Thursday, October 3, 2013

ဆီးရီးယားဒုက္ခသည် ၅၀၀ ကို သြစီနှစ်စဉ် ခေါ်ယူလက်ခံမယ်

သြစတြေးလျနိုင်ငံကနေ ​နိုင်ငံတကာက ​ဒုက္ခသည်တွေကို ​လက်ခံခေါ်ယူမယ့် ​အစီအစဉ်မှာ ​ဆီးရီးယား ​ဒုက္ခသည် ​အယောက်ငါးရာအတွက် ​နေရာချန်ပြီး ​ခေါ်ယူသွားမယ်လို့ ​သိရပါတယ်။

ဆီးရီးယားနိုင်ငံပြည်တွင်းစစ်ကြောင့် ​စစ်ပြေးဒုက္ခသည် ​အယောက် ​၆ ​သန်းလောက်ရှိတဲ့ ​အဲဒီထဲက ​အယောက် ​၂ ​သန်း ​ကျော် ​ဟာ ​ပြည် ​ပ ​နိုင် ​ငံ ​မှာ ​ရောက်ရှိ ​နေတာ ​ဖြစ်ပါတယ်။

အီရတ်နိုင်ငံထဲကို တိမ်းရှောင်ဖို့ ကြိုးစားနေကြတဲ့ ဆီးရီးယား စစ်ပြေးဒုက္ခသည်များ (Credit: ABC licensed) 

ဆီးရီးယားနိုင်ငံက ​ဒုက္ခသည်တွေကို ​လူသားချင်း ​စာနာတဲ့အနေနဲ့ ​ခေါ်ယူကြဖို့ ​ကုလသမဂ္ဂက ​အကူအညီတောင်းဆိုပြီးနောက် ​သြစတြေးလျအစိုးရက ​ဆီးရီးယား ​ဒုက္ခသည် ​အယောက် ​ငါးရာအတွက် ​နေရာ ​ရာထား ​လိုက်တာ ​ဖြစ်ပါတယ်။

တစ်နှစ်ကို ​အယောက်ငါးရာ ​ခေါ်ယူပြီး ​ဆီးရီးယားဒုက္ခသည် ​အယောက် ​၁၃၇၀၀ ​အထိ ​လက်ခံသွားမယ်လို့ ​သြစတြေးလျအစိုးရက ​ပြောပါတယ်။

ဒီနှစ်အတွက် ​ရာထားတဲ့ ​နေရာတွေအတွက် ​ဘယ်သူ့ကို ​ခေါ်ယူမလဲဆိုတာကို ​ကုလသမဂ္ဂနဲ့ ​တိုင်ပင်ပြီး ​ဆုံးဖြတ်သွားမယ်လို့ ​လူဝင်မှု ​ကြီးကြပ်ရေးဝန်ကြီး ​Scott ​Morrison ​က ​ပြောပါတယ်။

ဆီးရီးယားနိုင်ငံ ​ပြည်တွင်းစစ်ကြောင့် ​လူပေါင်း ​တစ်သိန်းကျော် ​သေဆုံးပြီး ​စစ်ဘေးဒုက္ခသည်တွေဟာ ​တူရကီ၊ ​လက်ဘနွန်၊ ​ဂျော်ဒန်အစရှိတဲ့ ​နိုင်ငံတွေကို ​ထွက်ပြေးနေကြတဲ့အတွက် ​အိမ်နီးချင်း ​နိုင်ငံတွေကလည်း ​မနိုင်မနင်းဖြစ်နေပြီး ​အဲဒီ ​ဝန်ထုတ်ဝန်ပိုးကို ​ကမ္ဘာ့နိုင်ငံတွေ ​မျှဝေကြဖို့ ​ကုလသမဂ္ဂက ​တိုက်တွန်းပြီးနောက် ​သြစတြေးလျအစိုးရက ​ခုလို ​တုန့်ပြန်လိုက်တာ ​ဖြစ်ပါတယ်။

ABC Radio Australia


0 comments:

Post a Comment