Tuesday, April 7, 2020

covid-19 ကြောင့် နိုင်ငံတော်အရေးပေါ်ကြေညာဖို့ ဂျပန်အစိုးရက စီစဉ်

Image may contain: skyscraper, sky, tree, car and outdoor
တိုကျိုနဲ့ တခြားမြို့ကြီးတွေမှာ လက်ရှိအနေအထားအရ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု မြှင့်မားလာတဲ့တဲ့အတွက် ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက အရေးပေါ်ကြေညာဖို့ စီစဉ်နေတာဖြစ်တယ်လို့ အခုလ(၆)ရက်က အစိုးရသတင်း အရင်းအမြစ်က ဆိုပါတယ်။
အရေးကြီးပေါ်ကြေညာဖို့ ပစ်မှတ်ထားတဲ့နေရာတွေကတော့ တိုကျို၊ ချီဘာ၊ ဆိုင်တာမာ၊ ခါနာကါဝါ၊ အိုဆာဂါ၊ ယိုကိုနဲ့ ဖူကူအိုကာတို့ဖြစ်ကြပြီး၊ ဧပြီလ(၈)ရက်ကနေ မေ(၆)ရက်အထိ အရေးပေါ်အခြေအနေ သတ်မှတ်ထားမှာဖြစ်တယ်လို့ သိရပါတယ်။

ပထမဆုံးဖြေရှင်းရမယ့်ပြဿနာကလည်း ဆေးဘက်ဆိုင်ရာအရင်းအမြစ်မရှိခြင်းပဲ ဖြစ်တယ်လို့ ဆိုပါတယ်။

မာရီတိုင်းမ်သိပ္ပံပြတိုက်ကို ပြီးခဲ့တဲ့ မတ်လက ပိတ်ထားခဲ့ပြီး၊ အဲဒီပန်းခြံအတွင်းမှာ တဲထိုးပြီး လူနာတွေနဲ့ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေကို ထားမှာဖြစ်ပါတယ်။ ဆောက်လုပ်ရေးကို မစတင်ရသေးပေမယ့်၊ ယာယီ ဆေးရုံ အဖြစ် ဧပြီလကုန်ပိုင်းမှာ အသုံးပြုလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

တကယ်လို့ ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနိုင်ငံ့အရေးပေါ်ကြေညာမယ်ဆိုရင် အစိုးရအနေနဲ့ လူတွေကို နေအိမ်တွင်း နေထိုင်ဖို့ ရက်ထပ်တိုးပြီး၊ စာသင်ကျောင်းတွေကို ပိတ်ပစ်တာ၊ လူစုလူဝေးနဲ့ ခရီးအသွားအလာကို ကန့်သတ်သွားမှာဖြစ်ပါတယ်။

ဒေသဆိုင်ရာအဏာပိုင်တွေကလည်း ဟော်တည်တွေ၊ စာသင်ကျောင်းနဲ့ တခြားအဆောက်အဉီတွေကို ကုသရေး အဖြစ်အသုံးပြုဖို့ အမိန့်ပေးမှာဖြစ်ပြီး၊ ဆေးဘက်ဆိုင်ရာအရင်းအမြစ်နဲ့ပတ်သက်လို့ အထူးသဖြင့် ဆေးရုံကုတင်တွေအတွက် စိတ်သက်သာရစေမှာဖြစ်တယ်လို့ ဆိုပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကြောင့် ဂျပန်နိုင်ငံမှာ ကူးစက်သူနဲ့သေဆုံးသူ စုစုပေါင်း (၃၉၀၀) ကျော်ရှိနေတယ်လို့ ဒီကနေ့ Worldometer ဝက်ဘ်ဆိုက်က ဖော်ပြပါတယ်။
Source- Reuters crd-One News #Myanmar_Online_News

>>zawgyi<<

0 comments:

Post a Comment