Monday, April 6, 2020

နေပြည်တော်ရှိ COVID-19 အတည်ပြုလူနာ ဆွစ်ဇာလန်နိုင်ငံသူ အမျိုးသမီး ဆေးစစ်ချက်အဖြေအရ Negative ဖြစ်လာပြီဖြစ်ကြောင်း ဒုတိယမြို့တော်ဝန်ပြောကြား


Image may contain: 1 person, sitting
နေပြည်တော်က COVID-19 လူနာမှာ အခုရက်ပိုင်းအတွင်း စစ်ဆေးချက်အရ Negative ဖြစ်သွားပြီဖြစ်ကြောင်း နေပြည်တော် စည်ပင်သာယာရေးကော်မတီမှ ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦး က ယနေ့ နေပြည်တော်ရှိ မီဒီယာသမားတွေနဲ့ တွေ့ဆုံစဥ် ယခုလို ပြောကြားခဲ့ခြင်းဖြစ်သည်။
ဦးရဲမင်းဦးက"သူဆီကတဆင့် နေပြည်တော်မှာ ကူးတဲ့သူမရှိဘူး။နောက်ပြီးတော့ ဒီရကျပိုငျးမှာ စမျးသပျခကြျအရ သူဟာ Negative ဖွစျသှားပွီ။ဒါပမေယျ့ ကနြျးမာရေးဝနျကွီးဌာနရဲ့နောက်ထပ် လိုအပ်ချက်အရ ထပ်ပြီးတော့ သူကိုတော့ စောင့်ကြည့်နေရတာပေါ့။အကြိမ်ကြိမ်တော့ ထပ်ပြီး ပြန်စမ်းအုံးမှာပေါ့။ပြန်စမ်းလို့ နောက်ဆုံး Negative ဖြစ်သွားပြီဆိုရင်တော့ ကျွန်တော်တို့ဆီမှာ နိုင်ငံခြားက ပြန်လာတဲ့သူတောင်မှ Positive မရှိတော့ဘူးလို့ ပြောလို့ရတယ်"လို့ ပြောပါတယ်။

နေပြည်တော်မှ အသက်(၅၈)နှစ်အရွယ် ဆွစ်ဇာလန်နိုင်ငံသူ အမျိုးသမီးဟာ မတ်လ ၁၇ ရက်နေ့မှာ ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့မှ ဘန်ကောက်မြို့မှတစ်ဆင့် မတ်လ ၁၈ ရက်နေ့ မှာ နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိခဲ့ပြီး ဟိုတယ်တစ်ခုမှာ သီးခြားနေထိုင်ကာ Hotel Quarantine ဆောင်ရွက်စဉ် မတ်လ ၂၂ ရက်နေ့ မှာ ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ ဝမ်းသွားခြင်းလက္ခဏာများ ခံစားခဲ့ရတာကြောင့် မတ်လ ၂၆ ရက်နေ့ မှာ နေပြည်တော် ခုတင် (၁,၀၀၀) ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးသို့ တက်ရောက် ဆေးကုသမှု ခံယူခဲ့တာဖြစ်သည်။

မတ်လ ၂၈ ရက်နေ့ မှာတော့ ဓာတ်ခွဲအဖြေအရ COVID-19 ရောဂါပိုးတွေ့ ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အသိပေးထုတ်ပြန်ခဲ့တာဖြစ်ပြီး အဆိုပါ လူနာနဲ့ ပတ်သက်ပြီး လက်ရှိအခြေအနေကို ထပ်မံသိရှိဖို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သာထွန်းကျော်ကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့်လည်း ဆက်သွယ်လို့ မရခဲ့ပါဘူး။

လက်ရှိနေပြည်တော်မှာ ပြည်ပပြန်စောင့်ကြည့်ခံရသူ ဦးရေ ၆၂၀ ရှိပြီး နေပြည်တော်စည်ပင်ဧည့်ရိပ်သာမှာ ထားရှိတယ်လို့ သိရပြီး တပ်မတော်ရဲ့သတ်မှတ်ထားတဲ့နေရာမှာ ရောက်ရှိနေသူ ဦးရေကတော့ ၁၄၀ ခန့် ရှိတယ်လို့ သိရသည်။

