်က လမ်းညွှန်တဲ့အတိုင်း ကျွန်တော်တို့က ဖြန့်ပေးတာပါ’’ဟု အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် ဒေါက်တာသိန်းဝင်းက ပြော သည်။

COVID - 19 ကြောင့် တက္ကသိုလ်၊ ကောလိပ်နှင့် ကျောင်းများ၌ ကျင်းပမည့် အထိမ်းအမှတ်ပွဲ များ၊ ဟော ပြော ပွဲများ၊ စာတမ်းဖတ်ပွဲ အခမ်းအနားများနှင့် ပွဲလမ်းသဘင်များကို စိစစ်ပြီး ရက်ရွှေ့ဆိုင်းရန် ပညာရေးဝန်ကြီးဌာနက မတ်လ ၃ ရက်တွင် ပထမအကြိမ် ညွှန်ကြားခဲ့သည်။မဖြစ်မနေကျင်းပရမည့် အခမ်းအနားမှလွဲ၍ ပွဲလမ်းသဘင်များ ရက်ရွှေ့ရန် ညွှန်ကြားသော် လည်း နိုင်ငံအနှံ့ရှိ တက္ကသိုလ်၊ ကောလိပ်များတွင် နှစ်စဉ်ကျင်းပနေကျအတိုင်း ကျောင်းသင်္ကြန်ပွဲများ ကျင်းပနေသည်။

‘‘ ကျောင်းသင်္ကြန်က သူ့ကျောင်းရဲ့ စီမံခန့်ခွဲမှုနဲ့ပဲ လုပ်တယ်။ ဒါပေမဲ့ တတ်နိုင်သမျှ လူနည်းနည်းနဲ့ လုပ်ဖို့၊ အချိန်ကာလကို လျှော့ဖို့ ဒီလောက်တော့ ကျွန်တော်တို့ ပြောထားတယ်။ တစ်နေကုန်မလုပ်ဘဲ အချိန်ကို လျှော့ဖို့၊ ချုံ့ဖို့တော့ ပြောထားတယ်’’ဟု ဒေါက်တာသိန်းဝင်းက ဆိုသည်။

မတ်လ တတိယပတ်တွင် တက္ကသိုလ်၊ ကောလိပ်များ၌ ပထမနှစ်ဝက် စာမေးပွဲများ စတင်ကျင်းပမည် ဖြစ်သည်။ယခုကာလအတွင်း လူစုလူဝေးများပြားသည့် နေရာနှင့်ပွဲလမ်းသဘင် ရှိရာနေရာများကို အတတ်နိုင်ဆုံး ရှောင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတိပေးထားသည်။
>>Zawgyi<<
တက္ကသိုလ်၊ ကောလိပ်များတွင် အခမ်းအနားများ မကျင်းပရန် အဆင့်မြင့် ပညာဦးစီးဌာနညွှန်ကြား
Saturday , March 14 ,2020
COVID-19 ရောဂါကာကွယ်ရေး ယခုကာလအတွင်း တက္ကသိုလ်၊ ကောလိပ်များတွင် လူစုလူဝေးဖြင့် ကျင်းပမည့် အခမ်းအနားများကို တတ်နိုင်သမျှ ရှောင်ရှားရန်နှင့် ကျင်းပရန်ရှိပါက လိုအပ်သည့် ကျန်းမာ ရေး စိစစ်ထိန်း ချုပ်မှုများပြုလုပ်ရန် အဆင့်မြင့် ပညာဦးစီးဌာနက မတ်လ ၁၀ ရက်တွင် ညွှန်ကြား သည်။

‘‘ကျန်းမာရေးဘက်က လမ်းညွှန်တဲ့အတိုင်း ကျွန်တော်တို့က ဖြန့်ပေးတာပါ’’ဟု အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် ဒေါက်တာသိန်းဝင်းက ပြော သည်။

COVID - 19 ကြောင့် တက္ကသိုလ်၊ ကောလိပ်နှင့် ကျောင်းများ၌ ကျင်းပမည့် အထိမ်းအမှတ်ပွဲ များ၊ ဟော ပြော ပွဲများ၊ စာတမ်းဖတ်ပွဲ အခမ်းအနားများနှင့် ပွဲလမ်းသဘင်များကို စိစစ်ပြီး ရက်ရွှေ့ဆိုင်းရန် ပညာရေးဝန်ကြီးဌာနက မတ်လ ၃ ရက်တွင် ပထမအကြိမ် ညွှန်ကြားခဲ့သည်။မဖြစ်မနေကျင်းပရမည့် အခမ်းအနားမှလွဲ၍ ပွဲလမ်းသဘင်များ ရက်ရွှေ့ရန် ညွှန်ကြားသော် လည်း နိုင်ငံအနှံ့ရှိ တက္ကသိုလ်၊ ကောလိပ်များတွင် နှစ်စဉ်ကျင်းပနေကျအတိုင်း ကျောင်းသင်္ကြန်ပွဲများ ကျင်းပနေသည်။

‘‘ ကျောင်းသင်္ကြန်က သူ့ကျောင်းရဲ့ စီမံခန့်ခွဲမှုနဲ့ပဲ လုပ်တယ်။ ဒါပေမဲ့ တတ်နိုင်သမျှ လူနည်းနည်းနဲ့ လုပ်ဖို့၊ အချိန်ကာလကို လျှော့ဖို့ ဒီလောက်တော့ ကျွန်တော်တို့ ပြောထားတယ်။ တစ်နေကုန်မလုပ်ဘဲ အချိန်ကို လျှော့ဖို့၊ ချုံ့ဖို့တော့ ပြောထားတယ်’’ဟု ဒေါက်တာသိန်းဝင်းက ဆိုသည်။

မတ်လ တတိယပတ်တွင် တက္ကသိုလ်၊ ကောလိပ်များ၌ ပထမနှစ်ဝက် စာမေးပွဲများ စတင်ကျင်းပမည် ဖြစ်သည်။ယခုကာလအတွင်း လူစုလူဝေးများပြားသည့် နေရာနှင့်ပွဲလမ်းသဘင် ရှိရာနေရာများကို အတတ်နိုင်ဆုံး ရှောင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတိပေးထားသည်။
ref-7day #Myanmar_Online_News

0 comments:

Post a Comment