Friday, March 13, 2020

ဗဟိုဘဏ်မှ အတိုးစလျှော့မည့်ရက်ကို ဧပြီ ၁ ရက်အစား မတ်လ ၁၆ ရက်နေ့အဖြစ် ပြောင်းလဲလိုက်ကြောင်း ထုတ်ပြန်


Image may contain: text
ဗဟိုဘဏ်က သတ်မှတ်ထားသည့် အတိုးနှုန်းလျှော့ချမှုအား ၂၀၂၀ ဧပြီလ ၁ရက်နေ့အစား မတ်လ ၁၆ရက်နေ့သို့ ပြောင်းလဲလိုက်ကြောင်းသိရသည်။နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်မှုအပေါ်ထိရောက်မြန်ဆန်မှုရှိစေရေးအတွက် အတိုးလျှော့ခြင်းဖြစ်ဟု ဗဟိုဘဏ်အသိပေးကာ ပြောင်းလဲလိုက်ခြင်းဖြစ်သည်
ထုတ်ပြန်ချက်တွင်" မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေရန်ရည်ရွယ်၍ ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၁၂ ရက်နေ့တွင် ဗဟိုဘဏ်အတိုးနှုန်း၊ အပ်ငွေများအပေါ်ပေးသည့်အတိုးနှုန်းနှင့် ချေးငွေများအပေါ်တောင်းခံနိုင်သည့်အတိုးနှုန်းများ ပြင်ဆင်သတ်မှတ်ခြင်းနှင့်စပ်လျဉ်း၍ (၁၂.၃.၂၀၂၀) ရက်စွဲပါ ညွှန်ကြားချက်အမှတ် (၁/၂၀၂၀) ကို ထုတ်ပြန်ခဲ့ပါသည်။

ယခုအခါ နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအပေါ် ထိရောက်မြန်ဆန်စွာ အကျိုးသက်ရောက်မှုရရှိနိုင်စေရန်အတွက် ညွှန်ကြားချက်အမှတ် (၁/၂၀၂၀) ၏ အကျိုးသက်ရောက်မည့်ရက်ကို ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၁ ရက်နေ့အစား ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၁၆ ရက်နေ့ အဖြစ် ပြင်ဆင်သတ်မှတ်လိုက်ပါသည်" ဟူ၍ဖော်ပြထားသည်။

ယခင်က တစ်နှစ်လျှင် ၁၀ရာခိုင်နှုန်းဟု သတ်မှတ်ထားမှုကို ၉ .၅ရာခိုင်နှုန်းသို့ လျှော့လိုက်ခြင်းဖြစ်သည်။
မတ်လ ၁၆ရက်နေ့မှ စကာ အကျိုးသက်ရောက်မည့်ပြင်ဆင်သတ်မှတ်လိုက်မှုမှာ ငွေစုစာရင်းအပ်ငွေ၊ငွေစုလက်မှတ်နှင့် အချိန်စေ့မှ ပေးရသော အနည်းဆုံးအတိုးနှုန်းကို ဗဟိုဘဏ်အတိုးနှုန်းအောက် ၂ရာခိုင်နှုန်း ၉ .၅ရာခိုင်နှုန်း-၂ရာခိုင်နှုန်း =၇.၅ရာခိုင်နှုန်းထက်မနည်းစေရ၊အာမခံပစ္စည်းများရယူထုတ်ချေးသည့် ချေးငွေအပေါ် တောင်းခံနိုင်သည့် အများဆုံးအတိုးနှုန်းကို ဗဟိုဘဏ်အတိုးနှုန်းထက် ၃ရာခိုင်နှုန်း ၉ .၅ရာခိုင်နှုန်း အပေါင်း၃ရာခိုင်နှုန်း =၁၂.၅ရာခိုင်နှုန်းထက်ကျော်လွန်ကောက်ခံခြင်းမပြုရ၊အခြားအာမခံပစ်စညျးမြား၊အာမခံပစ်စည်းမယူဘဲ ထုတ်ချေးသည့် အများဆုံးအတိုးကို၉ .၅ရာခိုင်နှုန်းအပေါင်း၆ရာခိုင်နှုန်း=၁၅ .၅ရာခိုင်နှုန်းထက်မကျော်စေရ ဖြစ်သည်။