လတ်တလောမှာတော့ နေပြည်တော်မှာတော့ COVID-19 ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းတွေကို စနစ်တကျ ဆောင်ရွက်နေပြီး စျေးတွေပိတ်ဖို့ အထိတော့ လတ်တလောမှာ အစီစဉ်မရှိသေးဘူးလို့ သိရသည်။

ဦးရဲမင်းဦးက"ဒီအခြေအနေမျိုးမှာတေ့ာ ကျွန်တော်တို့ ဈေးတွေကို ပိတ်ရတဲ့အခြေအနေမရောက်သေးဘူး။ပြည်တွင်းကူးစက်မှု တစ်ခုခု နေပြည်တော်မှာ ပေါ်ပေါက်ပြီဆိုရင်တော့ ဈေးတွေနဲ့ ပတ်သက်လို့ ကျွန်တော်တို့ စဉ်စားရမှာပေါ့။အခုချိန်မှာတော့ ကျွန်တော်တို့ ဆီမှာ အဲဒါမျိုးမရှိသေးဘူး။မရှိသေးတဲ့အတွက် စျေးတွေကို စောင့်ကြည့်တဲ့အဆင့်မှာပဲ လုပ်ထားတယ်"လို့ ပြောကြားခဲ့သည်။

လတ်တလောမှာတော့ နေပြည်တော်ရှိ ညစျေးတန်းတွေကို လူဖြတ်လမ်းတွေချဲ့တာ၊ဆိုင်နေရာတွေ ချဲ့ တာ၊လက်ဆေးစင်တွေ ထားပေးတာ၊ဆေးဖြန်းတာ စတာတွေ ပြုလုပ်ပေးလျက်ရှိတယ်လို့ သိရသည်။

Ref : Kumudra

>>Zawgyi<<

နေပြည်တော်ရှိ COVID-19 အတည်ပြုလူနာ ဆွစ်ဇာလန်နိုင်ငံသူ အမျိုးသမီး ဆေးစစ်ချက်အဖြေအရ Negative ဖြစ်လာပြီဖြစ်ကြောင်း ဒုတိယမြို့တော်ဝန်ပြောကြား
Monday, April 6, 2020

နေပြည်တော်က COVID-19 လူနာမှာ အခုရက်ပိုင်းအတွင်း စစ်ဆေးချက်အရ Negative ဖြစ်သွားပြီဖြစ်ကြောင်း နေပြည်တော် စည်ပင်သာယာရေးကော်မတီမှ ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦးက ယနေ့ နေပြည်တော်ရှိ မီဒီယာသမားတွေနဲ့ တွေ့ဆုံစဉ် ယခုလို ပြောကြားခဲ့ခြင်းဖြစ်သည်။

ဦးရဲမင်းဦးက"သူဆီကတဆင့် နေပြည်တော်မှာ ကူးတဲ့သူမရှိဘူး။နောက်ပြီးေတာ့ ဒီရက်ပိုင်းမှာ စမ်းသပ်ချက်အရ သူဟာ Negative ဖြစ်သွားပြီ။ဒါပေမယ့် ကျန်းမာရေးဝန်ကြီးဌာနရဲ့နောက်ထပ် လိုအပ်ချက်အရ ထပ်ပြီးတော့ သူကိုတော့ စောင့်ကြည့်နေရတာပေါ့။အကြိမ်ကြိမ်တော့ ထပ်ပြီး ပြန်စမ်းအုံးမှာပေါ့။ပြန်စမ်းလို့ နောက်ဆုံး Negative ဖြစ်သွားပြီဆိုရင်တော့ ကျွန်တော်တို့ဆီမှာ နိုင်ငံခြားက ပြန်လာတဲ့သူတောင်မှ Positive မရှိတော့ဘူးလို့ ပြောလို့ရတယ်"လို့ ပြောပါတယ်။

