Wednesday, April 1, 2020

ရုရှားသမ္မတနဲ့ လက်ဆွဲနှုတ်ဆက်တဲ့ ဆရာဝန် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထား


Image may contain: 1 person, standing
ရုရှားသမ္မတ ဗလာဒီမာ ပူတင်နဲ့ လက်ဆွဲနှုတ်ဆက်ခဲ့တဲ့ ဆရာဝန်တစ်ဦးဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်နေကြောင်း တွေ့ရှိရပေမယ့် သမ္မတပူတင်ရဲ့ ကျန်းမာရေးကတော့ ကောင်းမွန်နေတယ်လို့ ရုရှားသမ္မတရုံးက ပြောပါတယ်။
သမ္မတ ပူတင်ဟာ မတ်လ ၂၄ ရက်နေ့က မော်စကိုမြို့မှာ ကိုရိုနာဗိုင်းရပ်စ် လူနာတွေကို ကုသပေးနေတဲ့ ဆေးရုံကို သွားရောက်ခဲ့ပါတယ်။ သမ္မတ ပူတင်ဟာ အကာအကွယ်ဝတ်စုံ မဝတ်ဆင်မီ လက်ဆွဲနှုတ်ဆက်ခဲ့တဲ့ ဆရာဝန်ဟာ နောက်ပိုင်းမှာ COVID-19 ရောဂါ ကူးစက်ခံနေရတာ တွေ့ရှိခဲ့တာပါ။

ဗိုင်းရပ်စ်တွေ့ရှိရတဲ့ ဆရာဝန်ဟာ အခုအခါ သီးခြားခွဲပြီး နေထိုင်နေပြီ ဖြစ်ပါတယ်။ သမ္မတ ပူတင်ကတော့ ပုံမှန် စစ်ဆေးမှုတွေ ခံယူပြီး ကျန်းမာရေး ကောင်းမွန်နေတယ်လို့ သမ္မတရုံး ပြောခွင့်ရသူက ပြောပါတယ်။ ရုရှားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၂၇၀၀ ကျော်ရှိနေပြီး သေဆုံးသူ ၂၄ ဦး ရှိနေပါတယ်။
Source - MCN
<zawgyi>
ရုရှားသမ္မတနဲ့ လက်ဆွဲနှုတ်ဆက်တဲ့ ဆရာဝန် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထား
Thursday, April 2, 2020

ရုရှားသမ္မတ ဗလာဒီမာ ပူတင်နဲ့ လက်ဆွဲနှုတ်ဆက်ခဲ့တဲ့ ဆရာဝန်တစ်ဦးဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်နေကြောင်း တွေ့ရှိရပေမယ့် သမ္မတပူတင်ရဲ့ ကျန်းမာရေးကတော့ ကောင်းမွန်နေတယ်လို့ ရုရှားသမ္မတရုံးက ပြောပါတယ်။

သမ္မတ ပူတင်ဟာ မတ်လ ၂၄ ရက်နေ့က မော်စကိုမြို့မှာ ကိုရိုနာဗိုင်းရပ်စ် လူနာတွေကို ကုသပေးနေတဲ့ ဆေးရုံကို သွားရောက်ခဲ့ပါတယ်။ သမ္မတ ပူတင်ဟာ အကာအကွယ်ဝတ်စုံ မဝတ်ဆင်မီ လက်ဆွဲနှုတ်ဆက်ခဲ့တဲ့ ဆရာဝန်ဟာ နောက်ပိုင်းမှာ COVID-19 ရောဂါ ကူးစက်ခံနေရတာ တွေ့ရှိခဲ့တာပါ။

ဗိုင်းရပ်စ်တွေ့ရှိရတဲ့ ဆရာဝန်ဟာ အခုအခါ သီးခြားခွဲပြီး နေထိုင်နေပြီ ဖြစ်ပါတယ်။ သမ္မတ ပူတင်ကတော့ ပုံမှန် စစ်ဆေးမှုတွေ ခံယူပြီး ကျန်းမာရေး ကောင်းမွန်နေတယ်လို့ သမ္မတရုံး ပြောခွင့်ရသူက ပြောပါတယ်။ ရုရှားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၂၇၀၀ ကျော်ရှိနေပြီး သေဆုံးသူ ၂၄ ဦး ရှိနေပါတယ်။
Source - MCN

0 comments:

Post a Comment