Tuesday, April 7, 2020

ကချင်ပြည်နယ် ချီဖွေတွင် တရုတ်နိုင်ငံသားများက စက်ယန္တရားကြီးများဖြင့် သလင်းကျောက်ခိုးတူးဖော်


Image may contain: sky and outdoor
ကချင်ပြည်နယ် ချီဖွေမြို့နယ် ရာလူးခကျေးရွာအနီး တွင် တရုတ်နိုင်ငံသားများက တောင်ဖြို၊ လိုဏ်ခေါင်းများ ဖောက်ကာ စက်ယန္တရားကြီးများဖြင့် သလင်းကျောက်ခိုးတူးနေသည်ကို တွေ့ရှိခဲ့ကြောင်း ကချင်ပြည်နယ် သတ္တုတွင်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစောယုက ပြောကြားခဲ့သည်။
‘‘သလင်းကျောက်တွေ လာတူးတာကို တွေ့ရတယ်။ မူရင်းထုတ်လုပ်ပုံစံအရတော့ အလှဆင်ကျောက်ပေါ့။ ကုန်ချောအနေနဲ့ ဆီလီကွန်တို့၊ Solar Cells တို့အထိ ထုတ်နိုင်တယ်။ တရုတ်နိုင်ငံမှာ ထုတ်နေတယ်လို့သိရတယ်။ ပြည်တွင်းမှာတော့ ထုတ်တဲ့အဆင့်မရှိဘူး’’ဟု ဦးစောယုက ပြောသည်။

ဖြစ်စဉ်ကို ဧပြီ ပထမပတ် အတွင်း ဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်ပြီး ယမ်းတောင့် ၁၇၁၇ ချောင်း၊ စနက်တံ ၇၅၅ ချောင်း၊ ယမ်း ဖောက်ခွဲရာတွင် ဆက်စပ်အသုံး ပြုသော အမိုနီယမ်နိုက်ထရိတ် ၅၇၇ အိတ်၊ ယမ်းဖောက်ခွဲစက် သုံးလုံး၊ ဘက်ဟိုးယန္တရား ၁၀ စီး၊ ကျောက်ဖောက်စက် လေးစီး၊ ၁၀ ဘီးနှင့် ခြောက်ဘီးယာဉ်သုံးစီး၊ မီးစက်အကြီး၊ အသေး ၁၁ လုံး၊ ကျောက်ခွဲစက် စင် လေးစင်၊ လူနေအဆောက်အအုံ ကိုးလုံးအပါအဝင် သတ္တုတူးဖော်ရေးလုပ်ငန်းနှင့်ဆက်စပ်သည့် ပစ္စည်း ၁၀ မျိုးကို သိမ်းဆည်းရမိခဲ့သည်။

လူနေအဆောက်အအုံများအတွင်း တရုတ်နိုင်ငံသားများ၏ အသုံးအဆောင်ပစ္စည်းများ၊ တရုတ်စာတန်းပါ ဗောက်ချာများ၊ နိုင်ငံကူးလက်မှတ်မိတ္တူများသာ သိမ်းဆည်းရမိပြီး တရုတ်နိုင်ငံ သားများကို ဖမ်းဆီးရမိခဲ့ခြင်း မရှိပေ။

‘‘တရုတ်နဲ့က ချောင်းပဲခြားတဲ့နေရာ။ နောက်တစ်ခုက လက်နက်ကိုင်တပ်ဖွဲ့တွေ ရှိတယ်။ တော်ရုံလုံခြုံရေးအရ အရမ်းဂရုစိုက်ရတယ်။ အခုသွားစစ်ဆေးတယ်ဆိုတာတောင် တပ်မတော် အဖွဲ့အစည်းတွေ ပါလာလို့ စစ်နိုင်ခဲ့တာ။ တော်ရုံဝန်ထမ်းတွေ မသွားနိုင်တဲ့နေရာ ဖြစ်တယ်။ လက်နက်ကိုင် အဖွဲ့မျိုးစုံရှိတဲ့နေ ရာလည်းဖြစ်တယ်။ ဒါကြောင့် သတင်းကြိုပေါက်တာလည်းဖြစ် နိုင်တယ်’’ဟု ဦးစောယုက ပြောသည်။

‘‘ပတ်စ်ပို့ မှတ်တမ်းတွေ၊ တခြားသိမ်းဆည်းရမိတဲ့ ပစ္စည်း တွေကို ရဲတပ်ဖွဲ့ကိုလွှဲလိုက်ပြီ။ ရဲတပ်ဖွဲ့က ဖမ်းဆီးရေးလုပ်ငန်း အပါအဝင် သက်ဆိုင်တဲ့ဖြစ်စဉ် တွေကို ဆောင်ရွက်ပါလိမ့်မယ်’’ ဟု ကချင်ပြည်နယ် အစိုးရအဖွဲ့ တာဝန်ရှိသူက ပြောကြားခဲ့ကြောင်း သိရှိရသည်။
Source-7 day #Myanmar_Online_News

