မြန်မာနဲ့ ယူကရိန်း ပြည်သူများရဲ့ လွတ်လပ်ရေး မျှော်မှန်းချက်အတွက် မားမားမတ်မတ် ရပ်တည်ထောက်ခံလျက်ရှိတယ်လို့ ဥရောပသမဂ္ဂ(EU)က ထုတ်ပြန်လိုက်ပါတယ်။
ယူကရိန်းနိုင်ငံကို ရုရှားမှ ကျူးကျော်သည့် ၁၂လမြောက် အထိမ်းအမှတ်အဖြစ် ဥရောပသမဂ္ဂက ရန်ကုန်မြို့မှာ ယူကရိန်းနိုင်ငံအလံကို ယနေ့ လွှင့်တင်ခဲ့တာဖြစ်ပါတယ်။
ဥရောပသမဂ္ဂသည် မြန်မာနဲ့ ယူကရိန်း ပြည်သူများရဲ့ ဖိနှိပ်ချုပ်ချယ်မှုကို တွန်းလှန်မှုနဲ့ ၎င်းတို့ရဲ့ လွတ်လပ်ရေး မျှော်မှန်းချက်အတွက် မားမားမတ်မတ် ရပ်တည်ထောက်ခံတယ်လို့ ဆိုပါတယ်။
ဖေဖော်ဝါရီလ ၂၃ရက်နေ့ကလည်း မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂမှ သံရုံးအကြီးအကဲများက ယူကရိန်းကိုယ်စားလှယ်နဲ့ ဆက်သွယ်ခဲ့ပြီး တသားတည်းရပ်တည်ကြောင်း ပြသခဲ့ပါတယ်။
ယူကရိန်းကိုယ်စားလှယ်ကလည်း မြန်မာပြည်သူများကို ထောက်ခံကြောင်းနဲ့ ရုရှားနဲ့ဆက်ဆံရေး တည်ဆောက်ခြင်းကြောင့် ဖြစ်လာနိုင်တဲ့ အကျိုးဆက်တွေအတွက် သတိပေးခဲ့ခြင်းများ ရှိတာလည်းဖြစ်ပါတယ်။
TMA






canlı sex hattı
ReplyDeleteheets
https://cfimi.com/
salt likit
salt likit
RXZL