Friday, March 13, 2020

ဥရောပသည် COVID-19 ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်မှု ဗဟိုချက်ဖြစ်လာပြီဟု WHOကြေညာ

Image may contain: 3 people, text
ဥရောပရဲ့ COVID-19ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနဲ့ သေဆုံးမှုဟာ တခြားကမ္ဘာ့နေရာတိုင်းထက် ပိုမိုမြင့်မားနေတာကြောင့် ဥရောပဟာ တရုတ်နိုင်ငံပြီးရင် ဗိုင်းရပ်စ်ကူးစက်မှု ဗဟိုချက်အသစ်ဖြစ်လာပြီလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က မနေ့က မတ်လ ၁၃ ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။

“ဥရောပရဲ့ ကူးစက်မှုနဲ့ သေဆုံးမှုက တရုတ်ပြည်ကလွဲကျန် ကျန်တစ်ကမ္ဘာလုံးမှာဖြစ်နေတာထက် ပိုများနေကြောင်း ဥရောပမှာ နေ့တိုင်း တက်နေတဲ့ ကူးစက်မှုတွေက တရုတ်နိုင်ငံမှာ ကူးစက်မှု အမြင့်ဆုံး ဖြစ်ခဲ့တဲ့အချိန်ကထက်တောင် ပိုများနေပါပြီ”လို့ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ အကြီးအကဲ တက်ဒရော့စ် အဒါနွမ် ဂျီဘရီယီးဆပ်က ပြောသွားခဲ့ခြင်းဖြစ်သည်။
ပြင်သစ်နိုင်ငံမှာ ပြီးခဲ့တဲ့ သောကြာနေ့ဟာ ကလေးတွေ နောက်ဆုံး ကျောင်းတက်ရတဲ့နေ့ ဖြစ်ပြီး ဝန်ကြီးချုပ် အီမန်နျူရယ် မက်ခရွန်က မူကြိုတွေ၊ ကျောင်းတွေ၊ တက္ကသိုလ်တွေအားလုံး နောက်ထပ် ထုတ်ပြန်ချက်တစ်ခု ထွက်မလာမချင်း ပိတ်ထားကြဖို့ မှာကြားထားသည်။
ဂျာမနီနဲ့ ချက် သမ္မတနိုင်ငံက ဘီယာဘားတွေဟာလည်း ရက် ၃၀ အရေးပေါ်အခြေအနေ ကြေညာချက်ကြောင့် ပိတ်ထားရ တော့မှာဖြစ်ကာ လက်ရှိဥရောပမှာ အဆိုးရွားဆုံးဖြစ်နေတဲ့ အီတလီကလည်း စားသောက်ဆိုင်တွေ၊ ဘားတွေကို ပိတ်ထား လိုက်ပြီဖြစ်ပြီး အစားအသောက် ရောင်းတဲ့ဆိုင်နဲ့ ဆေးဝါးရောင်းတဲ့ဆိုင်ကလွဲလို့ ကျန်တဲ့ဆိုင်တွေ အားလုံး ပိတ်ထားလိုက် ပြီဖြစ်ကြောင်း သိရပါသည်။
Source: Reuters
>>Zawgyi<<
ဥရောပသည် COVID-19 ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်မှု ဗဟိုချက်ဖြစ်လာပြီဟု WHOကြေညာ
Saturday , March 14 ,2020

0 comments:

Post a Comment