တရုတ်နိုင်ငံထုတ် SY-400 တာတိုပစ် ပဲ့ထိန်းဒုံးကျည် ပထမ အသုတ်ကို မြန်မာတပ်မတော်က မကြာခင် လက်ခံရယူဖို့ရှိနေပြီး အဆိုပါကျည်စနစ်ကို ရရှိဖို့အတွက် နှစ်နိုင်ငံကြား ဆွေးနွေးမှုတွေ နှစ်နဲ့ချီပြီး ဆက်တိုက်ပြုလုပ်ခဲ့ရတယ်လို့ ကမ္ဘာ့လက်နက်ရောင်းဝယ်ရေးသတင်းတွေကို ဖေါ်ပြနေတဲ့ သတင်းဝက်ဘ်ဆိုဒ်မှာ ဖေါ်ပြထားကြောင်း သိရပါတယ်။
တရုတ်ထုတ်SY-400 တာတိုပစ် ပဲ့ထိန်းဒုံးကျည်ဝယ်ယူရာမှာ နည်းပညာပိုင်းဆိုင်ရာနဲ့ ချေးငွေကိုလည်း မြန်မာက ရရှိမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
SY-400 စနစ်ဟာ တာတိုပစ်ဒုံးကျည်နဲ့ အတွဲလိုက်ဒုံးပစ်လောင်ချာစနစ်ကို တွဲဖက်ထားတဲ့ တစ်မူထူးခြားတဲ့ ဒုံးကျည်စနစ်တစ်ခုဖြစ်ပြီး၊ ပဲ့ထိန်းစနစ်တပ်ဆင်ထားတဲ့ ဒုံးကျည်တွေကို ပစ်ခတ်နိုင်စွမ်း ရှိတယ်လို့ အဲဒီ သတင်းမှာ ဖေါ်ပြထားပါတယ်။ ဒါ့အပြင်(၄၀၀)ကီလိုမီတာ အကွာအဝေးအထိ ပစ်ခတ်နိုင်တဲ့ BP-12A တာတိုပစ်ဒုံးကျည်စနစ်လည်း ပါဝင်တယ်လို့ ဆိုပါတယ်။
၂၀၁၇ခုနှစ် ဒီဇင်ဘာလက ကာတာ စစ်တပ်ကနေ တရုတ်ထုတ် SY-400 တာတိုပစ် ပဲ့ထိန်းဒုံးကျည်ကို ဝယ်ယူသုံးစွဲခဲ့တယ်လို့ အဲဒီသတင်းမှာ ဖေါ်ပြထားပါတယ်။
Source-VOA #Myanmar_Online_News
>>zawgyi<<
တရုတ်နိုင်ငံထုတ် SY-400 တာတိုပစ် ပဲ့ထိန်းဒုံးကျည် မြန်မာသို့ တင်ပို့မည်
Tuesday, April 7, 2020
တရုတ်နိုင်ငံထုတ် SY-400 တာတိုပစ် ပဲ့ထိန်းဒုံးကျည် ပထမ အသုတ်ကို မြန်မာတပ်မတော်က မကြာခင် လက်ခံရယူဖို့ရှိနေပြီး အဆိုပါကျည်စနစ်ကို ရရှိဖို့အတွက် နှစ်နိုင်ငံကြား ဆွေးနွေးမှုတွေ နှစ်နဲ့ချီပြီး ဆက်တိုက်ပြုလုပ်ခဲ့ရတယ်လို့ ကမ္ဘာ့လက်နက်ရောင်းဝယ်ရေးသတင်းတွေကို ဖေါ်ပြနေတဲ့ သတင်းဝက်ဘ်ဆိုဒ်မှာ ဖေါ်ပြထားကြောင်း သိရပါတယ်။
တရုတ်ထုတ်SY-400 တာတိုပစ် ပဲ့ထိန်းဒုံးကျည်ဝယ်ယူရာမှာ နည်းပညာပိုင်းဆိုင်ရာနဲ့ ချေးငွေကိုလည်း မြန်မာက ရရှိမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
SY-400 စနစ်ဟာ တာတိုပစ်ဒုံးကျည်နဲ့ အတွဲလိုက်ဒုံးပစ်လောင်ချာစနစ်ကို တွဲဖက်ထားတဲ့ တစ်မူထူးခြားတဲ့ ဒုံးကျည်စနစ်တစ်ခုဖြစ်ပြီး၊ ပဲ့ထိန်းစနစ်တပ်ဆင်ထားတဲ့ ဒုံးကျည်တွေကို ပစ်ခတ်နိုင်စွမ်း ရှိတယ်လို့ အဲဒီ သတင်းမှာ ဖေါ်ပြထားပါတယ်။ ဒါ့အပြင်(၄၀၀)ကီလိုမီတာ အကွာအဝေးအထိ ပစ်ခတ်နိုင်တဲ့ BP-12A တာတိုပစ်ဒုံးကျည်စနစ်လည်း ပါဝင်တယ်လို့ ဆိုပါတယ်။
၂၀၁၇ခုနှစ် ဒီဇင်ဘာလက ကာတာ စစ်တပ်ကနေ တရုတ်ထုတ် SY-400 တာတိုပစ် ပဲ့ထိန်းဒုံးကျည်ကို ဝယ်ယူသုံးစွဲခဲ့တယ်လို့ အဲဒီသတင်းမှာ ဖေါ်ပြထားပါတယ်။
Source-VOA #Myanmar_Online_News
0 comments:
Post a Comment