Friday, March 13, 2020

ဝူဟန်မြို့တွင် ကျန်ရှိခဲ့သော မြန်မာပညာသင် ကျောင်းသား ၂ ဦး ရန်ကုန်သို့ ပြန်လည်ရောက်ရှိ


Image may contain: 4 people, people standing
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဝူဟန်မြို့ရှိ မြန်မာပညာသင် (၆၃) ဦးအား မြန်မာနိုင်ငံမှ အထူးလေယာဉ်ဖြင့် (၂- ၂-၂၀၂၀) ရက်နေ့က သွားရောက်ခေါ်ဆောင်ရာတွင် ကျန်ရှိခဲ့သော မြန်မာပညာသင် ကျောင်းသူ ကျောင်း သား (၂)ဦးအား အိန္ဒိယနိုင်ငံအစိုးရ၏အကူအညီဖြင့် (၂၇-၂-၂၀၂၀-) ရက်နေ့တွင် နယူးဒေလီမြို့သို့ ပြန် လည် ခေါ်ဆောင်ခဲ့ပြီး၊ နယူးဒေလီမြို့တွင် စောင့်ကြည့်ကာလ (၁၄) ရက် နေထိုင်ခဲ့ပါသည်။
အဆိုပါ ကျောင်းသူကျောင်းသား (၂)ဦး နယူးဒေလီမြို့တွင်ရှိစဉ် မြန်မာသံရုံး၊ နယူးဒေလီမြို့မှ လိုအပ်သည်များ ကူညီပံ့ပိုးပေးခဲ့ပြီး၊ ၎င်းတို့သည် COVID-19 ရောဂါကင်းရှင်းကြောင်း ထောက်ခံချက် ရရှိခဲ့ပါသဖြင့် နယူးဒေလီမြို့မှ ရန်ကုန်မြိုံသို့ ယနေ့ မတ်လ ၁၄ ရက် နံနက်ပိုင်းတွင် ပြန်လည်ရောက်ရှိလာကြောင်း သိရှိရပါသည်။

ref-MOFA
>>Zawgyi<<
ဝူဟန်မြို့တွင် ကျန်ရှိခဲ့သော မြန်မာပညာသင် ကျောင်းသား ၂ ဦး ရန်ကုန်သို့ ပြန်လည်ရောက်ရှိ
Saturday , March 14 ,2020
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဝူဟန်မြို့ရှိ မြန်မာပညာသင် (၆၃) ဦးအား မြန်မာနိုင်ငံမှ အထူးလေယာဉ်ဖြင့် (၂- ၂-၂၀၂၀) ရက်နေ့က သွားရောက်ခေါ်ဆောင်ရာတွင် ကျန်ရှိခဲ့သော မြန်မာပညာသင် ကျောင်းသူ ကျောင်း သား (၂)ဦးအား အိန္ဒိယနိုင်ငံအစိုးရ၏အကူအညီဖြင့် (၂၇-၂-၂၀၂၀-) ရက်နေ့တွင် နယူးဒေလီမြို့သို့ ပြန် လည် ခေါ်ဆောင်ခဲ့ပြီး၊ နယူးဒေလီမြို့တွင် စောင့်ကြည့်ကာလ (၁၄) ရက် နေထိုင်ခဲ့ပါသည်။

အဆိုပါ ကျောင်းသူကျောင်းသား (၂)ဦး နယူးဒေလီမြို့တွင်ရှိစဉ် မြန်မာသံရုံး၊ နယူးဒေလီမြို့မှ လိုအပ်သည်များ ကူညီပံ့ပိုးပေးခဲ့ပြီး၊ ၎င်းတို့သည် COVID-19 ရောဂါကင်းရှင်းကြောင်း ထောက်ခံချက် ရရှိခဲ့ပါသဖြင့် နယူးဒေလီမြို့မှ ရန်ကုန်မြိုံသို့ ယနေ့ မတ်လ ၁၄ ရက် နံနက်ပိုင်းတွင် ပြန်လည်ရောက်ရှိလာကြောင်း သိရှိရပါသည်။

ref-MOFA

0 comments:

Post a Comment