Wednesday, March 4, 2020

ကမ္ဘာတစ်ဝှမ်းပျံနှံဖြစ်ပွားနေသော Coronavirus ကို ပထမဆုံးသတင်းပေးခဲ့သောဆရာဝန်နှင့်အတူလုပ်ကိုင်ခဲ့သောဆရာဝန် ထပ်မံသေဆုံး

Image may contain: 1 person, closeup
တရုတ်နိုင်ငံ ဝူဟန်ဗဟိုဆေးရုံက Coronavirus နဲ့ပတ်သက်ပြီး ပထမဆုံးသတင်းပေးခဲ့တဲ့ဆရာဝန် Li Wenliang နဲ့အတူ အလုပ်လုပ်ကိုင်ခဲ့တဲ့ အသက် ၅၇ နှစ်အရွယ် ဒေါက်တာ Mei Zhongming ဟာ ရောဂါပိုးကူးစက်ခံရပြီး သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ အသက် ၃၃ နှစ်အရွယ် ဒေါက်တာ Li Wenliang သည် ပြီးခဲ့တဲ့ဒီဇင်ဘာလ ၃၀ ရက်က လူမှုကွန်ရက်မီဒီယာပေါ်မှာ SARS at a Wuhan Seafood Market ဆိုပြီး သတိပေးခဲ့ပေမယ့် အာဏာပိုင်တွေက Li Wenliang ကို သတင်းမှားဖြန့်ဝေမှု၊ တုန်လှုပ်ခြောက်ခြားအောင်လုပ်ဆောင်မှုတွေနဲ့ စွပ်စွဲခဲ့ပါတယ်။ တစ်ပတ်အကြာမှာ ရဲတပ်ဖွဲ့က ခေါ်ယူစစ်ဆေးပြီး သတိပေးခံခဲ့ရပါတယ်။ လုပ်ငန်းခွင်ထဲပြန်ရောက်ချိန်မှာတော့ ရောဂါပိုးကူးစက်ခံရမှုကြောင့် ဖေဖော်ဝါရီလ ၇ ရက်မှာ သေဆုံးခဲ့ပြီး ကိုယ်ဝန်ဆောင်ဇနီးသည်နဲ့ငါးနှစ်သားလေးတစ်ဦး ကျန်ရစ်ခဲ့ပါတယ်။ ဒေါက်တာ Li Wenliang ရဲ့သေဆုံးမှုကြောင့် လူထုက တရုတ်အာဏာပိုင်တွေကို သတင်းအမှောင်ချဖို့ကြိုးပမ်းမှု၊ ဒေါက်တာ Li Wenliang ရဲ့ရောဂါပိုးမပြန့်ပွားအောင်လုပ်ဆောင်မှုတွေကိုဟန့်တားမှုနဲ့ ဝေဖန်ပြောဆိုခဲ့ကြပါတယ်။ ဒေါက်တာ Li Wenliang နဲ့ ဒေါက်တာ Mei Zhongming ဟာ ဆေးရုံရဲ့မျက်စိအထူးကုဌာနမှာ လုပ်ဖော်ကိုင်ဖက်တွေဖြစ်တော့ ဒေါက်တာ Mei Zhongming ရောဂါပိုးကူးစက်ခံရမှုအခြေအနေနဲ့ပတ်သက်လို့တော့ အာဏာပိုင်တွေက အသေးစိတ်ထုတ်ဖော်ပြောဆိုခဲ့ခြင်းမရှိဘူးလို့ သိရသည်။
Image may contain: 1 person, standing and closeup
(AP,4.3.2020) အေးယုနိုင် Ref : Pyi Myanmar
>>Zawgyi<<

0 comments:

Post a Comment