Monday, March 9, 2020

COVID-19 ဗိုင်းရပ်စ်ပိုးကမ္ဘာအနှံပျံ့နှံနေခြင်းကြောင့် မီဇိုရမ်လွှတ်တော်ကော်မတီမှ အိန္ဒိယ-မြန်မာနယ်စပ်ကို ပိတ်ထားရန် တိုက်တွန်း


Image may contain: one or more people, sky, bridge and outdoor
ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု တားဆီးတဲ့အနေနဲ့ မြန်မာနဲ့ နယ်စပ်ကို ပိတ်ထားဖို့ မီဇိုရမ် လွှတ်တော်ကော်မတီက ပြည်နယ်အစိုးရကို တိုက်တွန်းလိုက်ပါတယ်။
အထူးသဖြင့် မီဇိုရမ်ပြည်နယ် ချမ်ဖိုင် စီရင်စုအတွင်းက အိန္ဒိယ-မြန်မာနယ်စပ်ကို အမြန်ဆုံးပိတ်သင့်ကြောင်း၊ တရုတ်ပြည်အပါအဝင် တခြား အရှေ့တောင်အာရှနိုင်ငံတွေက ကုန်သည်တွေနဲ့ ကူးလူးဆက်ဆံသူတွေ အဝင်အထွက် များပြားတဲ့နေရာဖြစ်ပြီး၊ ကိုရိုနာဗိုင်းရပ်စ် အစစ်အဆေးလည်း မရှိတဲ့အတွက် အလွန်အန္တရာယ်ကြီးကြောင်း၊ ချမ်ဖိုင်တင်မက တခြား စီရင်စုတွေက နယ်စပ်ဂိတ်တွေကိုပါ အမြန်ဆုံးပိတ်သင့်ကြောင်း မီဇိုရမ် လွှတ်တော်ကော်မတီက ထုတ်ပြန်ပါတယ်။

ဒါ့ပြင် မီဇိုရမ်ပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ် ရှိမရှိ စစ်ဆေး နိုင်တဲ့ ကိရိယာတွေ၊ ဓာတ်ခွဲခန်းတွေ မရှိသေးတဲ့အတွက် စိုးရိမ်ကြောင်းလည်း ဖော်ပြပါတယ်။အခုထိတော့ မီဇိုရမ်ပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု မရှိသေးပါဘူး။

မြန်မာနဲ့ မီဇိုရမ်နယ်စပ်ဟာ မိုင်သုံးရာကျော် ရှည်ကြောင်း သိရှိရသည််။
Ref-rfa
>>Zawgyi<<
COVID-19 ဗိုင်းရပ်စ်ပိုးကမ္ဘာအနှံပျံ့နှံနေခြင်းကြောင့် မီဇိုရမ်လွှတ်တော်ကော်မတီမှ အိန္ဒိယ-မြန်မာနယ်စပ်ကို ပိတ်ထားရန် တိုက်တွန်း
Monday , March 9 , 2020
ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု တားဆီးတဲ့အနေနဲ့ မြန်မာနဲ့ နယ်စပ်ကို ပိတ်ထားဖို့ မီဇိုရမ် လွှတ်တော်ကော်မတီက ပြည်နယ်အစိုးရကို တိုက်တွန်းလိုက်ပါတယ်။

အထူးသဖြင့် မီဇိုရမ်ပြည်နယ် ချမ်ဖိုင် စီရင်စုအတွင်းက အိန္ဒိယ-မြန်မာနယ်စပ်ကို အမြန်ဆုံးပိတ်သင့်ကြောင်း၊ တရုတ်ပြည်အပါအဝင် တခြား အရှေ့တောင်အာရှနိုင်ငံတွေက ကုန်သည်တွေနဲ့ ကူးလူးဆက်ဆံသူတွေ အဝင်အထွက် များပြားတဲ့နေရာဖြစ်ပြီး၊ ကိုရိုနာဗိုင်းရပ်စ် အစစ်အဆေးလည်း မရှိတဲ့အတွက် အလွန်အန္တရာယ်ကြီးကြောင်း၊ ချမ်ဖိုင်တင်မက တခြား စီရင်စုတွေက နယ်စပ်ဂိတ်တွေကိုပါ အမြန်ဆုံးပိတ်သင့်ကြောင်း မီဇိုရမ် လွှတ်တော်ကော်မတီက ထုတ်ပြန်ပါတယ်။

ဒါ့ပြင် မီဇိုရမ်ပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ် ရှိမရှိ စစ်ဆေး နိုင်တဲ့ ကိရိယာတွေ၊ ဓာတ်ခွဲခန်းတွေ မရှိသေးတဲ့အတွက် စိုးရိမ်ကြောင်းလည်း ဖော်ပြပါတယ်။အခုထိတော့ မီဇိုရမ်ပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု မရှိသေးပါဘူး။

မြန်မာနဲ့ မီဇိုရမ်နယ်စပ်ဟာ မိုင်သုံးရာကျော် ရှည်ကြောင်း သိရှိရသည်။
Ref-rfa

0 comments:

Post a Comment