ခိုလှုံခွင့်တောင်းလိုသူတွေကို အီတလီကမ်းခြေစောင့်တပ်တွေ ကယ်ဆယ်လာစဉ် (Credit: AFP)
အီတလီနိုင်ငံမှာ ခိုလှုံခွင့်တောင်းဖို့ ဝင်ရောက်လာတဲ့ ခိုလှုံခွင့်တောင်းလိုသူ လှေတစ်စီး နစ်မြုပ်သွားပြီးနောက် လူပေါင်း ၁၃၀ သေဆုံးသွားနိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။
လှေပေါ်မှာ လူပေါင်း ငါးရာလောက် လိုက်ပါလာပြီး အီတလီနိုင်ငံ Lampedusa ကျွန်းနားအရောက်မှာ လှေက နစ်မြုပ်ခဲ့တာ ဖြစ်ပါတယ်။
Eritrea ၊ Somalia ၊ Ghana နိုင်ငံက ခိုလှုံခွင့်တောင်းလိုသူတွေဟာ လစ်ဗျားနိုင်ငံကနေတဆင့် အီတလီနိုင်ငံမှာ ခို လှုံ ခွင့် တောင်း ဖို့ ရောက်လာ ကြသူတွေ ဖြစ်ပါတယ်။
ကျွန်းနားကို ရောက်လာတဲ့အတွက် သူတို့ကို ကယ်ဆယ်လက်ခံဖို့ အချက်ပြတဲ့မီးကို ထွန်းညှိရာကနေ မီးလောင်မှု ဖြစ်ခဲ့တယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။
ဒါပေမယ့် အီတလီနိုင်ငံ အာဏာပိုင်တွေရဲ့ ပြောပြချက်အရ ကျွန်းနားအရောက်မှာ စက်ရပ်သွားတဲ့အတွက် အကူအညီတောင်းတဲ့အနေနဲ့ လှေပေါ်မှာ မီးဖိုပြီး အချက်ပြကြတဲ့အကြောင်း လှေထဲ မီးတောက်နေတဲ့အတွက် လှေပေါ်ကလူတွေက လှေနံဘေးတစ်ခြမ်းကိုပဲ စုပြုံရပ်နေကြရာက ချိန်ခွင်သျှာမမျှတဲ့အတွက် လှေမှောက်ပြီး နစ်မြုပ်ကုန်တာလို့ ပြောပါတယ်။
အီတလီနိုင်ငံမှာ ခိုလှုံခွင့်တောင်းလိုသူတွေ ဝင်လာနေကြ ဖြစ်တဲ့အတွက် မတော်တဆမှုတွေ ဖြစ်လေ့ဖြစ်ထရှိပေမယ့် လှေတစ်စီးထဲမှာ ဒီလောက်များတဲ့ လူသေဆုံးမှုမျိုး မရှိခဲ့ဘူးလို့ သိရပါတယ်။
အီတလီနိုင်ငံပိုင် Lampedusa ကျွန်းဟာ အီတလီနိုင်ငံပြည်မထက် အာဖရိကတိုက်နဲ့ ပိုနီးတဲ့အတွက် လစ်ဗျားနိုင်ငံက ထောင်နဲ့ချီတဲ့လူတွေနဲ့ မြောက်အာဖရိကတိုက်က လူတွေ နှစ်စဉ်နှစ်တိုင်း ခိုးဝင်လာပြီး ခိုလှုံခွင့်တောင်းဆိုလေ့ရှိကြောင်း သိရပါတယ်။
ABC Radio Australia






0 comments:
Post a Comment