နေပြည်တော်မှ အသက်(၅၈)နှစ်အရွယ် ဆွစ်ဇာလန်နိုင်ငံသူ အမျိုးသမီးဟာ မတ်လ ၁၇ ရက်နေ့မှာ ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့မှ ဘန်ကောက်မြို့မှတစ်ဆင့် မတ်လ ၁၈ ရက်နေ့ မှာ နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိခဲ့ပြီး ဟိုတယ်တစ်ခုမှာ သီးခြားနေထိုင်ကာ Hotel Quarantine ဆောင်ရွက်စဉ် မတ်လ ၂၂ ရက်နေ့ မှာ ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ ဝမ်းသွားခြင်းလက္ခဏာများ ခံစားခဲ့ရတာကြောင့် မတ်လ ၂၆ ရက်နေ့ မှာ နေပြည်တော် ခုတင် (၁,၀၀၀) ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးသို့ တက်ရောက် ဆေးကုသမှု ခံယူခဲ့တာဖြစ်သည်။

မတ်လ ၂၈ ရက်နေ့ မှာတော့ ဓာတ်ခွဲအဖြေအရ COVID-19 ရောဂါပိုးတွေ့ ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အသိပေးထုတ်ပြန်ခဲ့တာဖြစ်ပြီး အဆိုပါ လူနာနဲ့ ပတ်သက်ပြီး လက်ရှိအခြေအနေကို ထပ်မံသိရှိဖို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သာထွန်းကျော်ကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့်လည်း ဆက်သွယ်လို့ မရခဲ့ပါဘူး။

လက်ရှိနေပြည်တော်မှာ ပြည်ပပြန်စောင့်ကြည့်ခံရသူ ဦးရေ ၆၂၀ ရှိပြီး နေပြည်တော်စည်ပင်ဧည့်ရိပ်သာမှာ ထားရှိတယ်လို့ သိရပြီး တပ်မတော်ရဲ့သတ်မှတ်ထားတဲ့နေရာမှာ ရောက်ရှိနေသူ ဦးရေကတော့ ၁၄၀ ခန့် ရှိတယ်လို့ သိရသည်။

လတ်တလောမှာတော့ နေပြည်တော်မှာတော့ COVID-19 ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းတွေကို စနစ်တကျ ဆောင်ရွက်နေပြီး စျေးတွေပိတ်ဖို့ အထိတော့ လတ်တလောမှာ အစီစဉ်မရှိသေးဘူးလို့ သိရသည်။

ဦးရဲမင်းဦးက"ဒီအခြေအနေမျိုးမှာတေ့ာ ကျွန်တော်တို့ ဈေးတွေကို ပိတ်ရတဲ့အခြေအနေမရောက်သေးဘူး။ပြည်တွင်းကူးစက်မှု တစ်ခုခု နေပြည်တော်မှာ ပေါ်ပေါက်ပြီဆိုရင်တော့ ဈေးတွေနဲ့ ပတ်သက်လို့ ကျွန်တော်တို့ စဉ်စားရမှာပေါ့။အခုချိန်မှာတော့ ကျွန်တော်တို့ ဆီမှာ အဲဒါမျိုးမရှိသေးဘူး။မရှိသေးတဲ့အတွက် စျေးတွေကို စောင့်ကြည့်တဲ့အဆင့်မှာပဲ လုပ်ထားတယ်"လို့ ပြောကြားခဲ့သည်။

လတ်တလောမှာတော့ နေပြည်တော်ရှိ ညစျေးတန်းတွေကို လူဖြတ်လမ်းတွေချဲ့တာ၊ဆိုင်ေနရာတွေ ချဲ့ တာ၊လက်ဆေးစင်တွေ ထားပေးတာ၊ဆေးဖြန်းတာ စတာတွေ ပြုလုပ်ပေးလျက်ရှိတယ်လို့ သိရသည်။

Ref : Kumudra

0 comments:

Post a Comment