Thursday, October 3, 2013

ကလေးစစ်သားသုံးတဲ့ နိုင်ငံတွေကို အမေရိကန်က ပိတ်ဆို့မှု လုပ်ဖို့ရှိ

ပဋိပက္ခအတွင်း ​ကလေးစစ်သားအသုံးပြုမှုကြောင့် ​မြန်မာနိုင်ငံအပါအ၀င် ​နိုင်ငံ ​၅နိုင်ငံကို ​ အမေရိကန်နိုင်ငံက ​စစ်ရေးထောက်ပံ့မှုတွေနဲ့ပတ်သက်ပြီး ​ဒဏ်ခတ် ​ပိတ်ဆို့မှုတွေ ​ပြုလုပ်သွားမယ်လို့ ​အမေရိကန် ​နိုင်ငံခြားရေး ​ဌာနက ​ပြောလိုက်ပါတယ်။

အမေရိကန်နိုင်ငံအနေနဲ့ ​ဒဏ်ခတ်ပိတ်ဆို့မှု ​ပြုလုပ်သွားမယ့် ​နိုင်ငံ ​၅နိုင်ငံဟာ ​Central ​African ​Republic၊ ​Rwanda၊ ​Sudan၊ ​Syria ​နဲ့ ​မြန်မာနိုင်ငံတို့ ​ပါဝင်ပါတယ်။

အမေရိကန်နိုင်ငံရဲ့ ​ရည်ရွယ်ချက်က ​ကလေးစစ်သားအသုံးပြုတဲ့နိုင်ငံတွေ၊ ​ကလေးတွေကို ​စစ်တပ်ထဲသွင့်းတဲ့နိုင်ငံတွေကို ​သေချာဆန်းစစ်ပြီး ​ရပ်တန့်နိုင်အောင် ​ပြုလုပ်သွားဖို့ဖြစ်တယ်လို့ ​အမေရိကန် ​ကပြောပါတယ်။

A 16-year-old member of a local self-defence formed to fight Kony's ragtag army
Congo နိုင်ငံက ကလေးစစ်သားတစ်ဦး (Credit: Reuters) 

ကလေးတွေကို ​စစ်တပ်ထဲသွင်းပြီး ​ကလေးစစ်သားအသုံးပြုတဲ့ ​တခြားနိုင်ငံ ​သုံးနိုင်ငံဖြစ်တဲ့ ​Chad, ​South ​Sudan ​နဲ့ ​Yemen ​နိုင်ငံ ​တို့ကိုတော့ ​ချွင်းချက်အနေနဲ့ ​ပိတ်ပင်မှုမခံရဘူးလို့ ​အမည်မဖော်လိုတဲ့ ​အမေရိကန် ​နိုင်ငံခြားရေးဌာနက ​တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ ​Congo ​နဲ့ ​Somalia ​နိုင်ငံတွေကိုတော့ ​တချို့တ၀က်ကို ​ဖြေလျော့ပေးလိုက်ပေမယ့် ​တချို့ကိုတော့ ​ပိတ်ဆို့မှု ​ထားရှိနေတုန်းပဲဖြစ်တယ်လို့ ​ဆိုပါတယ်။

ဒါပေမယ့် ​အမေရိကန်နိုင်ငံက ​အခုလို ​စစ်ရေး ​ဒဏ်ခတ်ပိတ်ဆို့မယ့်နိုင်ငံတွေအပေါ်မှာ ​ကူညီထောက်ပံ့မှုတွေ ​ဘယ်လောက်ထိလျော့ချသွားမလဲဆိုတာကိုတော့ ​ရှင်းရှင်းလင်းလင်း ​ဖော်ပြထားခြင်းမရှိသေးဘူးလို့ ​သိရပါတယ်။

ABC Radio Australia



0 comments:

Post a Comment