Covid 19 ရောဂါ ကာကွယ်ရေးလုပ်ငန်းများ ၊ ကုသရေးလုပ်ငန်းများ နှင့် ပတ်သက်၍ ချင်းပြည်နယ် အစိုးရ အဖွဲ့ နှင့် တပ်မတော်ကြား ပူးပေါင်းဆောင်ရွက်နေကြောင်း ချင်းပြည်နယ်အစိုးရ အဖွဲ့ ပြောရေးဆိုခွင့်ရရှိသူ ဦးစိုးထက် က ဧပြီ ၇ ရက်နေ့က ပြောကြားခဲ့ကြောင်း သိရသည်။
"ကျွန်တော်တို့ အစိုးရအဖွဲ့ မှာ နယ်လုံတွေရှိတယ်။ နောက်ဗျူဟာမှူးတွေရှိတယ်။ သူတို့ နဲ့ ပူးပေါင်းပြီးတော့ မြေပြင်ကွင်းဆင်းပြီး ဆေးဖြန်းတာတို့ လိုအပ်တဲ့ အကာကွယ်ပေးတာတို့ကို လုပ်နေပါတယ် နောက်လူဝင်လူထွက်စစ်ဆေးတာတို့ကို တွဲပြီးတော့ လုပ်ပါတယ်၊ ကျွန်တော်တို့ ၈ မြို့နယ်လုံးမှာ တပ်မတော်သားဆရာဝန်တွေက ဝိုင်းပြီးတော့ ဆောင်ရွက်တယ် ပလက်ဝ ကလွဲပြီးတော့ ကျန်တဲ့ ဆေးရုံတွေမှာ ဆရာဝန်တွေ တွဲဖက်ပြီးတော့ ဝိုင်းကူတဲ့ ကိစ္စကိုလုပ်နေတယ်" ဟု ဦးစိုးထက် ပြောသည်။
Covid 19 ရောဂါ လူနာအမှတ် ၁ သည် ချင်းပြည်နယ် တီးတိန်မြို့မှ ဖြစ်ပြီး အဆိုပါ လူနာသည် လက်ရှိတွင် ကျန်းမာရေး ကောင်းမွန်လျက်ရှိသော်လည်း ဆေးစစ်ရာတွင် Positive သာထွက်ရှိနေသည့် အတွက် စောင့်ကြည့်မှုကိုဆက်လက်ဆောင်ရွက်နေသည်။
Source-PeopleMedia #Myanmar_Online_News
>>zawgyi<<
Covid 19 ရောဂါ ကာကွယ်ရန် တပ်မတော်နှင့် ချင်းပြည်နယ်အစိုးရ နှင့် ပူးပေါင်းဆောင်ရွက်
Tuesday, April 7, 2020
Covid 19 ရောဂါ ကာကွယ်ရေးလုပ်ငန်းများ ၊ ကုသရေးလုပ်ငန်းများ နှင့် ပတ်သက်၍ ချင်းပြည်နယ် အစိုးရ အဖွဲ့ နှင့် တပ်မတော်ကြား ပူးပေါင်းဆောင်ရွက်နေကြောင်း ချင်းပြည်နယ်အစိုးရ အဖွဲ့ ပြောရေးဆိုခွင့်ရရှိသူ ဦးစိုးထက် က ဧပြီ ၇ ရက်နေ့က ပြောကြားခဲ့ကြောင်း သိရသည်။
"ကျွန်တော်တို့ အစိုးရအဖွဲ့ မှာ နယ်လုံတွေရှိတယ်။ နောက်ဗျူဟာမှူးတွေရှိတယ်။ သူတို့ နဲ့ ပူးပေါင်းပြီးတော့ မြေပြင်ကွင်းဆင်းပြီး ဆေးဖြန်းတာတို့ လိုအပ်တဲ့ အကာကွယ်ပေးတာတို့ကို လုပ်နေပါတယ် နောက်လူဝင်လူထွက်စစ်ဆေးတာတို့ကို တွဲပြီးတော့ လုပ်ပါတယ်၊ ကျွန်တော်တို့ ၈ မြို့နယ်လုံးမှာ တပ်မတော်သားဆရာဝန်တွေက ဝိုင်းပြီးတော့ ဆောင်ရွက်တယ် ပလက်ဝ ကလွဲပြီးတော့ ကျန်တဲ့ ဆေးရုံတွေမှာ ဆရာဝန်တွေ တွဲဖက်ပြီးတော့ ဝိုင်းကူတဲ့ ကိစ္စကိုလုပ်နေတယ်" ဟု ဦးစိုးထက် ပြောသည်။
Covid 19 ရောဂါ လူနာအမှတ် ၁ သည် ချင်းပြည်နယ် တီးတိန်မြို့မှ ဖြစ်ပြီး အဆိုပါ လူနာသည် လက်ရှိတွင် ကျန်းမာရေး ကောင်းမွန်လျက်ရှိသော်လည်း ဆေးစစ်ရာတွင် Positive သာထွက်ရှိနေသည့် အတွက် စောင့်ကြည့်မှုကိုဆက်လက်ဆောင်ရွက်နေသည်။
Source-PeopleMedia #Myanmar_Online_News
0 comments:
Post a Comment