Wednesday, April 1, 2020

ပြည်ပမှဝင်ရောက်လာသူများအား ကျန်းမာရေးစစ်ဆေးပေးနေသည့် ဝန်ထမ်းများအတွက် တပ်မတော်မှအသုံးအဆောင် ပစ္စည်းများလှူဒါန်းပြီး မော်လမြိုင်ဆေးတပ်ရင်းတွင် Covid 19 ရောဂါကုသရန်ပြင်ဆင်ထားမှုကြည့်ရှုစစ်ဆေး

Image may contain: one or more people, people standing, crowd and outdoor

COVID-19 ရောဂါကြိုတင် ကာကွယ်ထိန်းချုပ် ကုသနိုင်ရေးအတွက် တစ်ဖက်နိုင်ငံမှ မြန်မာနိုင်ငံအတွင်းသို့ ပြန်လည် ဝင်ရောက်လာကြမည့် သူများအား စောင့်ကြည့် စစ်ဆေးလျက်ရှိသည့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် တာဝန်ရှိသူများအတွက် တပ်မတော်(ကြည်း၊ရေ၊လေ)မိသားစုများမှလှူဒါန်းသည့် အသုံးအဆောင်ပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းကို ဧပြီလ(၁)ရက်နေ့မွန်းလွဲပိုင်းတွင် မြဝတီမြို့ရှိ ရွှေမြဝတီစျေး၌ ပြုလုပ် သည်။

တပ်မတော်(ကြည်း၊ ရေ၊လေ) မိသားစုများမှ လှူဒါန်းသော တပ်မတော်စက်ရုံထုတ် ခေါင်းအုံး အလုံး ၁ဝဝဝ၊ ခေါင်းအုံးစွပ်အလုံး ၁ဝဝဝ၊ စစ်ခြင်ထောင်အလုံး ၁ဝဝဝ၊ စောင်ကျားအထည်၁ဝဝဝ နှင့် အိပ်ရာခင်းအထည် ၁ဝဝဝ တို့ကို ပေးအပ်လှူဒါန်းရာ မြဝတီခရိုင် စောင့်ကြည့်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက လက်ခံ ရယူခဲ့သည်။
ထို့အတူ မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ နယ်မြေခံ ဆေးတပ်ရင်း၌ COVID-19 ရောဂါ ကြိုတင်ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ကြိုတင်ပြင်ဆင်ထားရှိမှု၊ သံသယလူနာများအား ခွဲခြားကုသရန် သီးသန့်ဆောင်ထားရှိမှု၊ ဆေးနှင့်ဆေးပစ္စည်းများ ထားရှိမှု၊ စွန့်ပစ်ပစ္စည်းများ ထားရှိရန်နေရာ စသည့် ကြိုတင်ပြင် ဆင်ထားမှုများကို အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကိုကိုမောင်နှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်း ရရှိသည်။
Image may contain: 2 people, people standing and outdoor
Image may contain: 2 people
Image may contain: one or more people, table and indoor
သတင်းစဉ်
<zawgyi>
ပြည်ပမှဝင်ရောက်လာသူများအား ကျန်းမာရေးစစ်ဆေးပေးနေသည့် ဝန်ထမ်းများအတွက် တပ်မတော်မှအ သုံးအဆောင် ပစ္စည်းများ လှူဒါန်းပြီး မော်လမြိုင်ဆေးတပ်ရင်းတွင် Covid 19 ရောဂါကုသရန်ပြင်ဆင်ထားမှုကြည့်ရှုစစ်ဆေး
Thursday, April 2, 2020

COVID-19 ရောဂါကြိုတင် ကာကွယ်ထိန်းချုပ် ကုသနိုင်ရေးအတွက် တစ်ဖက်နိုင်ငံမှ မြန်မာနိုင်ငံ အတွင်းသို့ ပြန်လည် ဝင်ရောက်လာကြမည့် သူများအား စောင့်ကြည့် စစ်ဆေးလျက်ရှိသည့် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် တာဝန်ရှိသူများအတွက် တပ်မတော်(ကြည်း၊ရေ၊ လေ) မိသားစုများမှ လှူဒါန်းသည့် အသုံးအဆောင် ပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းကို ဧပြီလ(၁)ရက်နေ့မွန်းလွဲပိုင်းတွင် မြဝတီမြို့ရှိ ရွှေမြဝတီစျေး၌ ပြုလုပ် သည်။
တပ်မတော်(ကြည်း၊ ရေ၊လေ) မိသားစုများမှ လှူဒါန်းသော တပ်မတော်စက်ရုံထုတ် ခေါင်းအုံး အလုံး ၁ဝဝဝ၊ ခေါင်းအုံးစွပ်အလုံး ၁ဝဝဝ၊ စစ်ခြင်ထောင်အလုံး ၁ဝဝဝ၊ စောင်ကျားအထည်၁ဝဝဝ နှင့် အိပ်ရာခင်းအထည် ၁ဝဝဝ တို့ကို ပေးအပ်လှူဒါန်းရာ မြဝတီခရိုင် စောင့်ကြည့်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက လက်ခံ ရယူခဲ့သည်။
ထို့အတူ မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ နယ်မြေခံ ဆေးတပ်ရင်း၌ COVID-19 ရောဂါ ကြိုတင်ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ကြိုတင်ပြင်ဆင်ထားရှိမှု၊ သံသယလူနာများအား ခွဲခြားကုသရန် သီးသန့်ဆောင်ထားရှိမှု၊ ဆေးနှင့်ဆေးပစ္စည်းများ ထားရှိမှု၊ စွန့်ပစ်ပစ္စည်းများ ထားရှိရန်နေရာ စသည့် ကြိုတင်ပြင် ဆင်ထားမှုများကို အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကိုကိုမောင်နှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်း ရရှိသည်။
သတင်းစဉ်

0 comments:

Post a Comment