Monday, March 2, 2020

COVID-19 ကိုရိုနာဗိုင်းရပ်စ်အပါအဝင် ကျန်းမာရေးကြောင့် ဆေးရုံတက်ရလျှင်တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနိုင်ရေး ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း စာစစ်ဌာန ထုတ်ပြန်


Image may contain: text that says 'မြန်မာနိုင်ငံ Department of Myanmar Examinations'
တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသားကျောင်းသူများကို ကိုရိုနာဗိုင်းရပ်စ်အပါအဝင် ကျန်းမာရေးကြောင့် ဆေးရုံတက်ကုသမှုခံယူရလျှင် ဆေးရုံတွင် စာမေးပွဲဖြေဆိုနိုင်ရန် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ သိရသည်။
မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှု ရုတ်တရက်ပေါ်ပေါက်လာနိုင်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက အသိပေးထားပြီး ၂၀၂၀ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲမဖြေဆိုခင် သို့မဟုတ် ဖြေဆိုနေချိန်များတွင် ကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သက်ပြီး ဆေးရုံတက်ကုသမှုခံယူရပါက စာမေးပွဲဆက်လက်ဖြေဆိုနိုင်ရေး ဆောငျရှကျပေးမညျဖွစျကွောငျး ၎င်းဦးစီးဌာနမှ သိရသည်။

“အခုမရှိသေးပေမယ့်၊ ဆေးရုံတွေမှာ ကြီးကြပ်ရေးမှူး၊ မေးခွန်းတွေအတွက် ထားရှိပေးထားမယ်။ တကယ်လို့တက်ရမယ်ဆိုရင် ဆက်ပြီးဖြေဆိုနိုင်မှာပါ”ဟု မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးညွှန့်က ပြောဆိုသည်။

တက္ကသိုလ်ဝင်စာမေးပွဲအတွက် ဆေးရုံစာစစ်ဌာနများကိုလည်း ဖွင့်လှစ်ပေးထားပြီး ရန်ကုန်မြို့ရှိ ရန်ကုန်ပြည်သူ့ဆေးရုံ၊ ဗဟိုအမျိုးသမီးဆေးရုံ၊ ဝေဘာဂီဆေးရုံတို့တွင် စာစစ်ဌာနများရှိပြီး အဆိုပါရောဂါနှင့်ပတ်သက်လျှင် ဝေဘာဂီဆေးရုံတွင်ဖြေဆိုရမည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှု ကြိုတင်ကာကွယ်ရန် လူစုလူဝေးများပြားသောနေရာများနှင့် အခမ်းအနားကို တတ်နိုင်သမျှမပြုလုပ်ရန်၊ အကြောင်းကြောင်းကြောင့် ပြုလုပ်ရမည်ဆိုပါက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ကြေငြာထားသည့် ကျန်းမာရေးဆိုင်ရာ နည်းလမ်းများအတိုင်း ဆောင်ရွက်ရန် ထုတ်ပြန်ထားသည်။

တက္ကသိုလ်ဝင်စာမေးပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျောင်းသားကျောင်းသူ ကိုးသိန်းကျော်ဝင်ရောက်ဖြေဆိုရန် စာရင်းပေးထားပြီး စာစစ်ဌာန ၁၉၀၀ ကျော် ဖွင့်လှစ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနစာရင်းများအရ သိရသည်။
Ref-the voice #Myanmar_Online_News
>>Zawgyi<<
COVID-19 ကိုရိုနာဗိုင်းရပ်စ်အပါအဝင် ကျန်းမာရေးကြောင့် ဆေးရုံတက်ရလျှင်တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနိုင်ရေး ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း စာစစ်ဌာန ထုတ်ပြန်
Tuesday , March 3 , 2020

တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသားကျောင်းသူများကို ကိုရိုနာဗိုင်းရပ်စ်အပါအဝင် ကျန်းမာရေးကြောင့် ဆေးရုံတက်ကုသမှုခံယူရလျှင် ဆေးရုံတွင် စာမေးပွဲဖြေဆိုနိုင်ရန် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနမှ သိရသည်။

မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှု ရုတ်တရက်ပေါ်ပေါက်လာနိုင်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ြကီးဌာနက အသိပေးထားပြီး ၂၀၂၀ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲမဖြေဆိုခင် သို့မဟုတ် ဖြေဆိုနေချိန်များတွင် ကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သက်ပြီး ဆေးရုံတက်ကုသမှုခံယူရပါက စာမေးပွဲဆက်လက်ဖြေဆိုနိုင်ေရး ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ၎င်းဦးစီးဌာနမှ သိရသည်။

“အခုမရှိသေးပေမယ့်၊ ဆေးရုံတွေမှာ ကြီးကြပ်ရေးမှူး၊ မေးခွန်းတွေအတွက် ထားရှိပေးထားမယ်။ တကယ်လို့တက်ရမယ်ဆိုရင် ဆက်ပြီးဖြေဆိုနိုင်မှာပါ”ဟု မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးညွှန့်က ပြောဆိုသည်။

တက္ကသိုလ်ဝင်စာမေးပွဲအတွက် ဆေးရုံစာစစ်ဌာနများကိုလည်း ဖွင့်လှစ်ပေးထားပြီး ရန်ကုန်မြို့ရှိ ရန်ကုန်ပြည်သူ့ဆေးရုံ၊ ဗဟိုအမျိုးသမီးဆေးရုံ၊ ဝေဘာဂီဆေးရုံတို့တွင် စာစစ်ဌာနများရှိပြီး အဆိုပါရောဂါနှင့်ပတ်သက်လျှင် ဝေဘာဂီဆေးရုံတွင်ဖြေဆိုရမည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ြပန့်ပွားမှု ကြိုတင်ကာကွယ်ရန် လူစုလူဝေးများပြားသောနေရာများနှင့် အခမ်းအနားကို တတ်နိုင်သမျှမပြုလုပ်ရန်၊ အကြောင်းကြောင်းကြောင့် ပြုလုပ်ရမည်ဆိုပါက ကျန်းမာရေးနှင့်အားကစားဝန်ြကီးဌာနက ကြေငြာထားသည့် ကျန်းမာရေးဆိုင်ရာ နည်းလမ်းများအတိုင်း ဆောင်ရွက်ရန် ထုတ်ပြန်ထားသည်။

တက္ကသိုလ်ဝင်စာမေးပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျောင်းသားကျောင်းသူ ကိုးသိန်းကျော်ဝင်ရောက်ဖြေဆိုရန် စာရင်းပေးထားပြီး စာစစ်ဌာန ၁၉၀၀ ကျော် ဖွင့်လှစ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနစာရင်းများအရ သိရသည်။
Ref-the voice #Myanmar_Online_News

0 comments:

Post a Comment