ကိုဗစ်-၁၉ ကာကွယ်ဆေးတစ်မျိုး လက်တွေ့စမ်းသပ်မှုအဆင့် ရောက်ရှိခဲ့သည့် ကမ္ဘာတစ်ဝန်း တီထွင်ဆဲ တတိယ မြောက် ကာကွယ်ဆေးဖြစ်သည်။ ကာကွယ်ဆေးထုတ်လုပ်မှုကို အားပေးသည့် ကမ္ဘာလုံးဆိုင်ရာ အဖွဲ့အစည်းတစ် ခုဖြစ်သည့် Coalition for Epidemic Preparedness Innovations ထံမှ ပံ့ပိုးမှုများရရှိပြီးနောက် Inovio Pharmaceuticals က ဇန်နဝါရီအစောပိုင်းတွင် ဆေးဝါးတီထွင်မှု စတင်ခဲ့သည်။
တိရစ္ဆာန်များနှင့် ကနဉီးလက်တွေ့လေ့လာမှုအရ အလားအလာရှိသော ကိုယ်ခံအားတုံ့ပြန်မှုများ ပြသခဲ့ ကြောင်း Inovio Pharmaceuticals က ပြောကြားခဲ့သည်။ ကျန်းမာသန်စွမ်းသော စေတနာ့ဝန်ထမ်း ၄၀ ဦးနှင့် ကာကွယ်ဆေး လက်တွေ့စမ်းသပ်မှုကို ယမန်နေ့က ပင်ဆီဗေးနီးယားပြည်နယ်၊ ဖီလာဒီဖီးယားမြို့နှင့် မစ်ဆော်ရီ ပြည်နယ်၊ ကန်းဆတ်မြို့တော်တို့၌ စတင်ခဲ့ကြောင်း အဆိုပါကုမ္ပဏီက ပြောသည်။
ကနဦး ကိုယ်ခံအားတုံ့ပြန်မှုနှင့် ဘေးအန္တရာယ်ကင်းမှုဆိုင်ရာ အချက်အလက်များရရှိရန် ရည်ရွယ်ချက် ဖြင့် စမ်းသပ်မှုတွင်ပါဝင်သူတစ်ဦးစီးကို လေးပတ်ခွာ၍ ဆေးဝါးနှစ်ကြိမ် ထိုးပေးမည်ဖြစ်သည်။ စမ်းသပ်မှုက ကျေ နပ်ဖွယ်ဖြစ်ပါက နောက်ထပ် စမ်းသပ်မှုများပြုလုပ်ရန်နှင့် အရေးပေါ်အသုံးပြုရန် နှစ်ကုန်တွင် ကာကွယ်ဆေး အ လုံးတစ်သန်း ထုတ်လုပ်မည်ဟု ကုမ္ပဏီက ပြောသည်။
ယခုကာကွယ်ဆေးမှာ လူသားတို့၏ ဒီအင်န်အေတွင် စမ်းသပ်သည့် ဆေးဝါးသစ်တစ်မျိုးဖြစ်သည်။ ဗိုင်း ရပ်စ်ကဲ့သို့သော ရောဂါပိုးများအတွက်အသုံးပြုသည့် သမားရိုးကျ ကာကွယ်ဆေးများနှင့်နှိုင်းယှဉ်လျင် ယခုကာ ကွယ်ဆေးက ဒီအင်န်အေ ကာကွယ်ဆေးတစ်မျိုး တီထွင်ရန်နှင့်ထုတ်လုပ်ရန် အချိန်ကုန်သက်သာမည်ဟု မျှော် မှန်းရသည်။
ယခုကဲ့သို့သော ကာကွယ်ဆေးကို ယခင်က လက်တွေ့စမ်းသပ်ခဲ့ခြင်းမရှိခဲ့ပေ။ ကာကွယ်ဆေး လက်တွေ့ စမ်းသပ်မှုက အလားအလာကောင်းသော ရလဒ်များပြသခြင်းရှိ မရှိ စိတ်ဝင်စားလျက်ရှိနေကြသည်။ ကမ္ဘာ့ကျန်း မာရေးအဖွဲ့ (WHO) ၏အဆိုအရ လက်ရှိအချိန်တွင် ကမ္ဘာတစ်ဝန်း ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး အမျိုးအစား ၆၀ ကျော် တီထွင်လျက်ရှိကြောင်း သိရသည်။
Ref; Inovio tests new COVID-19 vaccine on humans
#Myanmar_Online_News
>>zawgyi<<
အမေရိကန် ဆေးဝါးကုမ္ပဏီ Inovio က ကိုဗစ်-၁၉ ကာကွယ်ဆေးကိုထုတ်လုပ်နေပြီး လူသားများနှင့်လက်တွေ့စမ်းသပ်
Tuesday, April 7, 2020

0 comments:
Post a Comment