ကမ္ဘာ့ ဗဟိုဘဏ်များက အတိုးနှုန်းလျှော့ပြီးနောက် မြန်မာ့ ဗဟိုဘဏ်ကပါ အတိုးလျှော့လိုက်ခြင်းဖြစ်သည်။
>>Zawgyi<<
ဗဟိုဘဏ်မှ အတိုးစလျှော့မည့်ရက်ကို ဧပြီ ၁ ရက်အစား မတ်လ ၁၆ ရက်နေ့အဖြစ် ပြောင်းလဲလိုက်ကြောင်း ထုတ်ပြန်
Saturday , March 14 ,2020
ဗဟိုဘဏ်က သတ်မှတ်ထားသည့် အတိုးနှုန်းလျှော့ချမှုအား ၂၀၂၀ ဧပြီလ ၁ရက်နေ့အစား မတ်လ ၁၆ရက်နေ့သို့ ပြောင်းလဲလိုက်ကြောင်းသိရသည်။နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်မှုအပေါ်ထိရောက်မြန်ဆန်မှုရှိစေရေးအတွက် အတိုးလျှော့ခြင်းဖြစ်ဟု ဗဟိုဘဏ်အသိပေးကာ ပြောင်းလဲလိုက်ခြင်းဖြစ်သည်

ထုတ်ပြန်ချက်တွင်" မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေရန်ရည်ရွယ်၍ ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၁၂ ရက်နေ့တွင် ဗဟိုဘဏ်အတိုးနှုန်း၊ အပ်ငွေများအပေါ်ပေးသည့်အတိုးနှုန်းနှင့် ချေးငွေများအပေါ်တောင်းခံနိုင်သည့်အတိုးနှုန်းများ ပြင်ဆင်သတ်မှတ်ခြင်းနှင့်စပ်လျဉ်း၍ (၁၂.၃.၂၀၂၀) ရက်စွဲပါ ညွှန်ကြားချက်အမှတ် (၁/၂၀၂၀) ကို ထုတ်ပြန်ခဲ့ပါသည်။

ယခုအခါ နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအပေါ် ထိရောက်မြန်ဆန်စွာ အကျိုးသက်ရောက်မှုရရှိနိုင်ေစရန်အတွက် ညွှန်ကြားချက်အမှတ် (၁/၂၀၂၀) ၏ အကျိုးသက်ရောက်မည့်ရက်ကို ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၁ ရက်နေ့အစား ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၁၆ ရက်နေ့ အဖြစ် ပြင်ဆင်သတ်မှတ်လိုက်ပါသည်" ဟူ၍ဖော်ပြထားသည်။

ယခင်က တစ်နှစ်လျှင် ၁၀ရာခိုင်နှုန်းဟု သတ်မှတ်ထားမှုကို ၉ .၅ရာခိုင်နှုန်းသို့ လျှော့လိုက်ခြင်းဖြစ်သည်။
မတ်လ ၁၆ရက်နေ့မှ စကာ အကျိုးသက်ရောက်မည့်ပြင်ဆင်သတ်မှတ်လိုက်မှုမှာ ငွေစုစာရင်းအပ်ငွေ၊ငွေစုလက်မှတ်နှင့် အချိန်စေ့မှ ပေးရသော အနည်းဆုံးအတိုးနှုန်းကို ဗဟိုဘဏ်အတိုးနှုန်းအောက် ၂ရာခိုင်နှုန်း ၉ .၅ရာခိုင်နှုန်း-၂ရာခိုင်နှုန်း =၇.၅ရာခိုင်နှုန်းထက်မနည်းစေရ၊အာမခံပစ္စည်းများရယူထုတ်ခေျးသည့် ချေးငွေအပေါ် တောင်းခံနိုင်သည့် အများဆုံးအတိုးနှုန်းကို ဗဟိုဘဏ်အတိုးနှုန်းထက် ၃ရာခိုင်နှုန်း ၉ .၅ရာခိုင်နှုန်း အပေါင်း၃ရာခိုင်နှုန်း =၁၂.၅ရာခိုင်နှုန်းထက်ကျော်လွန်ကောက်ခံခြင်းမပြုရ၊အခြားအာမခံပစ္စည်းများ၊အာမခံပစ္စည်းမယူဘဲ ထုတ်ချေးသည့် အများဆုံးအတိုးကို၉ .၅ရာခိုင်နှုန်းအပေါင်း၆ရာခိုင်နှုန်း=၁၅ .၅ရာခိုင်နှုန်းထက်မကျော်စေရ ဖြစ်သည်။

ကမ္ဘာ့ ဗဟိုဘဏ်များက အတိုးနှုန်းလျှော့ပြီးနောက် မြန်မာ့ ဗဟိုဘဏ်ကပါ အတိုးလျှော့လိုက်ခြင်းဖြစ်သည်။
#Myanmar_Online_News

0 comments:

Post a Comment