>>zawgyi<<

ကချင်ပြည်နယ် ချီဖွေတွင် တရုတ်နိုင်ငံသားများက စက်ယန္တရားကြီးများဖြင့် သလင်းကျောက်ခိုးတူးဖော်
Tuesday, April 7, 2020

ကချင်ပြည်နယ် ချီဖွေမြို့နယ် ရာလူးခကျေးရွာအနီး တွင် တရုတ်နိုင်ငံသားများက တောင်ဖြို၊ လိုဏ်ခေါင်းများ ဖောက်ကာ စက်ယန္တရားကြီးများ ဖြင့် သလင်းကျောက်ခိုးတူးနေသည်ကို တွေ့ရှိခဲ့ကြောင်း ကချင် ပြည်နယ် သတ္တုတွင်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစောယုက ပြောကြားခဲ့သည်။

‘‘သလင်းကျောက်တွေ လာ တူးတာကို တွေ့ရတယ်။ မူရင်း ထုတ်လုပ်ပုံစံအရတော့ အလှဆင်ကျောက်ပေါ့။ ကုန်ချောအ နေနဲ့ ဆီလီကွန်တို့၊ Solar Cells တို့အထိ ထုတ်နိုင်တယ်။ တရုတ် နိုင်ငံမှာ ထုတ်နေတယ်လို့သိရ တယ်။ ပြည်တွင်းမှာတော့ ထုတ်တဲ့အဆင့်မရှိဘူး’’ဟု ဦးစောယုက ပြောသည်။

ဖြစ်စဉ်ကို ဧပြီ ပထမပတ် အတွင်း ဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်ြပီး ယမ်းတောင့် ၁၇၁၇ ချောင်း၊ စနက်တံ ၇၅၅ ချောင်း၊ ယမ်း ဖောက်ခွဲရာတွင် ဆက်စပ်အသုံး ပြုသော အမိုနီယမ်နိုက်ထရိတ် ၅၇၇ အိတ်၊ ယမ်းဖောက်ခွဲစက် သုံးလုံး၊ ဘက်ဟိုးယန္တရား ၁၀ စီး၊ ကျောက်ဖောက်စက် လေးစီး၊ ၁၀ ဘီးနှင့် ခြောက်ဘီးယာဉ်သုံးစီး၊ မီးစက်အကြီး၊ အသေး ၁၁ လုံး၊ ကျောက်ခွဲစက် စင် လေးစင်၊ လူနေအဆောက် အအုံ ကိုးလုံး အပါအဝင် သတ္တု တူးဖော်ရေးလုပ်ငန်းနှင့်ဆက်စပ် သည့် ပစ္စည်း ၁၀ မျိုးကို သိမ်းဆည်းရမိခဲ့သည်။

လူနေအဆောက်အအုံများ အတွင်း တရုတ်နိုင်ငံသားများ၏ အသုံးအဆောင်ပစ္စည်းများ၊ တရုတ်စာတန်းပါ ဗောက်ချာများ၊ နိုင်ငံကူးလက်မှတ်မိတ္တူများသာ သိမ်းဆည်းရမိပြီး တရုတ်နိုင်ငံ သားများကို ဖမ်းဆီးရမိခဲ့ခြင်း မရှိပေ။

‘‘တရုတ်နဲ့က ချောင်းပဲခြား တဲ့နေရာ။ နောက်တစ်ခုက လက် နက်ကိုင်တပ်ဖွဲ့တွေ ရှိတယ်။ တော်ရုံ လုံခြုံရေးအရ အရမ်းဂရုစိုက်ရတယ်။ အခု သွားစစ်ဆေး တယ်ဆိုတာတောင် တပ်မတော် အဖွဲ့အစည်းတွေ ပါလာလို့ စစ်နိုင်ခဲ့တာ။ တော်ရုံဝန်ထမ်းတွေ မသွားနိုင်တဲ့နေရာ ဖြစ်တယ်။ လက်နက်ကိုင် အဖွဲ့မျိုးစုံရှိတဲ့နေ ရာလည်းဖြစ်တယ်။ ဒါကြောင့် သတင်းကြိုပေါက်တာလည်းဖြစ် နိုင်တယ်’’ဟု ဦးစောယုက ပြော သည်။

‘‘ပတ်စ်ပို့ မှတ်တမ်းတွေ၊ တခြားသိမ်းဆည်းရမိတဲ့ ပစ္စည်း တွေကို ရဲတပ်ဖွဲ့ကိုလွှဲလိုက်ပြီ။ ရဲတပ်ဖွဲ့က ဖမ်းဆီးရေးလုပ်ငန်း အပါအဝင် သက်ဆိုင်တဲ့ဖြစ်စဉ် တွေကို ဆောင်ရွက်ပါလိမ့်မယ်’’ ဟု ကချင်ပြည်နယ် အစိုးရအဖွဲ့ တာဝန်ရှိသူက ပြောကြားခဲ့ကြောင်း သိရှိရသည်။
Source-7 day #Myanmar_Online_News

0 comments:

Post a Comment